မူဆယ်-မန္တလေး ကားလမ်းပေါ်ရှိ လားရှိုးမြို့အထွက် AT ချောင်းရေကြီးခြင်းကြောင့် ကုန်စည် စီးဆင်းမှုများ ယနေ့ ပျက်တောက်သွားကြောင်း မြိုခံများထံမှသိရသည်။ မိုး ဆက်တိုက်ရွာသွန်းမှုကြောင့် အဆိုပါ ချောင်း ရေမှာ ယမန်နေ့ ညကဆက်တိုက် မြင့်တက်လာပြီး တံတားကို ကျော်လွန်သွားသည့်အတွက် မူဆယ်-မန္တ လေးသွားလာသည့် ကားများ ဖြတ်သန်းနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အဆိုပါ ချောင်းရေလျှံမှုကြောင့် နက်ဖြန်ကျင်းပမည့် လားရှိုးနည်းပညာတက္ကသိုလ် စားမေးပွဲကိုလည်းမြို တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၃) သို့ ပြောင်းလဲ ကျင်းပမည်ဟုလည်း သိရသည်။ အ ဆိုပါ ချောင်းရေမှာ ယခုနှစ်အတွင်း စံချိန်တင်(၃) ကြိမ်မြောက် ရေကြီးခဲ့ကြောင်းလည်းသိရသည်။ လှေနဲ့ပို့ ပေးနေတယ် ကျောင်းသားတွေ/ လူနာတွေ/ သက်ကြီးရွယ်အိုတွေ/ ခရီးသည်တွေကို ရမခကနေ ကူညီပို့ ဆောင်ပေးနေပါတယ် .ဟု မြိုခံတစ်ဦးကပြောသည်။
0 comments:
Post a Comment