Pages

Monday, September 23, 2013

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအိမ်၊ ကား ရောင်း၍လုပ်နေခြင်းဖြစ်ဟု ဦးအောင်မင်းပြော


ရန်ကုန်- ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အိမ်ရောင်း၊ ကားရောင်းပြီး ပိုက်ဆံစိုက်ကာ လုပ်ဆောင် နေကြောင်း ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင်မီဒီယာများအားပြောကြားလိုက်သည်။

“ဦးအောင်မင်းကို ကြိုက်တဲ့ အချိန်ပိုက်ဆံစစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီးလုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကိုလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးလုပ်နေတာ။ ဘယ်အိမ်တွေ ရောင်းထားလဲဆိုတာ သိချင်သေးတယ်ဆိုရင် ကျွန်တော် လိပ်စာပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင် မြန်မာ့ငြိမ်းချမ်း ရေးပြန်လည် ထူထောင် ရေးဗဟိုဌာန (MPC) တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားအပြီး၌ ပြော ကြားခဲ့ခြင်းလည်းဖြစ်သည်။


ပြည်တွင်းငြိမ်းချမ်းရေးလုပ် ဆောင်ရာတွင်အသုံးပြုရန် ပြည်ပမှ ငွေကြေးအထောက်အပံ့ တောင်းခံမှုမှာ ဆယ်သက်စား မကုန်အောင်ရနေသည်ဟု နောက်ကွယ်မှ အမြင်မှားအောင် လှည့်ကွက်ပြုလုပ်နေသည်ဟု ဦးအောင်မင်းကဆိုသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကျန်းမာ ရေးစစ်ဆေးရာတွင် နှလုံးရောဂါတွေ့ရှိသဖြင့် ရန်ကုန်မြို့ရှိ ၀ိတိုရိယဆေးရုံ၌ တက်ရောက်ကုသမှု ခံယူခဲ့ ရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပြည်ပမှ အထောက်အပံ့များကို စောင့်ဆိုင်းပြီး မလုပ်ဆောင်ဘဲ နိုင်ငံတော်က စိုက်ခံကာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က လည်း တိုက်တွန်းထားဖူးသည်။

လာမည့်အောက်တိုဘာလဆန်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် ငြိမ်းချမ်း ရေးဆွေးနွေးရန် အကြိုသဘောတူညီချက် ရရှိထားပြီးဖြစ်သည်။
 
7 Day News Journal 

0 comments:

Post a Comment