Pages

Friday, September 27, 2013

တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားအုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် ထောင် ၁၀ နှစ်ကျ


ကြာသပတေးနေ့က တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူကို အုပ်စုလိုက် မုဒိမ်းကျင့်မှုဖြင့် တရားရုံးတစ်ခုက ထောင် ၁ဝနှစ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း တရားရုံး အာဏာ ပိုင်များက ပြောကြားခဲ့ သည်။ ၎င်းသားအား တရားခွင် စစ်ဆေးမှုက တရုတ်အထက်တန်း လွှာတို့၏ဘဝကို မီးမောင်းထိုးပြနေခဲ့သည်။

အသက် ၁ရ နှစ် လီထျန်ယီ နှင့် အခြားအမျိုးသားလေးဦးတို့ သည် ဖေဖော်ဝါရီလက ဘေဂျင်း ရှိ ဟိုတယ် တစ်ခု၌ အမျိုးသမီးတစ် ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည် ဟု အတည် ပြုထားသည်။

လီထျန်ယီ၏ဖခင်မှာ တရုတ် စစ်တပ်၏ အနုပညာအကယ်ဒမီ တွင် ဂီတဌာနမှူးဖြစ်ပြီး မျိုးချစ် သီချင်းများ သီဆိုရာတွင် ကျော် ကြားသူဖြစ်သည်။ မိခင်ဖြစ်သူ မုန်းကယ်မှာလည်း ထင်ရှားသည့် အဆိုတော်တစ်ဦး ဖြစ်သည်။ တခြားတရားခံ လေးဦး ကိုလည်း ထောင်ဒဏ် သုံးနှစ်မှ ၁၂ နှစ်အထိ ချမှတ်ခဲ့ကြောင်း တရား ရုံးအာဏာပိုင်များက ပြော ကြားခဲ့သည်။ အယူခံ ဝင်၊ မဝင် ကိုမူ ချက်ချင်းမသိရသေးပေ။ တရားခွင် မစမီကပင် ပြစ်ဒဏ်ချ မှတ်ခံရပါက အယူခံဝင်မည်ဟု လီ ၏မိသားစုက ပြောကြားခဲ့သည်။

Ref-AFP

0 comments:

Post a Comment