တစ်ထောင်တန် ငွေစက္ကူအတုများဖြင့် ငါးသိန်းကျော်တန်ဖိုးရှိသည့် ရွှေထည်အချို့ဝယ်ယူသွားခဲ့သူကို လှိုင် သာယာ ရဲစခန်းမှ ရဲများက စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ လိုက်လံစုံစမ်းရှာဖွေနေသည်ဟု ရန်ကုန် တိုင်း ရဲဌာနက သတင်း ထုတ်ပြန်ထားသည်။
ယင်းနေ့ ညနေ ၆ နာရီကျော်က လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးမှ ဦစိုးလွင်၏ “နန်းထိုက်အောင်” ရွှေဆိုင် တွင် ငွေအတုများကို သုံးကာ ရွှေထည် လက်ဝတ်ရတနာများ ၀ယ်ယူသွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြု ထားသည်။
ယင်းရွှေဆိုင်၏ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ ငွေစက္ကူအတုများဖြင့် ရွှေဝယ်သွားသူမှာ အသက် ၅၀နှစ် ခန့်ရှိသော ခန္ဒာကိုယ်ပိန်၊ အသားညို၊ အရပ်ငါးပေကျော်၊ မျက်နှာသွယ်၊ ထဘီအစိမ်းနုရောင်နှင့် အ င်္ကျီ အစိမ်းနုရောင်နှင့် အပြာစင်းပါ အမျိုးသမီးတစ်ဦး ဖြစ်သည်ဟုလည်း ရဲဌာနက ဆိုသည်။
ထိုအမျိုးသမီးသည် ရွှေဆိုင်သို့ နေ့လည် ၁၂ နာ၇ီ ၅၃ မိနစ်တွင် ရောက်ရှိလာပြီး ရွှေလက်ကောက် နှစ်ကွင်း၊ ရွှေဆွဲကြိုးတစ်ကုံးတို့ ၀ယ်ယူခဲ့ပြီး မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် ထွက်ခွာသွားခဲ့သည်ကို လုံခြုံရေး ကင်မရာ မှတ်တမ်းအရ သိရှိထားသည်ဟု ရဲဌာနကထုတ်ပြန်ထားသည်။
ရွှေထည်ပစ္စည်း တန်ဘိုးငွေကျပ်ခြောက်သိန်းနီးပါးအနက် သူမပေးချေခဲ့သော တစ်ထောင်ကျပ်တန် ငွေစက္ကူ အသေး ၂၃၃ ရွက်မှာ ငွေစက္ကူအစစ် မဟုတ်ဘဲ၊ ရောင်စုံပရင်တာဖြင့် ပြုလုပ်ထားသော ရေစာတံဆိပ်နှင့် ရေစာကြိုးများမပါရှိသည့် ငွေအတုများ ဖြစ်နေသည်ကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိ ထားသည်။
ရွှေထည်ဝယ်ယူခဲ့သည့် ပြေစာတွင်လည်း ၀ယ်ယူသူ အမည်ကို ဒေါ်ချိုချိုမြင့် ၀ါးခယ်မဟု ပေးထားကြောင်း ရဲဌာနက ဖော်ပြထားသည်။ ထို့ကြောင့် ငွေစက္ကူအတု ၂၃၃ ရွက်ကို မှုခင်းတပ်ဖွဲ့သို့ ပို့အပ်စစ် ဆေးလျက်ရှိပြီး ငွေစက္ကူအတုအသုံးပြုသွားသူကို ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု လည်း တိုင်းရဲဌာနမှ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Ref...mizzima
0 comments:
Post a Comment