Pages
Showing posts with label ကချင်သတင်း. Show all posts
Showing posts with label ကချင်သတင်း. Show all posts
Wednesday, May 14, 2014
ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးမည်ဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ကတိပြု
ကေအိုင်အေက ဖမ်းဆီးခြင်း ခံထားရသူများကို ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ မနောကွင်းရှေ့တွင် လာရောက် ဆန္ဒပြသူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်း ကေအိုင်အို နည်းပညာရုံးမှ သိရှိရသည်။
.မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် အဓမ္မ စုဆောင်းခံရသူများ၏ မိဘများက KIO နည်းပညာ အကြံပေးရုံးအဖွဲ့ရှေ့တွင် ဆန္ဒပြ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း အဓမ္မ စစ်သားစုဆောင်းခံရသူများ၏ မိဘများက KIO နည်းပညာ အကြံပေးအဖွဲ့ရုံးရှေ့တွင် မေ ၁၃ ရက် ညနေပိုင်းက ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဆန္ဒထုတ်ဖော်မှုတွင် ဖမ်းဆီးခံရသူများ၏ မိခင်နှင့် ဖခင်များကိုယ်တိုင် ပါဝင်ခဲ့ပြီး လူအင်အား ၂၅ ဦးခန့်ရှိကြောင်း သိရသည်။
ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို UPWC နှင့် KIO တို့ သဘောတူ
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တတိယ အကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။
၁၀မေ ၂၀၁၄ မှ ၁၂မေ၂၀၁၄ ထိကေအိုင်အေ နှင့်စစ်အစိုးရကြားတိုက် ပွဲသတင်းစု စည်းမှု
၁။ KIAရင်း ၂ နယ် မြေ မန်စီ နှင့် မန်ထန်ကြားတိုက် ပွဲမေလ ၁၂ရက် နံနက် ၁၀:၃၀ ခန့် တွင် KIAတပ်မဟာ ၄ ရင်း ၂နယ်မြေ မန် စီနှင့် မန်ထန်ကြားစစ် အစိုးရဘက် မှအ မည် မသိ ရ သောစစ် ကြောင်း တစ် ခု နှင့်မိမိ တို့ ကေအိုင်အေ တပ် ရင်း ၂ တို့  တိုက်ပွဲပြင်းထန် ခဲ့။ စစ်အစိုးရဘက် မှထိခိုက် ကျ ဆုံးမှုများပြား။ တိုက်ပွဲပြီးနောက် ကောင် လင် မန်ဒုန်ဘက်သို့ စစ်အစိုးရ တပ် များဆုပ်ခွာသွားခဲ့ကြ။
ရှမ်း/မြောက် KIA, တပ်မဟာ (၄)ဒေသတွင်KIA,ဦးဆောင်သော ပြည်ထောင်စုတပ်မတော် နှင့် ဗမာအစိုးရ တပ်တို့ ပြင်းထန်စွာတိုက်ပွဲ ဖြစ်နေ
KIO နှင့် မြန်မာ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေး အဖွဲ့ တို့ ယမာန်နေ့ (၁၃.၅.၂၀၁၄)ရက်နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ တိုက်ပွဲ လျှော့ချရေး အတွက်ဆွေးနွေးသဘောတူ အပြီး ယနေ့ တိုက်ပွဲ ပြန်လည် ဖြစ်ပွား နေပြီဖြစ်ကြောင်းသိရှိရပါသည်။
Tuesday, December 10, 2013
က​ချင်​ပြည်​နယ် ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​လူ​ထု ​ထောင်​ချီ​တက်
ဒီ​နေ့​ကျ​ရောက်​တဲ့ ၆၅ ​နှစ်​မြောက် ​အ​ပြည်​ပြည်​ဆိုင်​ရာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ခမ်း​အ​နား​ကို ​က​ချင်​ပြည်​နယ် ​မြစ်​ကြီး​နား​မြို့​မှာ ​ကျင်း​ပ​ခဲ့​ပြီး ​လူ​ပေါင်း​ထောင်​ချီ ​တက်​ရောက် ​ခဲ့​ပါ​တယ်။
နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​တွေ​ကို ​ရန်​ကုန်​အ​ပါ​အ၀င် ​မြို့​ကြီး​အ​တော်​များ​များ ​ကျင်း​ပ​နေ​ပြီး ​က​ချင်​ပြည်​နယ် ​မြစ်​ကြီး​နား​မြို့​မှာ​တော့ ​နောင်​နန်း ​ကျမ်း​စာ​သင်​ကျောင်း​ရှိ ​အေ​ဒီ ၂၀၀၀ ​ခန်း​မ​မှာ ​ကျင်း​ပ​ခဲ့​တာ​ဖြစ်​ပါ​တယ်။
သ​မ္မ​တ ​ဦး​သိန်း​စိန် ​အ​စိုး​ရ​သစ် ​တက်​လာ​ပြီး​နောက် ​မြန်​မာ​တ​နိုင်​ငံ​လုံး​မှာ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​ရ​မှု ​အ​မြင့်​ဆုံး​ဖြစ်​နေ​တဲ့ ​က​ချင်​ပြည်​နယ်​မှာ ​ဒီ​ပွဲ​ဟာ ​ဒု​တိ​ယ​အ​ကြိမ် ​လူ့​အ​ခွင့်​အ​ရေး ​နေ့ ​ကျင်း​ပ​တာ​လို့ ​ဦး​ဆောင်​ပါဝင်​သူ ​တ​ဦး​ဖြစ်​တဲ့ ​ကို​မုန်​ဒန်​က ​ပြော​ပါ​တယ်။
“​ပွဲ​ကျင်း​ပ​ရ​ခြင်း​ရဲ့ ​ရည်​ရွယ်​ချက် ၃ ​ချက်​ရှိ​ပါ​တယ်။ ​တ​ခု​က​တော့ ​လူ့​အ​ခွင့်​အ​ရေး​နဲ့ ​ပတ်​သက်​ပြီး ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​အ​ခု​အ​ချိန်​အ​ထိ ​နှောင့်​ယှက်​မှု​တွေ ​ရှိ​သေး​တယ်။ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ပြော​ဆို​ဆွေး​နွေး​တာ​ဟာ ​ဥ​ပ​ဒေ ​ချိုး​ဖောက်​တာ​မ​ဟုတ်​ဘူး​။ ​ကိုယ်​နဲ့ ​သက်​ဆိုင်​တဲ့​ဟာ ​ပြော​ဆို​ခွင့်​ရှိ​တယ်​ဆို​တာ​ကို ​သိ​ရှိ​နား​လည်​ဖို့​၊ ​နောက်​တ​ချက်​က​တော့ ​က​ချင်​ပြည်​နယ်​မှာ ​ရှိ​တဲ့ ​လူ့​အ​ခွင့်​အ​ရေး​နဲ့ ​သက်​ဆိုင်​လှုပ်​ရှား​မှု​တွေ​မှာ ​ကျွမ်း​ကျင်​ဖို့​ရယ်၊ ​ကာ​ကွယ်​ဖို့ ​အ​ပိုင်း​တွေ​မှာ ​က​ချင်​ပြည်​နယ်​မှာ​ရှိ​တဲ့ ​အာ​ဏာ​ပိုင်​တွေ​နဲ့ ​လူ​ထု​အ​ခြေ​ပြု​အ​ဖွဲ့​တွေ​ကြား ​အ​ချင်း​ချင်း​နား​လည်​မှု​တွေ ​တိုး​လာ​အောင်​ရယ်။ ​အ​ခု​လို ​အ​ခမ်း​အ​နား​လုပ်​တဲ့ ​အ​ခါ​ကျ​တော့ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ရေး​လာ​မယ်။ ​လူ့​အ​ခွင့်​အ​ရေး​ကို ​သိ​မြင်​လာ​မယ်။ ​လူ့​အ​ခွင့်​အ​ရေး​ကို ​ပို​ပြီး​ယုံ​ကြည်​လာ​မယ်။ ​ယုံ​ကြည်​လာ​ရင် ​ကိုယ့်​အ​ခွင့်​အ​ရေး​ကို ​ကိုယ်​တိုင် ​ကာ​ကွယ်​လာ​နိုင်​မယ် ​ထင်​တဲ့​အ​တွက် ​ဒီ​အ​ခမ်း​အ​နား​ကို ​ကျင်း​ပ​ရ​ခြင်း​ဖြစ်​ပါ​တယ်။”
ဒီ​အ​ခမ်း​အ​နား​ကို ​က​ချင်​ပြည်​နယ်​ရှိ ​လူ​မှု​အ​ဖွဲ့​အ​စည်း ၁၂ ​ဖွဲ့​က ​ပူး​ပေါင်း ​လုပ်​ဆောင်​တာ​ဖြစ်​ပြီး ​က​ချင်​ပြည်​နယ် ​လမ်း​ပန်း​ဆက်​သွယ်​ရေး​၀န်​ကြီး ​ဦး​က​မန်း​ဒူ​နော်၊  ​မြန်​မာ​နိုင်​ငံ​လူ့ ​အ​ခွင့်​အ​ရေး​ကော်​မ​ရှင်​က ​လ​ဖိုင်​ဇော်​ဂွမ်း​နဲ့ ၈၈ ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း​က ​ဦး​မြ​အေး​တို့ ​တက်​ရောက်​ပြီး ​မိန့်​ခွန်း ​ပြော​ကြား​ခဲ့​ပါ​တယ်။
၈၈ ​ပွင့်​လင်း​လူ့​အ​ဖွဲ့​အ​စည်း​က ​ကို​မြ​အေး​က​တော့ ​က​ချင်​ပြည်​နယ်​အ​တွင်း​က ​လူ့​အ​ခွင့်​ရေး ​ချိုး​ဖောက်​မှု​တွေ​နဲ့ ​ပတ်​သက်​ပြီး ​အ​လို ဝေ​ဖန်​ပြော​ဆို​ပါ​တယ်။
“​က​ချင်​ပြည်​နယ်​မှာ​က ​စစ်​ရှိ​နေ​တော့ ​စစ်​ဘေး​ဒု​က္ခ​သည်​တွေ​ကိုယ်​တိုင်​က ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​နေ​ရ​တာ​ပဲ​လေ။ ​ဖမ်း​ချင်​တိုင်း ​ဖမ်း​တယ်။ ​ထောင်​ထဲ​ကို ​ထည့်​ချင်​တိုင်း ​ထည့်​တယ်။ ​ကမ်​ဖဲ​ရွာ​ဆို​ရင်​လည်း ​အောင်​မြင်​သာ​ဘက်​ကို ​ပြောင်း​ပေ​မယ့်​လည်း ​ဘယ်​လို​မှ ​အ​ခြေ​ပြု​လို့​မ​ရ​တဲ့ ​အ​ခြေ​အ​နေ​တွေ၊ ​လက်​ရှိ ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​က ​ကြိမ်း​မောင်း ​အော်​ဟစ်​နေ​တဲ့​ဟာ​တွေ ​အ​ကုန်​လုံး ​ကြား​နေ​ရ​တာ​ပဲ။ ​တ​ပြည်​လုံး​အ​တိုင်း​အ​တာ​နဲ့ ​ပြော​မယ်​ဆို​ရင် ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​ခံ​နေ​ရ​တဲ့ ​ပြည်​နယ်​တွေ​ထဲ​မှာ ​တ​ခု ​ပါ​နေ​တာ​ပေါ့​ဗျာ။ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​ဆို​တဲ့​ဟာ​က ​ကျ​နော်​တို့ ​နိုင်​ငံ​မှာ​က ​တောက်​လျှောက်​ရှိ​နေ​တာ​ပဲ။ ​အ​ထူး​သ​ဖြင့် ​စစ်​ဖြစ်​တဲ့ ​ဒေ​သ​တွေ​မှာ ​ပို​ဆိုး​တယ်။ ​လူ​သား​အ​ချင်း​ချင်း​မှာ ​လက်​နက်​ရှိ​သူ​နဲ့ ​လက်​နက်​မဲ့​သူ ​ကြား​မှာ ​လက်​နက်​ရှိ​တာ​တ​ခု​တည်း​နဲ့ ​ဗိုလ်​ကျ​စိုး​မိုး​တဲ့ ​ကိ​စ္စ​တွေ ​ရှိ​နေ​သ​မျှ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​တွေ ​ရှိ​နေ​ဦး​မှာ​ပဲ၊ ​မ​တ​ရား ​ဖိ​နှိပ်​မှု​ဆို​တာ​လည်း ​ရှိ​နေ​မှာ​ပဲ။ ​အဲ​ဒါ​တွေ ​ပျောက်​သွား​ဖို့​က ​စစ်​တွေ ​ချုပ်​ငြိမ်း​ဖို့ ​လို​မယ်။ ​စစ်​ကို ​ချုပ်​ငြိမ်း​အောင် ​ဘယ်​လို ​နည်း​လမ်း​ရှာ​ကြ​မ​လဲ။ ​တိုင်း​ရင်း​သား​တွေ​ရဲ့ ​တန်း​တူ​အ​ခွင့်​အ​ရေး​ကို ​ဖော်​ဆောင်​ပေး​ဖို့​လို​မယ်။ ​အဲ​ဒီ​နည်း​လမ်း​တွေ​ကို ၀ိုင်း​၀န်း​ရှာ​ဖို့​ပဲ ​ကျ​နော်​တို့ ​ကြိုး​စား​ချင်​တယ်​လို့ ​ပြော​ချင်​ပါ​တယ်။”
ပြီး​ခဲ့​တဲ့​နှစ် ၂၀၁၂ ​ခု​နှစ် ​နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့​ကို ​မြစ်​ကြီး​နား​မြို့ ​မ​နော​ကွင်း​ရှိ ​မ​ဂျွယ်​ခန်း​မ​မှာ ​ကျင်း​ပ​ခဲ့​ပ​ပါ​တယ်။ ​ဒီ​နှစ်​မှာ​လည်း​မ​နော​ကွင်း​ရှိ ​မ​ဂျွယ်​ခန်း​မ​မှာ ​ကျင်း​ပ​ဖို့ ​စီ​စ​ဉ်​ခဲ့​ပေ​မယ့် ​က​ချင်​ပြည်​နယ် ​အ​စိုး​ရ​က ​ခွင့်​မ​ပြေု​တဲ့​အ​တွက် ​နောင်​နန်း ​ကျမ်း​စာ​သင် ​ကျောင်း​ရှိ ​အေ​ဒီ ၂၀၀၀ ​ခန်း​မ ​ဆောင်​မှာ ​ကျင်း​ပ​တာ​လို့ ​ပွဲ​စီ​စ​ဉ်​သူ​က ​ပြော​ပါ​တယ်။
အ​လား​တူ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​အ​ထိမ်း​အ​မှတ် ​ဟော​ပြော​ပွဲ​တွေ ​ဆွေး​နွေး​ပွဲ​တွေ​ကို ​ရန်​ကုန်၊  ​မ​ကွေး​၊ ​က​သာ၊ ​လွိုင်​ကော်၊ ​သာ​ဂ​ရ၊ ​ဥ​သျှစ်၊ ​ပေါင်၊ ​က​လေး ​စ​တဲ့​မြို့​တွေ​မှာ​လည်း ​လူ့​အ​ခွင့်​အ​ရေး​လှုပ်​ရှား​သူ​တွေ ​နဲ့ ​အ​ရပ်​ဘက်​အ​ဖွဲ့​အ​စည်း​တွေ​က ​ပူး​ပေါင်း ​ကျင်း​ပ​သွား​ပါ​တယ်။
ကု​လ​သ​မ​ဂ္ဂ​က ​သတ်​မှတ်​ထား​တဲ့ ၂၀၁၃ ​ခု​နှစ် ​နိုင်​ငံ​တ​ကာ ​လူ့​အ​ခွင့်​အ​ရေး​နေ့ ​ဆောင်​ပုဒ်​က​တော့​   “20 Years WORKING FOR YOUR RIGHTS” ​သင့်​အ​ခွင့်​အ​ရေး​အ​တွက် ​ကြိုး​ပမ်း​လုပ်​ဆောင်​ပါ ​ဆို​တာ ​ဖြစ်​ပါ​တယ်။
Friday, December 6, 2013
မြစ်ဆုံစီမံကိန်း ပြန်စလိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ရှိနေ
အများပြည်သူ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ခြင်းများမပြုရန် တားမြစ် ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယင်းကာလနောက်ပိုင်း ပြန်လည်အသက်သွင်းလိုသူများ လွှတ်တော်အတွင်း၌ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးရက်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ နိုဝင်ဘာ ၄ ရက် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘောထားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တွေ့ဆုံမှုတွင် ရပ်တန့်ထားသည့် မြစ်ဆုံစီမံကိန်းကို ပြန်စရန် နည်းလမ်းများ ရှိသည်ဟု မြန်မာလွှတ် တော်ကော်မတီ တာဝန်ရှိသူတစ်ဦး ဆွေးနွေးခဲ့သည်ကို အခြားကော်မတီဝင်သုံးဦးက မဇ္ဈိမသို့ ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်ကော်မတီအဖွဲ့ကို ခေါင်းဆောင်လာသူမှာ မစ္စတာလူဟောင် ဖြစ်ပြီး ယင်းအပေါ် ပြန်လည်ဆွေး နွေးခြင်းမပြုခဲ့ဟု ၎င်းတို့က ဆိုသည်။
“ကျွန်တော်တို့ကော်မတီဥက္ကဋ္ဌက ကော်မတီဝင်တွေရှေ့မှာပဲ မြစ်ဆုံကိစ္စကိုထည့်ပြောလိုက်တာ တရုတ် ဧည့်သည်တွေဘက်က ဒါကိုမျှော်လင့်ပြီး လာတာမဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စ တာလူဟောင်က အေးအေးဆေးဆေးပဲ။ ဒီကိစ္စကို စိတ်ဝင်တစားနဲ့ ပြန်ပြီး ဆွေးနွေးတာမျိုး မရှိဘူး”ဟု ကော်မတီအတွင်းရေးမှူး၊ ချောက် မဲဆန္ဒနယ် ကိုယ်စားလှယ်ဦးသိန်းလွင်က ဆိုသည်။
ထိုသို့ ဆွေးနွေးခဲ့ခြင်းကို အတည်ပြုခဲ့သူတစ်ဦးဖြစ်သည့် ထန်းတပင်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်း ရီကမူ “သူပြောတဲ့အထဲမှာ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတကာနဲ့ ဘေးက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရပ်ခဲ့ရတာဖြစ်တယ်။ ပြန်စချင်ရင် ဒီစီမံကိန်း တကယ်အကျိုးရှိမရှိ၊ သဘာဝပတ်ဝန်းကျင်ကို တကယ်ထိ ခိုက်မှုရှိမရှိ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာလည်းရှိတဲ့ တတိယအဖွဲ့တစ်ခုကို ငှားပြီးမှ စစ်တမ်းတွေ၊ စာတမ်းတွေ ရယူလိုက်ရင် ပြန်စဖို့ ဖြစ်နိုင်ပါတယ်လို့ ပါပါတယ်။ တကယ်လုပ်သင့်တဲ့ အလုပ်ဖြစ်နေရင် နိုင်ငံအတွက်လည်း အကျိုးရှိ နှစ်နိုင်ငံလည်း မိတ်မပျက်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာပါ” ဟု ဆိုသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦလွန်းသီနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသိန်းရီ၊ ဦးသန်းနွယ်၊ ဦးစိုင်းထွန်း အေးနှင့် ဦးရဲထွဋ်ဦး စသူတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ ပြောဆိုခဲ့ခြင်းကို ဥတ္တရသီရိ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမင်းသူကလည်း အတည်ပြုခဲ့ပြီး “ကော် မတီဥက္ကဋ္ဌက လက်ရှိ သမ္မတလက်ထက်မှာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြန်စနိုင်တဲ့ နည်းလမ်းတွေ ရှိပါ တယ်။ မြစ်ဆုံကိစ္စဆိုရင် ပူးပေါင်းဆောင်ရွက်သွားရင် ဖြစ်နိုင်ပါတယ်”ဟု ပြောခဲ့သည်ဟု ဆိုသည်။
တွေ့ဆုံပွဲသည် သဘာဝတ်ပတ်ဝန်းကျင်နှင့် ရှားပါးသည့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဟူသော ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည် ၂၀၀၆ ခုနှစ်တွင် အမှတ်(၁) လျှပ်စစ်ဝန် ကြီးဌာနနှင့် တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် သုံးနှစ်အကြာတွင် လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းကာလ (၁၉၉၇-၂၀၁၁ ခုနှစ်အထိ) ယခု လွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးလွန်းသီက စွမ်းအင် ၀န်ကြီးဌာန၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
အဆိုပါစီမံကိန်းကို သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ၎င်း၏ အစိုးရသက်တမ်း ကုန်ဆုံးချိန်အထိ ရပ် ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ အကြောင်းကြားခဲ့သည်။
Mizzima - News in Burmese
Thursday, December 5, 2013
နံနက်အရုဏ်ဦးတွင် နမ့်လိတ်တောင်တိုက်ပွဲ သတင်း
၎ ရက်နေ့ ဒီဇင်ဘာလ နေ့လည်ခင်းနှင့် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအဆက်အဖြစ် ယနေ့ ၅ ရက်နေ့ နံနက်စောစော ၀၆း၃၀ နာရီတွင်လည်း မြန်မာတပ်ဖွဲ့များက လက်နက်ကြီး ၂ လုံးပစ်ကာ နမ့်လိတ် တောင်သို့ အပြင်းထိုးစစ်တက်လာသဖြင့် တိုက်ပွဲဖြစ်ပွားနေလျှက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအိပ်ပျော်နေမည်ဟု အလစ်အငိုက်ဖမ်းကာ တက်လာသော မြန်မာ တပ်ဖွဲ့တို့သည် တအန်းနှင့်ကချင်တို့ထောင်ထားသည့် ရှေ့ထွက်မိုင်းများ ပေါက်ကွဲကာ မိုးမလင်းသေးမီ အသေအပျောက်အများအပြားနှင့် ဆက်တိုက်ရင်ဆိုင်နေကြရသည်။
ယမန်နေ့ နေ့ခင်း ၁၂း၃၀ ခန့်တွင် နမ့်လိတ်တောင်ကို စတင်ထိုးစစ်ဆင်ရာ အထိနာသဖြင့် ခေတ္တရပ် နားခဲ့ကြသည်။
ထိုနောက် တအန်းနှင့် ကချင်ရှိရာ စခန်းကို ၁၆း၀၀ နာရီခန့်မှစသည့် တိုက်ပွဲမှာ မိုးချုပ် ၁၈း၀၀ နာရီခန့်တွင် ပစ်ခတ်သံများ ပြန်လည်ငြိမ်သက်ခဲ့သည်။ မြန်မာတပ်ဖက်က အထိနာသဖြင့် တောင်ပေါ်သို့ ဆက်မတက်ပဲ နောက်ဆုတ်အနားယူခဲ့သည်။
၎ ရက်နှင့် ၅ ရက်နေ့ ဒီဇင်ဘာလ နမ့်လိတ်တိုက်ပွဲအတွင်း မြန်မာတပ် ၃၀ ခန့် ကျဆုံးပြီး ၂၀ ကျော်ထိ ခိုက်ဒါဏ်ရာ ရရှိမည်ဟု ခန့်မှန်းရပါသည်။ နမ့်လိတ်တောင်၏ ယနေ့အရုဏ်ဦးတိုက်ပွဲမှာ မပြီးသေးပဲ သေနတ်သံ၊ လက်နက်ကြီးသံများ ဆူညံနေဆဲရှိသည်။
ရရှိသည့် တိုက်ပွဲ Update သတင်းများကို ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Invitation to Press Conference: မီဒီယာများအား ဖိတ်ကြားခြင်း
ချစ်ခင်လေးစားရပါသော စာနယ်ဇင်း၊ သတင်းမီဒီယာမှ ညီအစ်ကို မောင်နှမများရှင့်/ခင်ဗျာ
၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသတွင် အခြေစိုက်၍ စစ်ဘေးဒုက္ခသည်များ၏ အရေးကို လပေါင်း ၃၀ကြာ ဆောင်ရွက်ပြီ ဖြစ်သော ၀န်ပေါင်နိမ်ထွဲ (Wunpawng Ninghtoi- WPN) ခေါ် အရပ်ဖက်လူ့အဖွဲ့အစည်းမှ ယခုလတ်တလော ဖြစ်ပေါ်နေသော ကချင်ပြည်နယ်၊ မန်စီမြို.နယ်အတွင်းမှ ပြင်းထန်သောတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စာနယ်ဇင်း၊ သတင်းမီဒီယာများအား အသိပေး တင်ပြလိုပါသဖြင့် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်သတင်း ယူနိုင်ပါရန် ခင်မင်ရင်း နှီးစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (စနေနေ့)
အချိန်။ ။ နံနက် ၀၉၀၀ နာရီ
နေရာ။ ။ အခန်း (၈/စီ)၊ ၈ လွှာ၊ မြေနီကုန်းပလာဇာ၊ မြေနီကုန်းဒဂုံစင်တာနှင့်
ဂမုန်းပွင့်ကြား
စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးအတွက်
ကချင်ငြိမ်းချမ်းရေးကွန်ရက်
တိုက်ပွဲပြင်းထန်သဖြင့် နမ့်လိတ်တောင်မှ (TNLA ) နှင့် (KIA) တပ်ပေါင်းများ ဆုတ်ခွာ
ယမာန်နေ့ ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။
“ တိုက်ပွဲက ပြင်းထန်တယ်။ နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။ တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့” ဟုဆိုပါသည်။
တိုက်ပွဲသည်ခေတ္တ နားနေဟန်ရှိပါသည်။ အစိုးရတပ်များက ကျဆုံး ဒါဏ်ရရသော သူများကို သယ်ထုတ်နေခဲ့ ကြောင်း၊ ဤအချိန်တွင် (TNLA ) နှင့် (KIA) ပူးပေါင်းတပ် များလည်း စခန်းမှ ဆုတ်ခွာခဲ့ပြီး နေရာရွှေ့လိုက်ကြောင်းဆိုပါ သည်။
အစိုးရတပ် များသည် ဆုတ်ပေးခဲ့သော နေရာသို့ တက်ရောက် သိမ်းပိုက်ခြင်း မရှိသေးကြောင်း မိုင်းအန္တရာယ် စိုးရိမ်နေပုံ ရကြောင်း တာဖုန်းကျော်က သုံးသပ်ခဲ့ပါသည်။
အရန်တပ်ကို စနစ်တကျ နေရာယူခိုင်းပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ တိုက်ပွဲများတွင် အကျအဆုံးများ သဖြင့်ရပ် တန့်နေခြင်း ဖြစ်ပါသည်။ ယခုလည်း လူနာများနှင့် အသေ အပျောက်များ ရှင်းထုတ်နေ သဖြင့်တိုက်ပွဲကို ခေတ္တရပ်ထား တာမျိုးဟု ဆိုပါသည်။
(TNLA) ပူးပေါင်းတပ်များသည် ထပ်မံထိုးစစ် ဆင်လာသော အစိုးရ တပ်များကို ချေမှုန်းရန် ပြင်ဆင် ထားပါသည်။ အစိုးရ တပ်များသည် နှစ်ရက်ဆက်တိုက် စစ်ဆင် နေခြင်းဖြစ်သည်။ ဤနှစ်ရက် တိုက်ပွဲသည် အစိုးရဖက်မှ (၃၀)ခန့် ကျဆုံးနိုင်ပြီး (၂၀)ကျော်ဒါဏ်ရာရဖွယ် ရှိကြောင်း အထမ်းသမားများ သတင်းအရ သိရကြောင်း ဆိုပါသည်။
နမ့်လိတ်တောင်သည် မတ်စောင့်သည့် အပြင် တက်ရောက် စစ်ဆင်ရန် ခက်ခဲသည်။ ဤတိုက်ပွဲသည် အမိန့်အရ မလွန်ဆန်နိုင် သောကြောင့် မတိုက်သင့်သော အနေအထားတွင် ရှိသော်လည်း အစိုးရတပ်များ မဖြစ်မနေ စစ်ဆင် တိုက်ခိုက် နေရသဖြင့် အကျအဆုံးများဖွယ် ရှိနေပါသည်။ နယ်မြေအသာစီး ရထားသည့် (KIA) တပ်ရင်း(၈) တပ်ဖွဲ့နှင့် (TNLA) တပ် ရင်း(၁၂) တပ်ဖွဲ့တို့သည် နောက်ထပ် စစ်ဆင်မည့် အစိုးရတပ်ကို နေရာကောင်း ယူပြီးချေမှုန်းရန် ပြင်ဆင်ထား သည် ဟု ဆိုပါသည်။
ယမာန်နေ့တိုက် ပွဲတွင်လည်း မနက်ပိုင်းတွင် အထိနာခဲ့သဖြင့် ညနေပိုင်း တိုက်ခိုက်မှုတွင် အားမပါသလို ဖြစ်လာခဲ့ပါသည်။ ယနေ့မနက်ပိုင်း တိုက်ပွဲသည် အရန်တပ်ဖွဲ့ဖြင့် အင်အား ဖြည့်တင်းပြီး (၄)နာရီခန့် ပြင်းပြင်းထန်ထန် တိုက်ခိုက် လာခဲ့ပြန်ပါသည်။
လေးဖက်လေးတန်မှ စစ်ဆင်လာပါသည်။ အကျအဆုံးများ သဖြင့် ပြန်လည် ငြိမ်ကျသွား ပြန်ပါသည်။ လက်နက်ကြီး ဒါဏ်ကြောင့် ပစ်ကွင်းများ ပျက်စီးခဲ့သဖြင့် (TNLA ) တပ်ပေါင်းများသည် အခိုင်အခန့်ရှိ သောနေရာသို့ ရွှေ့ပြီး ထပ်မံစစ်ဆင် လာမှုကို စောင့်နေကြသဖြင့် ထပ်မံ တိုက်ပွဲဖြစ်ရန် အလားအလာ ရှိပါသည်။
ပလောင်ဒေသ၌ တိုက်ပွဲ ပြင်းထန်နေခြင်းနှင့် ပါတ်သက်၍ ၄င်းတို့ မသိရပါကြောင်း အစိုးရ (၊MPC) အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။ (TNLA) အတွင်းရေးမှူး ကမူ ဤစစ်ဆင်ရေး သည် အစိုးရ၏ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့မှ တိုက်ရိုက် ကွပ်ကဲသော စီမံချက်များဟု ဆိုပါသည်။
တိုက်ပွဲသည် တခြားနေရာ သို့လည်း ပြန့်နှံ့နိုင်ပါသည်။ အစိုးရတပ်များ၏ နောက်ကြောင်းကို စစ်ဆင်လာဖွယ် ရှိလာ မည်ဟု ခန့်မှန်းရပါသည်။
ရွှေဟင်္သာ သတင်းဌာန
ကချင်လွတ်လပ်ရေးတပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဦးတေဇနဲ့ ဘာကြောင့်တွေ့သလဲ
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လုပ်ဆောင်နေသည့် ဦးတေဇအား ဒေသခံ လူထုအကျိုး၊ က ချင်ပြည်နယ်အကျိုးများနှင့်ပါတ်သက်၍ စေတနာ ထားလုပ်ဆောင်ခြင်းများ ရှိ၊ မရှိ KIA က စောင့်ကြည့်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြော
ဆိုလိုက်သည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန် အစိုးရစစ်တပ်အား ငွေကြေးနှင့် အခြားလှူဒါန်းမှု၊ စိတ်ဓာတ်ရေးရာ အားပေးကူညီမှုများ လုပ်ဆောင်ခဲ့ခြင်းအပေါ် မနှစ်သက်ကြောင်း ရန်ကုန် ခရီးစဉ်အတွင်း ဦးတေဇနှင့် တွေ့စဉ် ကချင် ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်ဟု သိရသည်။
“သူ့အနေနဲ့ အစိုးရက တာဝန်ပေးလို့ မြန်မာ့တပ်မတော်ကို တစုံတရာ နည်းပညာတို့ လက်နက်တို့ ရှာပေးတာ ကိစ္စက နိုင်ငံတော်တခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ ဒါက ကျနော်တို့ဘက်က နားလည်နိုင်တယ်။ သို့သော်လည်းပဲ ကချင်ပြည်နယ်ကို တက်လာတဲ့ စစ်ကြောင်းတွေကို တိုက်ရိုက် အကူအညီပေးတာမျိုးတော့ ကျနော်တို့ လက်မခံနိုင်ဘူးလို့ ဒါ အတိအကျ ကျနော် ဒီလိုပဲ ပြောထားပြီး ဖြစ်ပါတယ်” ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။
ဗိုလ်ချုပ် ဂွမ်မော်က ဦးတေဇနှင့် ရန်ကုန်ခရီးစဉ်အတွင်းတွေ့ဆုံခြင်းမှာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း၊ ကချင်ပြည် နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်သည့် လုပ်ငန်းရှင်တဦးအား KIA မှ ကချင်ပြည်နယ်သားများ၏ အကျိုးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဦးတေဇထံမှ ကချင်ပြည်နယ်တွင်း မည်သည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေသည်ကို အချက်အလက်များ တောင်းဆိုထားခဲ့ကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ဧရာဝတီကို ရှင်းပြသည်။
“ကျနော်တို့က လူထုအကျိုးမှာ ဘယ်လောက်ထိ ထိခိုက်မလဲ၊ ပြီးရင် ကျနော်တို့က ဘာတွေ ပြောသင့်သလဲ ဆိုတာ ဆက်ပြီး သူနဲ့ ဆွေးနွေးဖို့ လိုပါတယ်။ လုပ်ငန်းရှင် တယောက်အနေနဲ့ လူထုရဲ့ အကျိုး၊ ပြည်နယ်ရဲ့ အကျိုးကို တကယ် စေတနာ မှန်မှန်ကန်ကန်နဲ့ လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်များဆိုရင် ကျနော်တို့က ဖိတ်ခေါ်မယ်။ အားပေးမယ်။ သို့သော်လည်းပဲ လူထုရဲ့ အကျိုးကို ထိခိုက်မယ်ဆိုရင် ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဗိုလ်ချုပ် ဂွမ်မော်က ဆက်လက်ပြီး “ကျနော်တို့ ကြားသိရတဲ့ တချို့ သတင်းတွေကလည်း ဥပမာ ပူတာအိုဒေသမှာ သူက နေရာတွေ အများကြီး ယူထားတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ တကယ် သူ ယူထားသလား၊ မယူထား ဘူးလား ဆိုတာ ကျနော်တို့က ကာယကံရှင်ကို မေးဖို့ လိုပါတယ်”ဟု ဆိုသည်။
ပူတာအိုဒေသအပါအ၀င် ကချင်ပြည်နယ်တွင်း ဦးတေဇသည် ရွှေ၊ ကြေးနီ အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ Resort အပါအ၀င် နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်သည့် အခြား လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေးနှင့် သယံဇာတ လုပ်ငန်းတချို့ကိုလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
၎င်း၏ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းမျိုး မရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှု ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အရေးကြီးကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။
“ဒီဒေသမှာ ရှိတဲ့ လူထုနဲ့ အတူလက်တွဲပြီး လုပ်ရမှာပါ။ တကယ်ပဲ သူ လူထုအကျိုးအတွက် ပြည်နယ် အကျိုးအတွက် တကယ် စေတနာမှန်မှန်နဲ့ လုပ်မယ်၊ လက်ခံလို့ရတဲ့အချိန်ရောက်ရင် ပြည်သူကလည်း လက်ခံမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ မမှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်မယ်ဆိုရင်တော့ လူထုက လက်ခံမှာ မဟုတ်ဘူး”ဟု ဆိုသည်။
ဆက်လက်ပြီး သူက “တကယ်ပဲ ပူတာအို လူထု တခုလုံးနဲ့ ကချင်တိုင်းရင်းသားအားလုံး အတွက်လား၊ မဟုတ်ရင် သူ့ရဲ့ ကိုယ်ကျိုး စီးပွားလား၊ မဟုတ်ရင် လူတစုကိုပဲ ဖဲ့ပြီး စည်းရုံးနေသလားဆိုတာ KIO ကတော့ အမြဲတမ်း စောင့်ကြည့် နေတာဖြစ်ပါတယ်”ဟု ပြောသည်။
“သူ သတ္တု တူးဖော်ရေးတွေလို လုပ်နေတာရှိတယ်။ ရွှေတူးတာရှိတယ်။ ပြီးတော့ ကြေးနီမိုင်းလေးတွေ အသေးစား ပေါ့။ ကြေးနီးကတော့ သိပ်များ များတော့ မဟုတ်ဘူး။ အဲဒါလုပ်တယ်။ နောက် သစ်တောလုပ်ငန်းတွေ လုပ်တယ်။ ပြီးရင် အခု သူပြောတာကတော့ အခု ပူတာအိုဒေသမှာသူက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သူလုပ်မယ်လို့ ပြောတယ်။ အဲတော့ သူပြောတဲ့ ဟာနဲ့ လုပ်တဲ့ဟာ ကိုက်ညီမှု ရှိ၊ မရှိ ကျနော်တို့ သိဖို့ လိုအပ်တယ်”ဟုလည်း ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
သို့သော် အမည်မဖော်လိုသူ KIO အကြီးတန်း အရာရှိတဦးက ဦးတေဇ၏ ကချင်ပြည်နယ်တွင်း စီးပွားရေး လုပ် ငန်းများသည် ကချင်ပြည်နယ် ဒေသခံများ၏ အကျိုး စီးပွားအတွက် မဟုတ်ပဲ ကိုယ်ကျိုးနှင့် မြန်မာ စစ်ခေါင်းဆောင် တချို့ ၏ အကျိုးအတွက်လုပ်ဆောင်နေသူဖြစ်၍ “ရန်သူတော်”အဖြစ် သတ်မှတ်ကြောင်း ပြောဆိုထားသည်။
KIO အနေဖြင့် ကချင်ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်မှုကိစ္စနှင့် ပတ်သက်ပြီး ယခင်က မြစ်ဆုံစီမံကိန်း လုပ်ဆောင်ခဲ့သည့် တရုတ်နိုင်ငံကိုပင် ကန့်ကွက်စာပို့ခဲ့ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဧရာဝတီကို ပြောသည်။
“မြစ်ဆုံကိစ္စက မြစ်ဆုံစီမံကိန်း စပြီး သတင်းစာမှာ ပါလာကတည်းက ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီကို ဦးတည်ပြီး စာရေးထားသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဆီကိုလည်း ကျနော်တို့က စာရေးထားပြီးသား ဖြစ် တယ်။ ဒီ မြစ်ဆုံဒေသဟာ သမိုင်းကြောင်း အရရော လူထုရဲ့ စိတ်ထဲမှာရော စွဲမြဲနေတဲ့ကိစ္စ၊ ဖျောက်ဖျက်လို့ မရတဲ့ ကိစ္စ ဖြစ်တယ်။ ပြီးရင် တနိုင်ငံလုံးရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့်မို့လို့ မြစ်ဆုံဒေသမှာ ဒီဆည် မလုပ်ဖို့ ကျနော်တို့က ကန့်ကွက်ထားပြီးဖြစ်ပါတယ်။ ဒီကနေ့ထိလည်း ဒီ အယူအဆက ဆက်ပြီး ကျနော်တို့က ထားနေတုန်း ပါ ပဲ”ဟု ပြောသည်။
သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်မြေဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သကဲ့သို့ ၄င်း၏ အကျိုး စီးပွားအတွက် မြန်မာအစိုးရစစ်တပ်နှင့် KIA တို့အကြားတိုက်ပွဲများ ဖြစ်ပွားနေမှုကို ရပ်တန့်စေရေး ပြောဆိုတိုက်တွန်း မှုများ ရှိကြောင်းလည်း သိရသည်။
“သူ့ရဲ့ နယ်စပ်ပြဿနာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကေအိုင်အိုကို တိုက်ပွဲတွေ ချုပ်ငြိမ်းအောင်လုပ်ဖို့ တိုက်တွန်းသ လို မြန်မာအစိုးရကိုလည်း တိုက်တွန်းတာ ရှိတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ပြောဆိုမှုများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခြင်းလည်း ရှိနေသည်။
“ဒီဟာကတော့ တရုတ်နိုင်ငံရဲ့ Interest ပေါ့။ အရေးကြီးပါတယ်။ ဥပမာ တရုတ်နိုင်ငံဟာ နယ်နိမိတ်ချင်း ဆက်စပ် နေတယ်။ အခု အများအားဖြင့် တိုက်ပွဲတွေ ဖြစ်နေတာက တရုတ်နယ်စပ်မှာ ဖြစ်နေတယ်။ အဲတော့ ကျနော်တို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ရှိရင် သူတို့ဘက်ကိုလည်း ပြဿနာတွေအများကြီး ရောက်တယ်”ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောဆိုသည်။
ဧရာဝတီ
SHAR HTAIK BUM MYEN POST HPE LU ZING LA
Wunpawng Mungdan Shanglawt Asuya Dap Ba (1) Up hkang Ginra rai nga ai Pangwa Jinghpaw Mung hte Miwa mung jarit shadaw masat (5 hte 6) lapran Shar Htaik Bum na myen hpyen dap hpe KIA myu tsaw share ninghkring ni December (2) ya shani lu zing madu la kau sai lam shiga na chye lu ai. Myen hpyen hpung ni gaw tat kau ai shanhte a hpyen dap hpe bai lu la na matu ya ten hta laja lana matut manoi htim gasat nga ai lam shiga na chye lu ai. N dai gasat poi hta mung myen maga na ahkyak ai du kaba langai hkrat wa sai lam, hkrat sum mat ai myen hpyen du kaba hpe Helecopter hte wa htaw mat wa sai lam hpe mung na chye lu ai. Myen hpyen ni law law hkrat sum ai lam hpe mung na chye lu ai. KIA myu tsaw share ninghkring ni hta mung hkala ai ni lawm ai lam na chye lu ai. Mungdan kata, shinga shara shagu du nga ai Wunpawng myu sha ni yawng shawng lam majan pa de myu hte mung dan hpe makawp maga nga ai myu tsaw share ninghkring ni a matu ja ja akyu hpyi garum ya nga ga, garum shingtau la sa wa nga ga.
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၁) လက်အောက် ပန်ဝါဒေသ ကချင်ပြည် နှင့် တရုတ်ပြည် နယ်ခြားမှတ်တိုင် (၅ နှင့် ၆) ကြား ချားထိုက်တောင် ဗမာအစိုးရ စစ်တပ်ကို ကေအိုင်အေ မျိုးချစ်ရဲဘော်များမှ ဒီဇင်ဘာ (၂) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေမျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်တို့ကြား ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဗမာစစ်တပ်ကို ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ အရေးကြီး စစ်ဗိုလ်တစ်ဦးကျဆုံးကြောင်း၊ ကျဆုံးသွားသွာ ဗမာစစ်ဗိုလ်၏ အလောင်းကို ဗမာအစိုးရမှ ရဟတ်ယဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းနှင့် တပ်သားအများအပြားလည်း ကျဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော် များဘက်မှလည်း ဒဏ်ရာရရှိသူရှိကြောင်း သိရှိရပါသည်။ ယခုအခါ ဗမာစစ်တပ်မှ လက်လွတ်လိုက်ရသော စစ်တပ်ကို ပြန်လည်ရရှိနိုင်ရန် စစ်အင်အား အလုံးအရင်းဖြင့် ပြန်လည် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
jinghpawkasa
ကချင်ပြည်နယ် ဖိုင်ဘာဆက်ကြောင်း ၂၀၁၄ ခုနှစ်မတ်လ အပြီးသတ်မည်
ကချင်ပြည်နယ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်လျက်ရှိသော မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable ) တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Nexus Network Company က မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable) တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေပြီး လတ်တလောတွင် မိုးညင်း-နန့်စီးအောင်၊ ဟိုပင်-မိုးကောင်း လမ်းကြောင်း များအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မရှိအောင်လည်း စီစဉ် ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။
မိုက်ခရို ဆက်ကြောင်းကိုသာ အသုံးပြုနေရသော ကချင်ပြည်နယ်၌ မိုဘိုင်းလ်ဖုန်း ခေါ်ဆိုရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် ညနေပိုင်း အချိန်များ၌ ဖုန်းခေါ်ဆိုမှု ပိုမိုခက်ခဲကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက တူညီစွာ ပြောကြားသည်။
ယင်း ဖိုက်ဘာ ဆက်ကြောင်း ပြီးစီးသွားပါက လက်ရှိ ကြုံတွေ့နေရသော ဖုန်းလိုင်း မိသော်လည်း ခေါ်ဆို၍ မရခြင်း၊ အဝင်ဖုန်း လက်ခံ၍မရခြင်း စသည့် အခက်အခဲများ ပြေလည်သွားမည် ဖြစ်ပြီး ADSL အင်တာနက်လိုင်းများ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။
မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထိ ချိတ်ဆက်သွားမည် ဖြစ်သည့် အပြင် မြစ်ကြီးနား မြို့ပေါ်တွင်လည်း မိုဘိုင်းလ်ဖုန်း တာဝါတိုင်များ ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးက သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
ကချင်ပြည်နယ် ဖိုင်ဘာဆက်ကြောင်း ၂၀၁၄ ခုနှစ်မတ်လ အပြီးသတ်မည်
ကချင်ပြည်နယ် တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်အတွက် လိုအပ်လျက်ရှိသော မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable ) တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Nexus Network Company က မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်း (Fiber Optic Cable) တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေပြီး လတ်တလောတွင် မိုးညင်း-နန့်စီးအောင်၊ ဟိုပင်-မိုးကောင်း လမ်းကြောင်း များအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
“လုပ်ငန်း အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှု မရှိအောင်လည်း စီစဉ် ဆောင်ရွက်ထားတယ်” ဟု ၎င်းကဆိုသည်။
မိုက်ခရို ဆက်ကြောင်းကိုသာ အသုံးပြုနေရသော ကချင်ပြည်နယ်၌ မိုဘိုင်းလ်ဖုန်း ခေါ်ဆိုရာတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြရပြီး အထူးသဖြင့် ညနေပိုင်း အချိန်များ၌ ဖုန်းခေါ်ဆိုမှု ပိုမိုခက်ခဲကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူများက တူညီစွာ ပြောကြားသည်။
ယင်း ဖိုက်ဘာ ဆက်ကြောင်း ပြီးစီးသွားပါက လက်ရှိ ကြုံတွေ့နေရသော ဖုန်းလိုင်း မိသော်လည်း ခေါ်ဆို၍ မရခြင်း၊ အဝင်ဖုန်း လက်ခံ၍မရခြင်း စသည့် အခက်အခဲများ ပြေလည်သွားမည် ဖြစ်ပြီး ADSL အင်တာနက်လိုင်းများ ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။
မြန်နှုန်းမြင့် ဖိုက်ဘာ ဆက်ကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထိ ချိတ်ဆက်သွားမည် ဖြစ်သည့် အပြင် မြစ်ကြီးနား မြို့ပေါ်တွင်လည်း မိုဘိုင်းလ်ဖုန်း တာဝါတိုင်များ ထပ်မံတိုးချဲ့ တပ်ဆင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးက သတင်း ထုတ်ပြန်ထားသည်။
The Voice Weekly
Monday, December 2, 2013
မိုးညှင်းမြို့သတင်းမီဒီယာအဖွဲ့နှင့်စာနယ်ဇင်းအဖွဲ့အမည်သုံး၍ ပရိဘောကဆိုင်များမှငွေတောင်းခံမှုများ ရှိနေ
ကချင်ပြည်နယ်မိုးညှင်းမြို့တွင် မိုးညှင်းစာနယ်ဇင်းအဖွဲ့ သတင်းမီဒီယာ အဖွဲ့ဟု အမည်တပ်၍ ပရိဘော ကဆိုင်များမှငွေများတောင်းခံနေသောလူတစ်စုရှိနေကြောင်း ၎င်းဆိုင်များမှသိရသည်။
မိုးညှင်းမြို့နယ်စာနယ်ဇင်းအဖွဲ့နှင့် သတင်းဂျာနယ်လစ်များ၊ အွန်လိုင်းမီဒီယာများသည် သက်ဆိုင်ရာဌာန အသီးသီးနှင့်ပေါင်းစပ်၍ ပွင့်လင်းမြင်သာမှုများ ရှိအောင်ဆောင်ရွက်နေသော် လည်းမည်သည့်ဌာန နှင့်ပြည်သူများထံမှ ငွေတောင်းခံခြင်းမရှိခဲ့ကြောင်းစာနယ်ဇင်းအဖွဲ့နှင့်မီဒီယာများအဖွဲ့မှဖြေရှင်းခဲ့သည်။
“ဘယ်တော့မှပြည်သူထံမှာငွေမကောက်မတောင်းခဲ့ပါဘူး၊စိတ်ကူးထဲတောင်မရှိခဲ့ပါဘူး၊ကျွန်တော်တို့က နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင်အဖြစ်ပေးဆပ်မှုတွေအပြည့်နဲ့ပါ၊ ပြည်သူကောင်းစားရင် ပီတိစားတဲ့သူတွေပါ”ဟု စာပေစာနယ်ဇင်းဥက္ကဌဦးထွန်းရီမှပြောခဲ့သည်။
၂၈.၁၁.၂၀၁၂နေ့တွင်မိုးညှင်းမြို့အရှေ့ဘက် ကမ်းအောင်သပြေ ရပ်ကွက်ပိုင် အရန်မီးသတ်ရုံး ဘေးရှိ ခေတ်လိုက် ပရိဘောကဆိုင်မှစတင်၍ စာနယ်ဇင်းအဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့များ ဆီးဂိမ်းသို့ သွားရောက်၍ သတင်းယူရန်ဟုပြောဆိုကာ တစ်ဆိုင်လျှင်ငွေ၁သောင်းကျပ် တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ယင်းဆိုင်များမှသိရသည်။
မြို့အရှေ့ဘက်ကမ်းပရိဘောက ဆိုင်များအားလုံးကို စာရင်းဖြင့်ကောက်ခံသွားမည်ဖြစ်၍ ဦးဆောင်ပြီး ငွေကောက်ပေးရန်ပြောလာသဖြင့် ကြောက်ကြောက်နှင့် လိုက်လံပို့ဆောင်ပေးခဲ့ရကြောင်း၊ မည်သည့်ဌာန၊ အမည်နာမများ မေးရာပြောဆိုခြင်းမရှိခဲ့ကြောင်း ပရိဘောကဆိုင်ရှင်ဦးအောင်စိုးက ပြောသည်။
“ဆီးဂိမ်းသို့သွားတွင် သတင်းယူမည်ဖြစ်၍ ငွေတစ်သာင်းကျပ်ပေးရမည်ပြောလို့ ငါးထောင်သာ ယူပေးရန်တောင်းပန်ပြီးပေးခဲ့ရပါတယ်၊ ဇော်မင်းသန့်လို့ ပြောပြီးဘယ်ဌာနကဆိုတာမသိခဲ့ရပါဘူး၊ လူနှစ်ယောက်လာပြီး တောင်းတာပါ”ဟုငွေတောင်းခံရသူ မိုးညှင်းအရှေ့ဘက်ကမ်းရှိ ဆိုင်ရှင်တစ်ဦးက
ပြောသည်။
“ဘယ်ဌာနကဆိုတာမေးလို့မရပါဘူး။ ကျော်မင်းသန်းလို့နာမည်တော့ပြောခဲ့တယ၊် ၂၉.၁၁.၂၀၁၂ နေ့နံ နက်ပိုင်းမှာ ငွေလာတောင်းသူက အတင်းသူ့နောက်လိုက်ခိုင်း၍ မိုးညှင်းမြို့အနောက်ဖက်ကမ်း တစ်ခုလုံးကို သူနဲ့အတူ လိုက်ခိုင်းလို့ လိုက်ခဲ့တာပါ”ဟု အနောက်ဖက်ကမ်းဆိုင်ရှင် ဦးထွန်းထွန်း မှပြောခဲ့သည်။
မိုးညှင်းသတင်းမီဒီယာအဖွဲ့၏အမည်ကို ခုတုံးလုပ်၍ငွေတောင်းနေသော လူတစ်စုကို မိုးညှင်းရဲစခန်းသို့ ရှာဖွေပေးရန်တိုင်ကြားခဲ့ရာ အမြန်ရှာဖွေပေးမည်ဟုနယ် ထိန်းတာဝန်ခံမှ ပြောခဲ့သည်။
သီဟအောင်(ကချင်)
The Myanma Age
Wednesday, November 27, 2013
သြော်.... လူမျိုးစွဲဝါဒီ မပျောက်သေးတဲ့ မျိုးရိုးက အထက်တန်းစားတွေ တဲ့လား...
မျိုးရိုးက အထက်တန်းစားတွေ ဆိုကတည်းက ကျနော်ဘာကို ဆိုလိုတယ်၊ ဘာကိုပြောချင်တယ် ဆိုတာ အထူးပြောစရာမလိုဘူးထင်ပါတယ်။ ဟုတ်ကဲ့  အဲဒီ..ကျောင်းတွေကမှာ ဆိုရတဲ့  ပဒေသရာဇ် အနံ့မပျောက်တဲ့၊ တဖက်စွန်း အမျိုးသားရေးဝါဒီ သီချင်းကို ပဲပြောတာပါ။
အဲဒီ ဘယ်သူမဆိုချင်တဲ့၊ အော်ဂလီဆန်စရာ သီချင်းကို ကလေးတွေက သီချင်းစာသားတွေ အမျိုးမျိုးပြောင်းပြီး ( “အောက်က မခံဘူးဟေ့…. အမျိုးသားတို့ရေ”….. “မျိုးရိုးက အောက်တန်းစားတွေ” )စသည်ဖြင့် နောက်ပြောင်ဆိုနေတဲ့ ကြားထဲမှာ (ဗမာကျောင်းသား ကလေးတွေ အပါ) မြစ်ကြီးနား၊ အ.ထ.က(၃) က ကိုးတန်းကျောင်းသူ မမယ်ဆာဝေ နဲ့ သူငယ်ချင်းတယောက် ကျောင်းဆယ်ရက် နားခံ ခဲ့ရတယ်။
မနေ့ နဲ့ ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်လေးပါ။ ဖြစ်ပုံက အဲဒီ အ.ထ.က (၃)၊ ကိုးတန်း၊ Eco တွဲ၊ တန်းခွဲ (D)၊ ကျောင်းသူ မမယ်ဆာဝေက သူတို့ဆိုရတဲ့ အဲဒီ တဖက်စွန်းအမျိုးသားရေးဝါဒီသီချင်းရဲ့ အဓိကစာသား တခုဖြစ်တဲ့ “မျိုးရိုးက အထက်တန်းစားတွေ” ဆိုတဲ့ စာသားကို “မျိုးရိုးက အောက်တန်းစားတွေ” ဆိုပြီး မနေ့က နောက်ပြောင် ဆိုခဲ့တာကို သူ့ရဲ့ အတန်းပိုင် ဆရာမ ဒေါ်ဂျွန်မာဘီ က အတန်းထဲမှာ ခေါ်ရိုက်ခဲ့တယ်။ အတန်းထဲမှာ အပြစ်ပေးအရိုက်ခံရ ရုံနဲ့ ပြီးမသွားပဲ အဲဒီကလေးမ နှစ်ယောက်ကို ဒီကနေ့ ကျောင်းအုပ်ရုံးခန်းကို ပို့ပစ်ပြီး ကျောင်း (၁၀) ထုတ်ခဲ့ပါတယ်။ ကျောင်းအုပ်ကတော့ ဒေါ်မြတ်ကေသွယ်ပါ။ ကျောင်းရုံးခန်းရောက်ချိန်မှာလည်း တခြားဘေးက ဆရာမတွေက ကလေးတွေကို ခွင့်မလွတ်နိုင်တဲ့ အမှား ကျူးလွန်သလို၊ နိုင်ငံတော် (အစိုးရနေမှာပေါ့) ကိုပဲ ပုန်ကန်သလို မျိုးပြောဆိုခဲ့ပါတယ်။ ကလေးတွေရဲ့ အုပ်ထိန်းသူတွေက ဆရာမတွေကို တောင်းပန်ပြောဆိုပေမယ့် မခွင့်လွတ်ပေးပဲ ကျောင်းသူလေးတွေကို ကျောင်း (၁၀) ရက် ထုတ်ခဲ့တာ လို့ မြစ်ကြီးနား ဒေသခံ တဦးက အင်ဂွန်ဂျဝါ ကို သတင်းပို့လာပါတယ်။
ဒီအဖြစ်လေးကို ပြန်ကြည့်ရင် ကလေးကို အရှက်ရအောင်၊ နောင်မှာ မတရားမှုတွေ၊ လူမျိုးကြီးဝါဒကို မကြိုက်ပေမယ့် ငြိမ်ခံနေအောင် သင်ပေးတာ၊ ရိုက်သွင်းတာ၊ ကိုယ်တိုင်လည်း တဖက်စွန်းအမျိုးသားရေးဝါဒီကို အားပေးတာလို့ ပဲမြင်မိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ဘယ်သူမှ မဆိုချင် (မြစ်ကြီးနား ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာမ တယောက် ကိုယ်တိုင်ပြောပြတာ)၊ ကျောင်းသား/သူ တိုင်းနောက်ပြောင်တဲ့ အဲ့သီချင်းကို ဘာလို့ အခု မမယ်ဆာဝေနဲ့ သူငယ်ချင်း (ကချင် မျိုးနွယ်စု၊ လီဆူတိုင်းရင်းသူ) ကိုပဲ ဖမ်းမိရသလဲ။ အတန်းပိုင်က အပြစ်ရှိတယ်လို့ယူဆရင် (တကယ်တော့ လုံးဝ အပြစ်မဟုတ်.. တဖက်စွန်းရောက်အမျိုးသားရေး သီချင်းသာ ပြဿနာ) အတန်းထဲမှာ ရိုက်ရုံနဲ့ မပြီးလိုက်ပဲ ကျောင်းရုံးခန်းပို့ပစ်ပြီး ကလေးကို အရှက်ရအောင်၊ အငုံ့စိတ်တွေ ဝင်လာအောင် ကျောင်း (၁၀) ရက်ထုတ်ပြီးအပြစ်ပေးတာကို လုံးဝ ရှုံ့ချပါတယ်။
နောက်ထပ်ပိုဆိုးတာက အဖိနှိပ်ခံရတဲ့ သူအချင်း မရပ်တည်ပဲ၊ ပိုဒုက္ခရောက်အောင်တွန်းပို့တဲ့ အတန်းပိုင် ဆရာမ ဂျွန်မာဘီပဲ။ သူက ကုလား။ ကိုယ့်ကိုကိုယ် သားကောင်ဖြစ်မှုကနေ သက်သာရာကအောင် အနိုင်ကျင့်သူတွေ အားရှိအောင်၊ ပြုကျင့်နိုင်အောင် လုပ်ခြင်းဟာ ကျင့်ဝတ်ပိုင်းအရ လုံးဝ လက်ခံနိုင်စရာမရှိပါ။ ကလေးကို သောက်မြင်ကပ်လို့ပဲဖြစ်ဖြစ်၊ သူ့ဆီ ကျူရှင်မယူလို့ ဒုက္ခပေးတာဖြစ်ဖြစ် အဲ့လောက်အထိ လုပ်စရာမလိုပါ။ ထားပါ… ဒါက ကောက်ချက် သတ်သတ်။
အဓိက ပြောချင်တာက ကလေးကို ကျောင်း (၁၀) ရက်ထုတ်ပစ်တဲ့၊ ကျောင်းအုပ်ဆရာမအပါအဝင်၊ အတန်းပိုင်အစ၊ ပါဝင်အားလုံးက ကလေးတွေရဲ့ မတရားတာကို တော်လှန်တဲ့စိတ်ဓာတ်၊ ရဲရင့်တဲစိတ်ဓာတ်၊ ပျော်ရွင်တတ်တဲ့ ဟာသဥာဏ်စိတ်ဓာတ် (ဟာသ ဥာဏ်ရှိခြင်းဟာလည်း အကြမ်းမဖက် လူထုလှုပ်ရှားမှုမှာ အားကောင်းတဲ့ ကိရိယာ တခုဖြစ်ကြောင်းနောက်များ အချိန်ရ ရင်ရေးပါမယ်) ကို ရိုက်ချိုးပစ်တာ။ ကလေးတွေကို အငုံစိတ်ဝင်အောင် လုပ်ပေးတာ။ တကယ်တော့ ပညာရေး၊ ပညာ သင်ကြားရခြင်းဟာ လွတ်မြောက်မှု ရရှိဖို့ ဖြစ်တယ်။ ဘာအရောင်မှ မရှိသေးတဲ့ ကလေးတွေကို အဲ့လို လုပ်ခြင်းဟာ ကလေးကို အရောင်ဆိုးပစ်လိုက်တာ။ လူမျိုးရေး ပုံစံခွက်ထဲ ကန်ချပစ်တာ။ အဲ့လို အပြစ် ပေးလိုက်ခြင်းကြောင့် ကလေးမှာ ရှက်စိတ်အတူ လူမျိုးရေးမုန်းတီးမှုပါ ကပ်ပါလာနိုင်တယ်။ ဘာလို သူ့ကိုမှ ရွှေးလုပ်ရတာလဲ ဆိုပြီး စသည်ဖြင့်ပေါ့ဗျာ….။ 
ပိုပြီးဆိုးတာကတော့ ကလေးရဲ့ အုပ်ထိန်းသူတွေက တောင်းပန်ပြောဆိုတာကို လက်မခံခြင်းပဲ။ သီချင်းထဲအတိုင်းပဲ အထက်တန်းမျိုးရိုးမှန်ရင်… လာတောင်းပန်တာကို ဘာလို့ မကြေအေးတာလဲ။ ဘာလဲ ထိုင်မ ရှိခိုးလို့လား….။ ခများတို့က ကလေးမလေးဆိုသလို “မျိုးရိုးက အောက်တန်းစားတွေ” လို့ပဲ ဆဲချင်တယ်။
နောက်ဆုံးပြောချင်တာကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေတဲ့ ကျနော်တို့ နိုင်ငံမှာ အဲဒီ လူမျိုး၊ ဘာသာ  တခုတည်းကိုပဲ ရွေးပြီးချီးမြှေက်တဲ့သီချင်းဟာ… စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ စိတ်မလုံခြုံမှု၊ နဲ့ တဖက်က လူမျိုးဝါဒကို ရိုက်သွင်းပေးနေတာကြောင့် (အထူးသဖြင့် အာဇာနည် ဗုဒ္ဓဘာသာ အမျိုး သားတိုင်းပြည်အပိုင်း) မဆိုသင့်တော့ပါဘူး။ ရပ်သင့်ပါပြီ။ လူမျိုးဝါဒ မရှိပါဘူး။ မကျင့်သုံးပါဘူးလို့ ပြော နေတဲ့ ဗမာမိတ်ဆွေများလည်း ဒီကိစ္စကို အလေးအနက်ထားသင့်ပါပြီလို့ ပြောချင်ပါတယ်။
နိုဝင်ဘာလ ၂၆၊ ၂၀၁၃
ည ၁၀နာရီ ၉ မိနစ်
အင်ဂွန်ဂျဝါ
ငြိမ်းချမ်းရေးအတွက် ငွေဒဏ်၊ လက်ပံတောင်း အရေးအတွက် ထောင်ဒဏ်၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် နှစ်ဦးကို ငွေဒဏ်ကျပ် ၁၀၀၀၀ ချမှတ်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထား ရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့အား စမ်းချောင်းမြို့နယ် တရာ ရုံးနှင့် ဒဂုံမြို့နယ် တရားရုံးတို့က နိုဝင်ဘာ ၂၆ ရက် နံနက်က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ပုဒ်မ-၁၈ ဖြင့် တရားစွဲဆို ခံထားရသော ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့ကို မြို့နယ်တရားရုံး နှစ်ရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ငွေဒဏ်တစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့က မြို့နယ်တရားရုံး နှစ်ရုံးတွင် ငွေဒဏ်တစ်သောင်းစီ ပေးဆောင်ခဲ့ကြောင်း သိရသည်။
"အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ငြိမ်းချမ်းဖို့အတွက် ဆန္ဒဖော်ထုတ်တာကို ခွင့်ပြုချက် မရှိလို့ဆိုပြီး စမ်းချောင်းမြို့နယ် တရားရုံးနဲ့ ဒဂုံမြို့နယ် တရားရုံးတို့က ပုဒ်မ ၁၈ နဲ့ ငွေဒဏ်ချမှတ်ခဲ့တယ်။ ငွေဒဏ်ချမှတ်တာပဲ ဖြစ်စေ၊ ထောင်ဒဏ်ချမှတ်တာပဲ ဖြစ်စေ ငြိမ်းချမ်း ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူတွေကို အမိန့်ချမှတ်တယ် ဆိုကတည်းက ပြည်သူ တွေရဲ့ ဆန္ဒကို အစိုးရ အနေနဲ့ လျစ်လျူရှုထားတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဒုက္ခသည် စခန်းမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား၊ ကျွန်တော်တို့ အနေနဲ့ ဆန္ဒပြ တောင်းဆိုတယ်။ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ဟာ ဒုက္ခသည် ပြည်သူတွေရဲ့ တောင်းဆိုချက်ပါပဲ။ ခွင့်ပြုချက်တွေကိုလည်း သက်ဆိုင် ရာကို တောင်းခံခဲ့တယ်။ သက်ဆိုင်ရာက ခွင့်ပြုပေးခြင်း မရှိတဲ့အတွက် နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင် ခွင့်အရ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်တဲ့အခါ အခုလို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို အမိန့်ချမှတ်ခြင်း ခံရတယ်။ ဒဏ်ငွေကတော့ နှစ်ယောက်ပေါင်း လေးသောင်းဆောင်ရပါတယ်" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုမရန်ဂျော်ထွန်းက နိုဝင်ဘာ ၂၆ ရက် နံနက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက်က လက်ပံတောင်းတောင်ကိစ္စ မီးလောင်ဗုံး သုံးစွဲသူများအား ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ခြောက်ဦးအား ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့သည်။ ထို့သို့ ချမှတ်ခဲ့သည့် စီရင်ချက်နှစ်ခုအား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက နိုင်းယှဉ်ကာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြော ကြားခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က "ဥပဒေအရဆိုရင် စွပ်စွဲတဲ့ အကြောင်းအရာက ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ် တာကြောင့်ပါ။ အဲဒီလို ပုဒ်မအတူတူပဲ စွဲဆိုထားတဲ့ ပြစ်ဒဏ်က တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်။ နောက်တရားရုံး တစ်ခုကနေ တစ်မျိုးချတယ်ဆိုရင် တရားစီရင်ရေးမှာ ကွဲပြား တဲ့သဘော ရှိနေတယ်။ လူပုဂ္ဂိုလ်ကို လိုက်ပြီး ပြစ်ဒဏ်ချမှတ်တဲ့ပုံ ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို တရားမျှတမှု ရှိ၊ မရှိ သံသယ ဖြစ်လာနိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးကို ပြည်သူတွေ သံသယ ဖြစ်လာနိုင်တယ်" ဟု ဝေဖန်ပြောကြားလိုက်ပြီး AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် ကတော့ အစိုးရ အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပေး လုပ် ဆောင်နေစဉ် ဖြစ်သောကြောင့် ကချင်ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သူများကို ပေါ့လျော့သော ပြစ် ဒဏ်များ ပေးခဲ့ခြင်းဖြစ်ပြီး ဒီငြိမ်းလင်း အပါအ၀င် ခြောက်ဦးအား ထောင်ဒဏ်ချမှတ် ခဲ့ခြင်းမှာ လက်ပံ တောင်းတောင်နှင့် သက်ဆိုင်သည့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သောကြောင့် အစိုးရ အနေနှင့် တရုတ်ကုမ္ပဏီ အကျိုးစီးပွားအတွက် ကာကွယ်လိုခြင်းကြောင့်ဟု ယူဆကြောင်း ပြောကြားလိုက်ပြီး မြန်မာ့တရား စီရင် ရေးနှင့် သက်ဆိုင်သည့် မမျှတမှုများ၊ လာဘ်ပေးလာဘ်ယူ မှုများမှာ အမည်ဆိုးဖြင့် ကျော်ကြား လှသော်လည်း အစိုးရ အနေနှင့် ယခုအချိန်အထိ ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း ပြောကြားလိုက်သည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ကိုမရန်ဂျော်ဂွန်းနှင့် မမေစံပယ်ဖြူတို့သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒ ပြခဲ့ခြင်းကြောင့် စမ်းချောင်းမြို့နယ် တရားရုံး၊ တာမွေမြို့နယ် တရားရုံး၊ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၊ ပုဇွန်တောင်မြို့နယ် တရားရုံး၊ ဒဂုံမြို့နယ် တရားရုံးတို့တွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။
ယခုလအတွင်း လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို မြို့နယ်တရားရုံး သုံးရုံးမှ ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချခဲ့ပြီး အဆိုပါ ပုဒ်မ ၁၈ ပြင်ဆင်ရန်အတွက် နိုင်ငံရေး လှုပ်ရှားသူများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် အရပ်ဘက် လူ့အဖွဲ့ စည်းများက အစိုးရကို တောင်းဆိုလျက် ရှိသကဲ့သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင် ကိုကလည်း အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့် ပုဒ်မ ၁၈ အား ပြန်လည်သုံးသပ်ရန် တင်ပြခဲ့မှုအပေါ် လွှတ်တော်မှ ပြန်လည်သုံးသပ်မည်ဟု ပြောဆိုနေချိန်တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများအား ယခုလို ထောင်ဒဏ်သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဧရာဝတီ 
အောင်မြင်သာ ရွှေ့ပြောင်းရွာသားများကို လျှပ်စစ်မီး ၂၄ နာရီ တပ်ဆင်ပေးခြင်းပေါ် စိုးရိမ်
 အောက်မြင်သာ ရွှေ့ပြောင်းကျေးရွာ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခမြစ်နှင့် မလိခမြစ် မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံ ကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသော ပြန်လည်နေရာချထားရေး အောင်မြင်သာ စံပြကျေးရွာတွင် နိုဝင်ဘာ လမှစပြီး ချီဖွေရေအားလျှပ်စစ်မှ ၂၄ နာရီ လျှပ်စစ်မီး ရရှိနေပြီဖြစ်သော်လည်း တဖက်တွင် စိုးရိမ်ပူပန် မှုများရှိနေကြသည်။
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ လျှပ်စစ်မီးများပေးလာခြင်း ထောက်ပံ့ဆန်များ ထောက်ပံ့ပေး ခြင်းဖြင့် အောင်မြင်သာရွှေ့ပြောင်းရွာသားအချို့ ၎င်းမြစ်ဆုံစီမံကိန်းပြန်လည်ဆောက်လုပ်ရန် လက်ခံလာ မည်ကို တဖက်တွင် စိုးရိမ်နေရသည်ဟု တန်ဖရဲဒေသခံ လူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ ဒေါ်ခေါန်ဂျာပြောသည်။
“၁ နှစ် ၂ နှစ်ဘဲမြစ်ဆုံရွာ ဒေါင်ပန်ရွာ မြစ်ကမ်းနားတွေမှာနေပြီး မြစ်ဆုံဒေသခံအဖြစ်ခံယူပြီး အခုလိုမီးတွေ ရလာတာ။ ဒီစီမံကိန်းတွေကိုသဘောတူသလိုမြင်နေရတယ် တချို့တွေက မီးလာလို့ပျော်နေကြတယ်။ မီးရ လည်းမပျော်ဘူး မီးနဲ့လည်းထမင်းမချက်စားတတ်ဘူး မီးနဲ့ချက်တဲ့ထမင်းအိုးလည်း ကျမတို့ အတွက်ခက် တယ် ထင်းနဲ့ဘဲချက်စားနေတာ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှစ၍ မီးများဖြန့်ချီပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် တရုတ်စွမ်းအင်ရင်း နှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) လျှပ်စစ်အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ၊ ဘူးဂါးလျှပ်စစ်ရုံးမှ လျှပ်စစ် အန္တရာယ် ကင်းရှင်းရန်အတွက် ဟောပြောပွဲကိုလည်း ပြုလုပ်ပြီး ထိုနေ့တွင် ဒေသခံများအား ၂ လစာ ဆန်များပြန်ထုတ်ပေးခဲ့ကြောင်း ဒေသခံများပြောသည်။
ထိုလျှပ်စစ်မီးသည် ချီဖွေရေအားလျှပ်စစ်မှ တိုက်ရိုက်ပေးခြင်းဖြစ်ပြီး ရေကာတာတည်ဆောက်ရေးအတွက် အကြိုသုံးရန်နှင့် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ရန်အစီအစဉ်များဖြင့် ပေးနေသည့် လျှပ်စစ်မီး ဖြစ်သည်ဟု ဒေသခံများဆိုသည်။
ထိုနည်းတူ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) သည် ကျန်ရှိနေသည့် ရေကာတာ ၆ ခုကို တည် ဆောက်ရာတွင် လျှပ်စစ်မီးများအသုံးလိုခြင်းကြောင့် ချီဖွေရေအားလျှပ်စစ်ငယ်ကို စတင်တည် ဆောက်ခဲ့ ခြင်းဖြစ်ပြီး အောင်မြင်သာရွာသို့ အကြိုပေးနေခြင်းဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ မအားနန် ပြောသည်။
“ကချင်ပြည်နယ်မှာရှိတဲ့ ရေကာတာကနေ လျှပ်စစ်မီးတွေ ရတဲ့အတွက် ကချင်ပြည်သူများကိုအကျိုးရှိစွာ ပေးနိုင်ရင်တော့ ပိုကောင်းတယ် ဆက်ပြီးတည်ဆောက်မယ့် ရေကာတာ ၆ ကို ရပ်တန့်ရန် KDNG က တောင်းဆိုတယ် အခုချိန်မှာ ကချင်ပြည်တွင်းစစ်ဖြစ်ပွားနေတယ် ဒေသခံတွေလည်း ခက်ခဲမှုများစွာနဲ့ ရင် ဆိုင်နေရတယ် မြစ်ဆုံရေကာတာ တည်ဆောက်ဖို့ကိုလုံးဝရပ်တန့်စေချင်တယ်”
လွန်ခဲ့သည့် ၂၀၁၀ မေလမှ စ၍ မေခ-မလိခ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံ ကိန်းကြောင့် ကျေးရွာများအား အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် နေ ထိုင်ကာ ၄င်းတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရကြောင်း ဒေသခံများပြောသည်။ 
kachin news 
Tuesday, November 26, 2013
မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းအချို့တွင် ကူညီပေးရေးအဖွဲ့နှောင့်နှေးမှုကြောင့် ရိက္ခာပြတ်လပ်နေ
မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက်မှ ကချင်ဒုက္ခသည်စခန်း
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Program) မှလစဉ်ကူညီပံ့ပိုးပေးနေသော ကချင်ပြည်နယ် မြစ်ကြီး နားမြို့ရှိ ဒုက္ခသည်စခန်း ၃ ခုတွင် အခြေခံအစားအစာများ ပုံမှန်ရရှိနေသည့်အချိန်အတွင်း ရောက်ရှိမလာသေး သောကြောင့် စခန်းအချို့အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။
ထိုစခန်းများမှာ တပ်ကုန်းနှစ်ခြင်းအသင်းတော်ဒုက္ခသည်စခန်း၊ အင်ဂျန်ဒုန်နှစ်ခြင်းအသင်း တော်ဒုက္ခသည် စခန်းနှင့် စံပြနှစ်ခြင်းအသင်းတော် ဒုက္ခသည်စခန်းများတွင်ဖြစ်ကြောင်းသိရသည်။
“သူတို့ရောက်မလာလို့ဆန်တွေမနက်ဖြန်ကနေစပြီးဝယ်စားရတော့မယ်၊ အကြွေးနဲ့ယူဖို့ ရင်းနှီးတဲ့ အသိဆန်ဆိုင်နဲ့ညှိထားတယ်၊ ထမင်းစားရတော့ မယ်ဆိုတော့ ဘယ်လိုမှမတတ်နိုင်ဘူး ဒီကြားထဲမှာရတဲ့ အလှူငွေ တချို့နဲ့ဖြေရှင်းထားတယ် ဒါလည်းကုန်ပြီလေ” ဟု တပ်ကုန်းရပ်ကွက် စံပြနှစ်ခြင်းအသင်းတော် စခန်း တာဝန်ခံ ဆရာနော်ဆိုင်း ကပြောသည်။
အဆိုပါ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှပံ့ပိုးပေးနေသော အခြေခံအစားအစာများဖြစ်သော ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများနှင့် မြို့ပေါ်ရှိဒုက္ခသည်များက အစားအသောက်အတွက် အမှီပြုစားသောက် နေကြ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ မှစ၍ ပြင်ပမှ ၀ယ်ယူစားသောက်ရမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိ သူများက ပြောသည်။
ထိုသို့ အကူအညီပေးမှုများ အချိန်မှီမရရှိပါကစခန်းတွင် အစားအသောက်ပြတ်လပ်ခြင်း ပြဿနာ ရင်ဆိုင်ရ မည်ဖြစ်ကြောင်း ဆရာနော်ဆိုင်းက ဆက်ပြောသည်။
“လဆန်းပိုင်း ၅ ရက်နဲ့ ၁၀ ရက်ကြားမှာ အချက်အလက်အသစ် လာကောက်ခံတယ် ၁၀ ရက် ကျော် လောက်မှာ ဒုက္ခသည်တစ်ဦးအတွက် ခွဲတမ်းစာလာပေးနေကျဖြစ်တယ်၊ ဒီလက သူတို့ လာပေးနေ ကျအချိန်မှာ ရောက်မလာနိုင်တာ တစ်ပတ်လောက်ရှိနေပြီ၊ အခုထိရောက်မလာသေးဘူးဆိုတော့ အစားအ သောက် ပြတ်သွားတယ်၊ သူတို့ပေးတဲ့အကူအညီကိုပဲ အဓိက မှီခိုစားသောက်နေရတာပါ၊ တခြားက၀င်တာ လည်းမရှိဘူး၊ တချို့စခန်းတွေလည်း ကျွန်တော်တို့စခန်းကို မေးမြန်းလာတာတွေ ရှိတယ်” ဟု ပြောသည်။
ထို့ပြင် ဒုက္ခသည်များသည်လည်း အကူအညီရောက်မလာခြင်းကြောင့် စိတ်ပူပန်နေကြရပြီး၊ ကျောင်းသား များသော အိမ်ထောင်များမှာ ပို၍အခက်ကြုံခဲ့နေရကြောင်း ဒုက္ခသည်စခန်းမှ မိသားစု ၉ ဦးရှိ သူ ဦးလထော်တူး (Slg. Lahtaw Tu) ကပြောသည်။
“အရင်ကကလေးတွေ ကျောင်းသွားဆိုရင် ထမင်းကြော်ပေးလိုက်တယ်၊ အခုဆီမစားရတာတောင် နှစ်ပတ် ကျော်နေပြီဆိုတော့ ဘယ်လိုမှမလုပ်တတ်ဘူး၊ ကလေးတွေကိုလည်းထမင်း ကောင်းကောင်း မကျွေးလိုက်ရ ဘူး၊ အပြင်ထွက်ပြီးပိုက်ဆံရအောင် ဆိုလည်း ဘယ်မှာသွားရှာမယ်မသိတော့ခက်နေတယ်” ဟု ပြောသည်။
နိုဝင်ဘာ ၂၂ ရက်နေ့တွင် မြစ်ကြီးနား ရိုမင်ကက်သလစ် ‘ကရုဏာအဖွဲ့’ မှ တာဝန်ခံတစ်ဦးက စခန်းအတွင်း ရင်ဆိုင်နေရသည့်အခြေအနေများကို အချက်အလက်အသစ် များလာရောက်ကောက်ခံ ရန်ဖြစ်သော်လည်း ၄င်းကလည်း ညွှန်ကြားချက်ရောက်မလာခြင်းကြောင့် စခန်းများတွင် Data အသစ်များ လာရောက် မကောက်ခံ ခဲ့ကြောင်း သိရသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရှိသော ဒုက္ခသည်စခန်းများတွင် ကူညီပေးနေသည့် အဖွဲ့များမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ရုံးအသေးသုံးများ ထောက်ပံ့ပေးနေပြီး၊ WASH အဖွဲ့မှ လစဉ် ကျပ် ၁ သန်းနှင့် OXFAM မှ သန့်ရှင်းရေး အသုံးအဆောင် များနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ အခြေခံအစားအစာများ ထောက်ပံ့ပေးကာ၊ ခရစ်ယာန်အသင်း များက လိုအပ်သောအကူအညီများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရှိ ဒုက္ခသည် လူဦးရေစုစုပေါင်းမှာ ၇၀၀၀ ကျော် ရှိပြီး စခန်းပေါင်း (၂၁)ခုရှိကြောင်းသိရသည်။
Kachin News Group
တရားစွဲဆိုခံရမှုများ အမြန်ဆုံး အမိန့်ချရန် ဒေါ်ဘောက်ဂျာ တောင်းဆို
အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကတည်းက တရားစွဲဆိုထားရာ အမြန်ဆုံး အမိန့်ချပေးရန် ဖားကန့်မြို့နယ် တရားရုံးသို့ ဒေါ်ဘောက်ဂျာက နိုဝင်ဘာ ၂၅ ရက်တွင် လျှောက်ထားခဲ့သည်ဟု သူမ၏ရှေ့နေဦးယော်ထုံက မဇ္ဈိမကို ပြောသည်။
“သူက အပြစ်ရှိတယ်ဆိုရင်တော့ အမြန်အမိန့်ချပေးဖို့ ပြောတယ်။ အချုပ်မှာနေရတဲ့ အချိန်တွေအတွက် နစ်နာတယ်ဆိုပြီး ဒေါ်ဘောက်ဂျာ ပြောတယ်။ ဒီနေ့ ရုံးချိန်းမှာက အဝေးရောက်သက်သေခံချက်နဲ့ ပတ် သက်လို့ တရားဝင် ပြောတယ်”ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေဖြစ်သူ အထွေထွေအုပ်ချုပ်ရေးရုံးမှ ၀န်ထမ်းဦးလှမျိုး ထွန်းက သက်သေထွက်ဆိုရန် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိသဖြင့် အဝေးရောက်သက်သေခံရန် တရားရုံးက ယနေ့ (နိုဝင်ဘာ ၂၅) တွင် လျှောက်လဲခဲ့ကြောင်း ရှေ့နေဦးယော်ထုံက ဆက်ပြောသည်။
လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် ရှေ့နေများဘက်မှ မေးမြန်းလိုသည့် မေးခွန်းများအား စစ်ဆေးပေး မည့် ကော်မရှင်သို့ ပေးပို့ထားပြီး ၎င်းမေးခွန်းများကို ဆားလင်းကြီးမြို့နယ် တရားရုံးတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဦးလှမျိုးထွန်းက အုပ်ချုပ်ရေးရုံးက ၀န်ထမ်းဖြစ်တဲ့အတွက်ကြောင့် ခရိုင်အဆင့်ဆင့်ကနေ ခရီးသွားလာ မှုကို ခွင့်မပြုဘူး။ ဒါကြောင့် အဝေးရောက်သက်သေခံပေးဖို့ပဲ ခွင့်ပြုတယ်”ဟု ဦးယောထုံက ပြောသည်။
ဒေါ်ဘောက်ဂျာကို ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုထားသော်လည်း အမှန်တကယ် နိုင်ငံရေးအမှု နှင့်ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ လွှတ်ပေးရန်တောင်း ဆိုလိုကြောင်း ရှေ့နေဦးယော်ထုံက မဇ္စျိမကို ပြောသည်။
“ခု နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ရှိတယ်။ ဒီထဲမှာလဲ ပါစေချင်တယ်။ အခုက သူ့ကို စွဲထားတာ က ပြစ်မှုပိုင်းနဲ့ သွားထားတယ်။ နိုင်ငံရေးနဲ့ မစွဲတာ၊ ဒါပေမဲ့ နိုင်ငံရေးလုပ်လို့ဖြစ်သွားတဲ့ ကိစ္စဆိုတာ ပေါ် ပေါက်တယ်”ဟု ပြောသည်။
လာမည့်ဒီဇင်ဘာလ ၉ ရက်တွင် တရားစွဲခံထားရသူ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသော လိုင်စင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု (မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ ပုဒ်မ ၃၃) ကို စစ်ဆေးမည်ဖြစ်ပြီး တရား လိုဘက်မှ လျှောက်လဲချက်ပေးရန်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရဲတပ်ဖွဲ့သည် ဒေါ်ဘောက်ဂျာကို ဖမ်းဝရန်းထုတ်ခြင်းမရှိဘဲ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက နေအိမ်၌ဖမ်းဆီးခဲ့ပြီး လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှုနှင့် လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုများဖြင့် တရားစွဲဆိုထားသည်။
Mizzima Burmese