ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက် ဥဿာ ၁၂ လမ်းနေ အသက် ၁၇
နှစ်အရွယ်သာရှိသေးတဲ့ မောင်ချစ်နိုးသူနဲ့ မောင်အောင်ကို ဟိန်း တို့နှစ်ဦးဟာ
ကလေးစစ်သားအဖြစ် စုဆောင်းခံနေရပါတယ်။ဒီကလေးနှစ်ယောက်ဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ခလရ (၅၄၈) နာဘူးတပ်အတွက် စစ်သားအဖြစ် စုဆောင်းခံခဲ့ရတာပါ။ သူတို့ နှစ်ယောက်စလုံးကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် ကိုသီဟနဲ့
ဦးခင်ဇော်တို့က စစ်တပ်အတွင်းကားဆေးမှုတ်ဖို့ ခေါ်ဆောင်သွားတာဖြစ်ပြီး
မော်လမြိုင်မြို့ အမှတ်(၅၂၅ )ထောက် ပို့ တပ်မှာ ကလေးစစ်သားအဖြစ် ပို့ဆောင်သွားတာဖြစ်ပါတယ်။ အခုဒီကလေးနှစ်ယောက်ဟာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် အမှတ်(၁)
စစ်လေ့ကျင့်ရေး ဖောင်ကြီး စစ်သင်တန်းကျောင်းမှာ ရောက်ရှိနေကြပါတယ်။ ကလေးတွေရဲ့ မိဘတွေဟာ အဲဒီ ဖောင်ကြီး စစ်သင်တန်းကျောင်းကို သွားရောက်ပြီး
တာဝန်ခံစစ်ဗိုလ်ကို ခလေးတွေဟာ အသက်မပြည့်သေးကြောင်း ရှင်းပြပြောဆို ပြီးပြန်ထည့်ပေးဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် အဆင်မပြေခဲ့ကြပါဘူး။ဒါကြောင့် ကလေးတွေရဲ့ မိဘတွေဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက
ဦးညိုလင်းမောင် ရဲ့အကူအညီနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO
ကို ဖေဖော်ဝါရီလမှာ တိုင်ကြားခဲ့ ကြပါတယ်။ ဒါပေမယ့် တိုင်ကြားပြီး ၄ လကျော်လာသည့်တိုင် အကြောင်းမထူးလာသေးဘူးလို့သိရပါတယ်။ အခု ကလေးတွေရဲ မိဘတွေဟာ လာမယ့်လမှာ အသက် ၁၈ နှစ်ပြည့်တော့မယ့် ဒီကလေး
နှစ်ယောက်ကို စစ်သင်တန်းပြီးရင် စစ်ထဲသွတ်သွင်းလိုက်မှာ
စိုးရိမ်နေကြပါတယ်ခင်ဗျာ။
၁။ မောင်ချစ်နိုးသူ – ၁၇ နှစ် – မိခင် – ဒေါ်အေးအေးမော်
၂။ မောင်အောင်ကိုဟိန်း – ၁၇ နှစ် – မိခင် ဒေါ်လဲ့လဲ့အေး
မောင်ချစ်နိုးသူ – ကိုယ်ပိုင်အမှတ် – တ/၄၇၆၄၈၆ ( မွေးသက္ကရာဇ် -၁၉၉၆ခုနှစ်)
မောင်အောင်ကိုဟိန်း – ကိုယ်ပိုင်အမှတ် – တ/၄၇၆၄၈၇ (မေးသက္ကရာဇ် – ၁၃၊၂၊၁၃၅၇)
Ref...burmavjmedia.net
0 comments:
Post a Comment