ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့ခွင့်အရေးအထူးကိုယ်စားလှယ် မစ်စတာ တော်မတ် အော်ဂျေ ကင်တာနား( Mr.Thomas
Qjea Quintana) အား လိုင်ဇာမြို့ သို့သွားရန် ကေအိုင်အိုက ခွင့်ပြုသော်လည်း
ပြည်နယ်အစိုးရမှ ခွင့်ပြုချက် မရသည့် အတွက် လိုင်ဇာခရီးစဉ် ဖျက်သိမ်း
ခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါမှ
ဆိုသည်။
`သူ(ကင်တာနား) ကိုယ်တိုင် လိုင်ဇာထိ သွားပြီး
မျက်မြင်ကိုယ်တွေ့မြင်ရင်တော့ ကုလ ရဲ့လုပ်ဆောင်ချက် တွေက
ပိုပြီးမြန်လာမှာပေါ့။ အခုသူမသွားနိုင်တော့ ကေအိုင်အိုအနေနဲ့ရော၊
ကေအိုင်အို အလုပ်အဖွဲ့ အ နေနဲ့ရော၊ စစ်ဘေးဒုက္ခသည်တွေကိုယ်စားပါ စိတ်မကောင်းဘူး။´ဟု ဆရာဒေါင်ခါကဆိုသည်။
မစ္စတာ ကင်တာနားမြန်မာနိုင်ငံသို့လာရောက်သည့်အကြောင်းအရင်းမှာ ကုလသမဂ္ဂအ ထွေထွေညီလာခံ တွင် တင်ပြရန် အစီရင်ခံစာ လာရောက်ပြင်ဆင်နေခြင်းဖြစ်သည်။ လိုင်ဇာသို့သွားခွင့်မပြုခဲ့သည်
့အ ကြောင်းအရင်းကို မစ္စတာ ကင်တာနားမှ ရှင်းရှင်းလင်းလင်း မသိရှိရသောကြောင့် ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း
သိရသည်။
`မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြအနေကို အခုမပြောသေးဘူး နောက်ပိုင်းသတင်းစာ ရှင်းလင်းပွဲမှ ပြော မယ် ´ဟု မစ္စတာ ကင်တာနားကဆိုသည်။
ကင်တာနားသည် ယနေ့ နေ့လည်းပိုင်းတွင် ရောက်ရှိလာပြီး ကချင်ပြည်နယ်အစိုးရနှင့် ကေအိုင်အို အ လုပ်အဖွဲ့ဝင် အသင်းနှင့် တွေ့ဆုံခဲ့သည်။ မနက်ဖြန် သြဂုတ်လ ၁၅ ရက်နေ့တွင်မြစ်ကြီးနားမှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ကချင်နှင့် ရခိုင်ပြည်နယ်သို့သွားရောက်ခြဲ့
ပီဖြစ်ပြီး ရှမ်းပြည်နယ်နှင့် မိထ္တီလာ မြို့ တွင် သွားရောက်အုန်
းမည် ဖြစ်ကြောင်းလည်းသိရသည်။
Ref...Kwave
0 comments:
Post a Comment