Pages

Monday, August 12, 2013

မြန်မာတစ်ပြည်လုံးက ဥပေက္ခာပြုထား ခံရတဲ့ ကချင်ဒုက္ခသည်များ အရေး မအေးသေး



  တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် နှစ်အတော်ကြာ နေရပ်စွန့်ခွာနေရသော .မြစ်ကြီးနားမြို့ပေါ်ရှိ ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းသို့ သြဂုတ် လ ၁၀ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာခဲ့  ရာတွင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိကြောင်း ယင်းဒုက္ခသည်များက တူညီ စွာ ပြောဆိုသည်။သို့သော် ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများအတွက် ဒုတိ ယ သမ္မတနှင့် အလှူရှင်များက ကျပ်သိန်း ၂၉၀ ကျော် လှူဒါန်းခဲ့ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

အသက် ၆၀ ကျော်အရွယ် ကချင်ဒုက္ခသည် အမျိုးသမီးက“ဒု (ဒုတိယ) သမ္မတက လိုအပ်တာတွေလှူပြီး ဒီမှာပဲ နေခိုင်းတော့မယ် ထင်တယ်” ဟုဆိုသည်။

ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းတွင် ဒုတိယသမ္မတသည် ၃၅ မိနစ်ခန့်ကြာ လာရောက်ခဲ့သော်လည်း တရားဝင်အမှာစကား ပြော ကြားခြင်း မရှိပေ။ ယင်းဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်ကမူ “ဆောင်းတွင်းအမီ ပြန်မလား၊ လိုအပ်တာယူမလား မေးတယ်။ ဒုက္ခသည်တွေက အိမ်ပြန်မယ်လို့ ဖြေတယ်” ဟု ပြောကြားသည်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များကို ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။

Ref...The Voice Weekly

0 comments:

Post a Comment