ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ နေ့အပူချိန်က မိုးရာသီဟုပင် ခေါ်ရခက်သည်။
ရောင်နီလာချိန် ခဏ အ တွင်း သွန်းဖြိုးခဲ့သော မိုးစက်မိုးမှုန်တို့၏
အရိပ်အငွေ့များကို နေရောင်ခြည်ပြင်းပြင်းက ဖယ်ရှားထားပြီးဖြစ် သည်။ လှုပ်ရှားနေကြသော လူငယ်များ၏
နဖူးပြင်များတွင် ချွေးစက်တို့က မည်မျှ ပူလောင်သည်ကို သက် သေပြလျက်။
မန်ခိန်အထက်တန်းကျောင်းဆောင် သစ်ဖွင့်ပွဲသို့ တက်ရောက်လာသော
ဘင်ခရာအဖွဲ့တို့၏ လက်သံကတိုးလိုက် ကျယ်လိုက်ဖြင့် တဖြည်းဖြည်းဝေးသွား
ပြီဖြစ်သည်။ ဖွင့်ပွဲအခမ်းအနား ပြီးစီးသွား သည့် အချိန်က မွန်းလွဲ ၁ နာရီခန့်။ သို့သော် ခမ်းနားစွာ တည်ဆောက် ထားသည့် ယာယီမဏ္ဍပ်က ကျောင်းရှေ့ အလယ်တွင်
ဒေသခံကျောင်းဆရာများ နှင့် လူကြီးလူငယ် အချို့ရှိနေသေးသည်။
ထိုသူများ အနီးတွင် အသက် ၈၆ နှစ် အရွယ် ကချင်အဘွားအိုတစ်ဦးသည်
ဖိုင်ဘာနောက်မှီခုံ၌ ထိုင်နေသော်လည်း လက်စွဲတော် တောင်ဝှေးကို ကတုန်
ကယင်လက်များက အလွတ်မပေး။
နေ့လယ်၏ အပူဒဏ်ကို ကြံ့ကြံ့ခံ
ဆဲဖြစ်သော်လည်း မျက်ဝန်းအစုံသည် သူမ၏ အသက် ၁၉ နှစ် အရွယ် ခန့်က
ပုံရိပ်တို့ကို ဖျောက်ဖျက် မရသေးကြောင်း နုတ်တိုက်ထွက်ပေါ်လာသောကချင်သံဝဲဝဲ
စကားသံ များက ထင်ဟပ်နေပြန်သည်။ ''ဗိုလ်ကြီးက လွတ်လပ်ရေးရဖို့အ
တွက် ဗမာတွေချည်းပဲလည်း မဖြစ်ဖူး။ ကချင် တွေချည်းပဲမဖြစ်ဖူး။ ဒါကြောင့်
အားလုံးလက်မှတ်ထိုးပေးဖို့လာ တိုင်ပင်တာလေ'' ဟု သူမက မြန်မာ ပြည်လွတ်
လပ်ရေးမရမီ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်က အတွေ့အကြုံကို အသက်ဝဝရှုရှိုက် ပြီး ခေါင်းမော့ကာ အားတင်း၍ ဆိုသည်။ သူမအနေဖြင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ဗိုလ်ကြီးဟုပင် ရင်ထဲရှိ သည့်အတိုင်းခေါ်ဆိုကြောင်း သက်သေ ပြလိုက်သည်။
ထိုအချိန်က သူမသည် ကချင်လုံ မပျိုလေး မခေါန်ရော် ဖြစ်မည်။ ယခုမူ ရင်ထဲမှ
ထွက်ပေါ်လာသော အမှတ်တရ များကို ပျိုမျစ်နုနယ်စွာ မပြောနိုင်တော့ သည့်
အဘွားဒေါ်ခေါန်ရော် ဖြစ်လို့နေ ပြီ ဖြစ်သည်။ ''ကျည်းပေါင်းလည်းရှိတယ်။ သွေး တိုးလည်းရှိနေပြီ နည်းနည်းတော့ လမ်း
လျှောက်လို့ရနေသေးတယ်'' ဟု သူမ ရင်ဆိုင်နေရသော လူကြီးရောဂါတို့ကို
တိုတိုနှင့်လိုရင်းသာ ပြောနိုင်သည်။ သို့ သော်အဘွား ဒေါ်ခေါန် ရော်၏ စကား
လုံးတို့က အနီးအနားထိုင်နေသူအားလုံး ကြား ပီပြင်စွာကြားနိုင်လိမ့်မည်မဟုတ်။
အတိတ်။ ထိုအတိတ်သည် အဘွား ဒေါ်ခေါန်ရော်အဖို့ အတန်ကြာ ပြန်စဉ်း စားနေရသည်။
သူမ၏ စဉ်းစား တွေး တောနေဟန်ကသမိုင်းပုံရိပ်တို့ကို လက် လွတ်စပယ်
ထွက်မသွားလိုဟန်ရှိသည်။ ထွက်လေဝင်လေ နှင့် ထွက်အံ့ဆဲဆဲအသံ တို့ကို
နှလုံးခုန်သံစည်းချက်တို့ဖြင့် တိုင်း တာပြောနေရသည်မှာ သေချာသည်။
ကချင်တိုင်းရင်းသူပီပီ ဗမာစကားကို ဆိုနေရခြင်းဖြစ်သည့်အတွက် စကားလုံးများက ပီပြင်မှုအားနည်းလှ၏။
''ကျွန်မတို့က ဗိုလ်ကြီးရောက်လာ တော့ ဟိုနားလေးကကျောင်းဆောင်မှာ
ဧည့်ခံဖို့ ထမင်းချက်နေရတယ်။ ဆရာမ တွေလည်းပါတာပေါ့''ဟု မရှိတော့ပြီဖြစ်
သောမန်ခိန် ကျောင်းဆောင်ဟောင်းနေရာကို လက်ညှိုး ညွှန်ရင်း အတိတ် ဟောင်းကို
ပြန်ပြောင်းပြောပြရှာသည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ တို့၏ သွေးခွဲနေမှုကို တားဆီးနိုင်ရန်နှင့်
လွတ် လပ်ရေးကြိုးပမ်းမှုအတွက် ကချင်ပြည် နယ် မြစ်ကြီးနားမြို့ သို့
မြေပြန့်မှ တောင်ပေါ်ဒေသသို့သွားရောက်ခဲ့သည်။ ထို့ပြင် နိုဝင်ဘာလ
၃ဝရက်နေ့တွင် မြစ်ကြီးနားမြို့ နှင့် ၅ မိုင်ခန့်ကွာဝေးသော အဘွား
ဒေါ်ခေါန်ရော်တို့ နေထိုင်ရာ မန်ခိန် အထကကျောင်းသို့
ရောက်ရှိခဲ့ ကြောင်းသမိုင်းဝင်စာမျက်နှာများနှင့် ဓာတ်ပုံတို့ က
အထင်အရှားပြသနေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ဒေသခံများဖြစ်သည့် ဆမားဒူးဝါးဆင် ဝါးနောင်၊ ဒူးဝါးဇော်လွန်း၊ ဒူးဝါး ဂါမ်မ
ရင်ဂမ်၊ ကျိန်ထောင်ဒူးဝါးဇော်နော်၊ ဒူး ဝါးကရိန်နော်၊ ဆလန်လထော်နော်၊
ဆလန်ကရင်လ၊ ဆလန် လခန်းတန်၊ ဆရာလဂျီယော်၊ ဆလန်လော့ခွမ် ဘောက်နှင့်
ဒူးဝါးဇော်ယစ်တို့နှင့် လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
''ဗိုလ်ကြီးက ပေါင်းစည်းမှ ရမယ် ပေါ့။ ဒူးဝါးတွေက သူပြောတာကို ချက်
ချင်းနားမလည်ကြဘူး။ သူကလည်းလုပ်ချင်တာကိုပဲ လုပ်ဖို့ပြောနေတဲ့ အသံ
မျိုး''ဟုအဘွားဒေါ်ခေါန်ရော်က ထမင်း ချက်ခန်းအဝမှ သူမမြင်တွေ့ခဲ့ရသည့်
အခြေအနေကို ပုံရိပ်ထင်အောင် ပြော ပြနိုင်သေး၏။
စကားလုံးများကိုအားယူကာ ပြောပြနေသော်လည်း အဘွား၏ ညာလက် က တစ်ချက်တစ်ချက်
လက်သီး ဆုပ် ကာ မြောက်တက်လိုက် ပြန်နှိမ့်လိုက်ဖြင့် လွန်ခဲ့သည့် ၆၇ နှစ်က
မန်ခိန်ကျောင်း ဆောင်၏ အစည်း အဝေးခန်းမမှ ဗိုလ်ချုပ်၏ စကားပြောနေသည့်ဟန်ကို
ထင် ဟပ်စေသည်။ အဘွားအိုသည် သူမ၏ လှသွေး ကြွယ်နေသည့် ၁၉ နှစ် အရွယ်
ကိုတစ်ပတ် လှည့်ပြန်ရောက်သွားသည့် အလား ပြောလက်စ စကားဆုံး သည့်အခါ ညာလက်ကို
ပေါင်ပေါ်ပြန်တင်၍ အသံထွက်ကာ ရယ်ပြသည်။ ၎င်း၏ အပြုံးသည် မျက်ဝန်း တို့ကိုပါ
ကြည်လင် တောက်ပလွန်းပြီး မျက်နှာပေါ်မှ တွန့်ကျေနေသောအရေပြားလွှာများကို ခဏတာ အန်တုသွားကြောင်း သိသာလှ၏။
သို့သော် ၎င်း၏ နိုင်ငံရေးအပေါ်
စိတ်ဝင်စားမှု မရှိကြောင်းကို ''ကျွန်မ လည်း စိတ်မဝင်စားတော့ ဘာတွေ
ဆက်ပြောနေတယ် ဆိုတာတော့ မသိပါဘူး'' ဟုပွင့်ပွင်းလင်းလင်း
ပြောရှာသည်။ ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ဆမားဒူးဝါး
များ၊ စစ်ဗိုလ်ဟောင်းများနှင့် ကချင် အမျိုးသားခေါင်းဆောင် ၃ဝ ခန့်ပါဝင်
ဆွေးနွေးခဲ့သည်။
အစည်းအဝေးခန်းမှ ထွက်လာသော ဗိုလ်ချုပ်သည်
ကချင်ပြည်နယ် ရောက် အမှတ်တရအဖြစ် ကချင်အမျိုး သမီးများနှင့်
အမှတ်တရဓာတ်ပုံရိုက်ချင် သည်ဟုဆိုကြောင်းအဘွားက ဆိုသည်။ ''ဗိုလ်ကြီးက ကချင် ဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်မယ်ဆိုတော့ ဒူးဝါးတွေက ခေါင်းပေါင်းတွေ၊ ဝတ်စုံတွေကို လှယ်ပြီးပေးရတယ်''ဟု သူမက အတိတ်ဟောင်းကို
ပြန်ပြောပြရင်း ကချင်ခေါင်းဆောင်များ က နောက်ပြောင်ကျီစယ်သည့်စကား ကို
မှတ်မှတ်ရရ ဆိုပြန်သည်။ ''ဗိုလ်ကြီးက ကချင်အမျိုးသမီး
တွေနဲ့ဓာတ်ပုံရိုက်တယ်ဆို ဒေါ်ခင်ကြည် စိတ် ဆိုးမလားမသိဘူးနော်လို့ ဘေးကနေ ကြည်စယ်လိုက်တော့ ဗိုလ်ကြီးက ရယ်တယ်လေ''ဟု အဘွားက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းအသက်ရှင် နေထိုင်ခဲ့စဉ်ကာလအတွင်း အပြုံးဖော်ထားသော
ဓာတ်ပုံကို တွေ့ရခဲသည် ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ရှိ မန်ခိန်ကျောင်းသို့ ရောက်ရှိစဉ် ပြုံးရယ် ပြနေသော
ဓာတ်ပုံကို ခေတ်ဟောင်း ဓာတ်ပုံဆရာကြီးများ က ပုံဖမ်းနိုင်ခဲ့ကြောင်း
သိသာသည်။ ယင်း ဓာတ်ပုံမှာ သတင်းစာဆရာဦးပုက လေးရိုက်ခဲ့သော မှတ်တမ်းဓာတ်ပုံဖြစ် ကြောင်း ၁၉၄၆ ခုနှစ်နှောင်းပိုင်း က ထုတ်ဝေခဲ့သည့် ဒီးဒုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည်။
ဗိုလ်ချုပ်နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သော ကချင်တိုင်းရင်းသူများ မှာ
ဆရာမဒေါ်ဂေါ်လူထု၊ ဒေါ် အယ်လ် နန်းဆိုင်း၊ ဒေါ်အင်ခွန်ဘောက်၊ ဒေါ်ခေါ်န် ရော်၊
ဒေါ်ဂျာဘောက်နှင့် ဒေါ်အယ်လ် နေမ္မရာတို့ဖြစ်ပြီး လက်ရှိတွင် အသက်ရှင်နေထိုင်ခဲ့သူမှာ ၎င်းသာကျန်ရှိတော့သည်ဟု အဘွား ဒေါ်ခေါ်န်ရော်က
ကွယ်လွန် သွားသူများ၏ အမည်များကို ကချင်တိုင်းရင်းသူ အသံဖြင့်ဆိုပြန်သည်။
သူသည် မျက်ဝန်းကို မှိတ်လိုက်၊ ဖွင့်လိုက်ဖြင့် အတန်ကြာစဉ်းစားကာ
ပြောခြင်းဖြစ်သည်။ သို့သော်တိုင်းရင်း သူအချင်းချင်း လွမ်းဆွတ် နေသည့်ဟန်က မပျောက်။
''ဓာတ်ပုံရိုက်မယ်ဆိုတော့ ကျွန်မ ကလည်း ပြေးဝင်လိုက်တယ်။ ဓာတ်ပုံ ဆရာက
ဗိုလ်ကြီးပြုံးနေတဲ့အခါ ရိုက်လိုက်တော့ကျွန်မကသူ့နောက်မှာ ကွယ်
သွားတယ်''ဟု ဓာတ်ပုံထဲတွင် ဗိုလ်ချုပ် ၏ နောက်၌ ရှိနေ ရသည့် အချိန်တခဏကို
ရှင်းပြသည်။ အဘွားအိုသည် မိမိ၏ မိသားစုကိုပင် မှတ်မိနိုင်ရန် မေးခွန်းမေး
ရမည်အချိန်သို့ ရောက်ရှိနေပြီဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့်
အမှတ်တရ ဓာတ်ပုံတွဲရိုက်ခဲ့သည့်နေ့ကို တိတိကျကျ ပြောပြရန် မှတ်ဥာဏ်တို့က
အားကိုးမရ တော့။ ဗိုလ်ချုပ်၏ ကချင်ပြည်နယ်ခရီးစဉ် တွင် အဆိုပါဓာတ်ပုံသည်
ကချင်တိုင်း ရင်းသားများအတွက် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေပြီဖြစ်သည်။
၎င်းဓာတ်ပုံသည်မန်ခိန် အထက်တန်းကျောင်း၏ ကျောင်း အုပ်ကြီးရုံးခန်းတွင်
ဖုန်မှုန့်များ တက်နေသော်လည်း ကချင်ဒေသခံတို့ က မမေ့။
ဗိုလ်ချုပ် လာရောက်ခဲ့ သည့်ကျောင်းဟု အမှတ်တရစကားလုံးများ ဝံ့ကြွားစွာပြောရဲဆိုရဲရှိသည်။ ဒေါ်ခေါ်န်ရော်ကတော့ ဤသို့မဆို။
''ကျွန်မကတော့ ဘာမှန်းမသိဘူး။ ဂုဏ်ယူဖို့လည်းမသိဘူး။ အရင်ကလည်း ဒီလိုပဲ။
ခုလည်း ဒီလိုပဲ'' ဟု အ ဘွားအို က သူမ၏ ရင်ထဲခံစားမှုကို ပွင့်လင်းစွာ
ပြောသည်။ ယင်းစကားကို မည်သို့ပင်မေးမေး တစ်မျိုး တည်းသာ ဖြေသည်။ ထို့ကြောင့်
သူမ၏ အနီးဝန်းကျင်မှ ဆရာမများနှင့် ဒေသခံတို့ကရယ်မောကြသည်။
သို့သော် ထိုရယ်မောသံများကိုသူမက နားလည် ဟန်မပြ။ မမှိတ်မသုန်ဖြင့်သာ
ရင်ထဲမှ စကားကို အမှန်အတိုင်းပြောဆိုခြင်း ဖြစ်သည်။ သူမ၏မျက်နှာတည်ကြည်မှု
ကြောင့် ရယ်သံများက မကြာပါ။ ခဏအ တွင်း လေဟာနယ်ထဲ
ပျောက်ကွယ်သွား၏။ ''ဓာတ်ပုံက ဘယ်သူယူလာတာ လည်းတော့မသိဘူး။ ကျွန်မ တို့က
ပြန်ကူးယူထားတယ်။ ဓာတ်ပုံမှာပါလာတဲ့ လက်မှတ်ကလည်း ဘယ်သူရေးထားမှန်းမသိ ဘူး''ဟု အဘွားအိုက ၎င်းတို့ ကူးယူ ထားသော ဓာတ်ပုံ၏အောက်မှ
အမှတ် အသားပြုထားသည့်လက်မှတ်အင်္ဂလိပ် အက္ခရာကို လက်ညိုးညွှန်ကာ ထပ် လာင်းဆိုသည်။ ယင်း အက္ခရာမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော
''အောင်ဆန်း''ဟူသည့် လက်ရေးမူ ဖြစ်သည်။
၁၉၄၆ ခုနှစ်တွင်
ဗိုလ်ချုပ်အောင် ဆန်းနှင့် သမိုင်းဝင် ဓာတ်ပုံ ရိုက်ခဲ့ပြီး နောက်ပိုင်း
ကချင်သူ ၆ ဦးမှ ၄ ဦး သည် အချိန်၏တိုက်စားမှုကြောင့် ခရစ်တော်၌
ကောင်းမွန်စွာအိပ်စက် အနားယူခဲ့ကြသည်ဟု အဘွား ဒေါ် ခေါ်န်ရော်ကမှတ်မိ
သမျှ ပြန်ပြောပြသည်။ ထို့ပြင် ၁၉၈၉ ခုနှစ်တွင် သမိုင်းစာမျက်နှာတစ်ခု
ပြန်ဖြစ်ခဲ့သည် ကိုလည်း သူမက စိတ်မဝင်စား။
''စုကြည်က ၈၉
ခုနှစ်မှာ ဒီကို ရောက်လာတယ်။ နိုင်ငံရေးတရားလာ ဟောတယ်။ လူကြီးအိမ်မှာ
ထမင်း ဖိတ်ကျွေးတော့ ကျွန်မတို့သွားရတယ်။ အဲဒီမှာ
တစ်ခါဓာတ်ပုံရိုက်ဖြစ်တယ်'' ဟု အဘွားက မှတ်မှတ်ရရ ဆို ပြန်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်အ တွင်း
ကချင်ပြည်နယ်သို့ ရောက်ရှိလာ ချိန်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
အမှတ်တရဓာတ်ပုံရိုက်ခဲ့သည့် ကချင်အမျိုးသမီးတို့မှ အသက်ရှင်ကျန်ရှိနေ
သူများကို ဖိတ်ခေါ်ကာ ဓာတ်ပုံတွဲရိုက် ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆို
ကြသည်။ သူနှင့်ဒေါ်ဂျာဘောက်တို့ နှစ်ဦးသာ အသက်ရှင်နေလျက်ရှိသည် ဟုသိရသည်။ သို့သော် အဘွားခေါ်န် ရော် က ၎င်း၏ နိုင်ငံရေးနှင့်ပတ်သက်သော မူရင်းစိတ်ကို ပြင်ဆင်ခြင်းမပြု။ ''ရိုက်မယ်ဆိုတော့ ရိုက်လိုက်တာ ပဲ''ဟု ရိုးသားစွာ ဆိုပြန်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်အမည်ကိုပါ အမှတ်တရအမည်
ပေးလိုက်ခြင်းဖြစ်ကြောင်း အဘွား ခေါ်န်ရော်က ''ကချင်လူကြီးတွေက သူ့ ကို
အမည်ပေးကြတယ်။ ဂျာမွန်းလို့ ကချင်အမည်ကိုပေးလိုက်တာ'' ဟု ၂၄
နှစ် ကြာခဲ့ပြီဖြစ်သော နောက်ကြောင်း ကို မှတ်မိသမျှ ပြန်ပြောပြသည်။ ကချင် -
ဗမာ ချစ်ကြည် ရေးခရီး စဉ်အဖြစ် လွတ်လပ်ရေးဖခင်က ကြိုးစားလုပ်ဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဗိုလ်ချုပ်သည် မန်ခိန်မှ ကချင် တိုင်းရင်း
သူတို့နှင့်အမှတ်တရရိုက်ခဲ့ သော ဓာတ်ပုံသည် လွတ်လပ်ရေး၏မှတ်တိုင်တစ်ခု မှတ်တမ်းဝင်စေခဲ့သည်။ အဘွား ခေါ်န်ရော်သည် လွတ်လပ်ရေး
ဖခင်နှင့်သာမက မြန်မာ၏ ဒီမိုကရေစီ ခေါင်းဆောင်နှင့်ပါ အမှတ်တရနှစ်ခု
ရှိခဲ့သည်။
ထိုဓာတ်ပုံတို့သည် ကချင်-ဗမာ ချစ်ကြည်ရေး၊
မြန်မာ့လွတ်လပ် ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ ကို ဖော်ဆောင်ရာတွင်
သမိုင်းဝင်အဖြစ် သက်သေပြလို့နေပြီဖြစ်သည်။ ထိုဓာတ်ပုံတို့သည်
နောင်လာနောက် သားများအတွက် သမိုင်းမှတ်တိုင်အဖြစ် စောင့်စားဆဲဖြစ်သလို
အဘွား ခေါ်န်ရော်ကတော့ သမိုင်းကို မမျှော်၊ နွေ၊ မိုး၊ ဆောင်း တို့ကိုသာ
မျှော်လင့်စောင့် စားနေဆဲဖြစ်သည်။
အောင်ထက် (NYK)
Ref...PMNJ
0 comments:
Post a Comment