သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၌ ပြီးခဲ့သည့်ကြာသပတေးနေ့ ကဖြစ်ပွါးသော မြန်မာ့တပ်မတော်နှင့်သျှမ်းပြည် တပ်မတော် တိုက်ပွဲတွင် မြန်မာစစ်တပ်က ပြောင်းခြံထဲသို့လက်နက်ကြီးပစ်ချသဖြင့် ပြောင်းခြံတောင်သူလက်နက်ကြီးဆံ ထိမှန်ပြီး လင်ယော က်ျားမှာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရသည်ဟု ဆိုပါသည်။
“တိုက်ပွဲဖြစ်တော့ ပြောင်းခြံထဲကို လက်နက်ကြီးနဲ့ ရမ်းထုတာ၊ ခြံလုပ်နေတဲ့ ဝိန်းနန် ရွာသူ အမျိုးသမီးတဦးလက်နက်ကြီး စမှန် တယ်။ သူ့ယောက်ျားကို နှစ်ရက်တညဖမ်းသွားတယ်။ မနေ့က ညနေပိုင်း ကောင်းခါး(လား ဟူရွာ) မှာသွားပစ်ထားတယ်။ လားဟူ ရွာသူကြီးက ဆိုင်ကယ်နဲ့ဒီနေ့ရွာပြန် ပို့ပေးလိုက်ပြီ။ သူ့မိန်းမလဲရွာမှာဘဲ ဆေးကုနေတယ်။ တခြား သွား မကုရဘူးလို့ တားမြစ်ခံရ တယ်။ သူတို့မှာ ကလေး ၂ ယောက်ရှိတယ်။ ”ဟု မိုင်းယင်အုပ်စု ဒေသခံ စိုင်းခမ်းက သျှမ်းသံ တော်ဆင့်အား ပြောသည်။
၂၀၁၃ ဩဂတ်စ် ၁၅ ရက်က သျှမ်းပြည်မြောက်ပိုင်း မိုင်းယင်အုပ်စု မိုင်းကမ့်နှင့် ကောင်းခါး ရွာကြားတွင် သီပေါအခြေစိုက် ၅၀၄ တပ်နှင့် နမ္မတူအတွင်းလှုပ်ရှားနေသော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ နံ နက် ၁၀ နာရီခန့် စတင်သည့်တိုက်ပွဲမှာ နာရီဝက်ခန့်ကြာပြီး မြန်မာစစ်တပ်ဘက်မှ အင်အား ၅၀ ခန့်ရှိကြောင်း၊ ၄ ဦး ဒဏ်ရာရ ကြောင်း မြင်တွေ့ရသည့် ဒေသခံရပ်မိရပ်ဖ ဂျဆေး ကပြောပြသည်။
“သျှမ်းတပ်ဘက်က တချို့ဒဏ်ရာရတယ်ပြောတယ်။ မြန်မာစစ်ကြောင်းက ထမ်းစင် ၄ စင်နဲ့ ထမ်းသွားတာတွေ့တယ်။ ဗမာတပ် ဘက်က သေတဲ့သူလဲရှိတယ်။ အတိအကျတော့မသိရသေးဘူး။ အလောင်းမြုပ်ထားတယ်လို့ရယူဆရတဲ့ နေရာသုံးနေရာတွေ့ထား တယ်။ ဘယ်သူမှတော့ သွားမတူးကြည့်ရဲဘူး၊ ဒီစစ်ကြောင်းက အရမ်းရိုင်းတယ်။ ဒီတဝိုက်မှာ လှုပ်ရှားနေတာကြာပြီ၊ ဘာငြိမ်းချမ်း ရေးလုပ်နေလဲမသိဘူး ။ စစ်လှုပ်ရှားတာတွေက မနားဘူး၊ တိုက်ပွဲဖြစ်ရင်ခံရတာက လူထုပဲ မဟုတ်လား ” - ဟု ပြော၏။
အဆိုပါတိုက်ပွဲကြောင့် လက်နက်ကြီးကျည်စ ထိမှန်သည့် ပြောင်းခြံတောင် သူ၏ ခင်ပွန်းသည်အား အစိုးရတပ်မှဖမ်း ဆီးသွား ကြောင်း၊သူပုန်အကြောင်း ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြော င်း၊ သေနတ်ဒင်ဖြင့်ထုခံရသောကြောင့် ဒဏ်ရာပြင်းထန်ကြောင်း၊တိုက် ပွဲကြောင့် လယ်ယာဆင်းရန် အခက်အခဲကြုံတွေ့ရကြောင်းသားသည်မိခင်တဦး က ပြောသည်။
“တိုက်ပွဲဖြစ်ရင် ကလေးကို ဘယ်လိုကျောင်းလွတ်မှာလဲ၊ ဝမ်းရေးအတွက် လယ်ယာဘယ်လိုဆင်းရဲမှာလဲ၊အရမ်းကြီးကို အခက် အ ခဲဖြစ်ရပါတယ်ရှင့်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/ SSA နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၂ နှစ်ဦးပိုင်းကတည်းက ပဏာမအဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူကာ ငြိမ်းချမ်းရေးတည်ဆောက် ထားကြသော်လည်း တိုက်ပွဲအကြိမ်ပေါင်း တစ်ရာမက ဖြစ်ပွါးခဲ့သည်ဟု ပြောရေးဆိုခွင့်က ဆိုသည်။
တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA မှာမူ တိုက်ပွဲလျှော့ချနိုင်ရေး အတွက် မိမိနှင့် နီးစပ်သည့်အစိုးရ၏ အခြေချတပ်ဖွဲ့ များ၊ လှုပ်ရှားစစ်ကြောင်းများအား ချိတ်ဆက်သတင်းဖလှယ်ကြရန် တပ်ထုကြီးအားယခုလလယ်ပိုင်းက ညွှန်ကြားထားပြီးဖြစ်သည် ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကသျှမ်းသံ တော်ဆင့် အား ပြောပြသည်။
Ref...Panglong (Burmese)
0 comments:
Post a Comment