Pages

Wednesday, August 14, 2013

၁၅နှစ်အရွယ် မိန်းကလေးအား ဘုန်းကြီးဝတ်ဖြင့် ခိုးယူပေါင်းသင်းသူ အရေးယူခံရ


အသက်အရွယ်ကြီးရင့်၍ ဘုန်းကြီးဝတ်ဖြင့် ကြည်ညိုလေး စားရာမှ ၁၅နှစ်အရွယ် မိန်းက လေးငယ်အား ခိုးယူပေါင်းသင်း သောအမှုကို အင်းတကော်ရဲစ ခန်းမှအမှုဖြစ်စဉ်အား ပဲခူး တရားရုံးသို့ တရားစွဲတင်လိုက် ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ၂၂ရက် ၉နာရီအချိန်၊ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်ရဲစခန်းအပိုင်၊ သာယာအေး ကျေးရွာ၊ ဘူးလယ်အင်း အုပ်စုမှ ဦးမြင့်ရွှေအသက်(၆၁) နှစ်(ဘ)ဦးမြ၀င်း လယ်လုပ်နှင့် ဒေါ်မြင့်ဝင်း၊ သမီးမအိမြတ်မော် (၁၅)နှစ်နှင့်အတူ သဲဖြူချောင်း ကျေးရွာ ရှိ အောင်သိဒ်္ဓိဘုန်းတော် ကြီးကျောင်းတွင် ဥပုသ်သီလယူပြီးနေ့လယ်၁နာရီပြန်လာခဲ့ရာ သာယာအေးကျေးရွာနေ အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးအောင် ညွန့်၏ အိမ်သို့ဝင်ရောက်၍ သမီး အားအပ်ခဲ့သည်။

ထို့နောက်ဘုန်းကြီးကျောင်း မှ ဖခင်နှင့်မိခင် ညနေ ၃နာရီ တွင် သမီးအား ပြန်လည်ခေါ်ရာ ဦးအောင်ညွန့်အိမ်တွင်မရှိတော့ ဘဲ မအိမြတ်မော်၏မိခင်ဒေါ်မြင့် ၀င်းခေါ်ခိုင်းသည်ဟု လိမ်ညာ၍ မတင်တင်ယုက ပဲခူး-ရန်ကုန် ကားလမ်းလေး ဈေးတန်းလမ်း သို့ခေါ်သွားကြောင်းဖခင်နှင့်မိ ခင်သိလိုက်ရသည်နှင့် တစ်ပြိုင် တည်းလိုက်လံစုံစမ်းခဲ့ရာ ဘူး လယ်အင်းကျေးရွာအတွင်းရှိရေ ၀တာရာမကျောင်းတိုက်မှ ဘုန်း ကြီးဦးနန်္ဒ၀ံသ လူအမည်ဦးကျော် ထူးနှင့်အတူ ဆိုင်ကယ်ကယ်ရီ ဖြင့် ထည့်ပေးလိုက်ကြောင်းသိရှိ ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်လံစုံစမ်းခဲ့သော်လည်း စုံ စမ်း၍မရသဖြင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် မိဘအုပ်ထိန်းမှု လက်အောက်ရှိ အသက်၁၅နှစ် သမီးဖြစ်သူ မအိမြတ်မော်အား ဘုန်းကြီးဝတ်ဦးနန်္ဒ၀ံသလူ အမည် ကျော်ထူးနှင့် အားပေးကူညီမှုပြု သူ မတင်တင်ယုတို့အား အရေး ယူပေးပါရန် ဖခင်ဖြစ်သူ ဦးမြင့် ရွှေမှ တရားလိုပြုလုပ်ပြီးအင်း တကော်ရဲစခန်းတွင် အမှုဖွင့်ရာ အင်းတကော်ရဲစခန်းမှ ပ/၁၅၀ (၂၀၁၃)ဖြင့် လက်ခံ၍ ပြစ်မှုပုဒ် ၃၆၃/၂၉၄ က-၁၁၄အရေးယူ ပြီး အမှုစစ်ဒုရဲအုပ်ထင်ကျော်မှ လက်ခံစစ်ဆေးပြီး ထိုနေ့မှာပင် ဘုန်းကြီးဝတ်ဦးနန်္ဒ၀ံသအား လူ ၀တ်လဲစေ၍ ဖမ်းဆီးခြင်း၊ကူညီ အားပေးသူ မတင်တင်ယုအား ဖမ်းဆီးခြင်း၊ သက်သေခံပစ်္စည်း များသိမ်းဆည်းခြင်း၊ သက်သေ များစစ်ခြင်း၊ အကြံပြုချက်တောင်း ခံခြင်း ရဲလုပ်ငန်းများကုန်စင် အောင်ပြုလုပ်၍ သြဂုတ်လ၇ ရက်နေ့တွင် ပဲခူးတရားရုံးသို့ တရားစွဲတင်ရာ ရာသေးနံပါတ် ၆၀၂၉ဖြင့် ပဲခူးမြို့နယ် တရားရုံး တရားသူကြီးမှ လက်ခံစစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိသည်။

ရှင်းသန့် (ပဲခူး)

Ref.....mmforward 

0 comments:

Post a Comment