အဆိုပါ မှန်လုံယာဉ် ဝမ်းဗိုက်အတွင်းရှိ ပစ္စည်းများကို အကောက်ခွန်
ဦးစီးဌာနက စစ်ဆေးရာ ပီနံအိတ်ဖြင့် စွပ်ထားသော ယင်းတပ် မတော်သား၏
အိတ်တစ်လုံး အတွင်းမှ တစ်ပြားလျှင် ၀ ဒသမ ၁ ဂရမ်ရှိ WY စာတန်းပါ စိတ်ကြွ
ရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ပါဝင် သည့် အထုပ် ၁၀၀၊ စုစုပေါင်း စိတ်ကြွရူးသွပ်
ဆေးပြား နှစ်သိန်း၊ အလေးချိန် ၂၀ ကီလိုဂရမ် သိမ်းဆည်း ရမိခဲ့ကြောင်း
အဆိုပါရုံး စာရင်းများအရ သိရသည်။
အဆိုပါ တပ်သားသည် ပြီးခဲ့သည့်
သြဂုတ်လ ၉ ရက်နေ့က ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး (၆၂၆) တပ်မှ တပ်ကြပ်ကြီး
လှရွှေ၏ ဇနီးနှင့် ဇနီး၏ အစ်ကိုတို့က လားရှိုး ညဈေးတန်းသို့ ခေါ်ဆောင်ပြီး
အထက်ပါ ဖမ်းဆီး ရမိသော ပစ္စည်းများကို ရန်ကုန်မြို့တော်သို့
ပို့ဆောင်ပေးရန် ပို့ခ အနေနှင့် ရှစ်သိန်းကျပ် ပေးမည်ဟု ပြောဆို
လက်ခံခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးရှိ မှုခင်း
မှတ်တမ်းများအရ သိရသည်။
ယင်းပစ္စည်းများကို ရန်ကုန်မြို့တော်သို့
အရောက်တွင် ကိုရှည်ဆိုသူ တပ်ကြပ်၏ မိန်းမဖြစ်သူ၏ အစ်ကိုက
စောင့်ယူ မည်ဖြစ်ကြောင်း ထွက်ဆိုခဲ့ သဖြင့် စိတ်ကြွ ရူးသွပ်ဆေးဝါးများ
သယ်ဆောင်လာသူ တပ်သားနှင့် သယ်ဆောင်ခိုင်းသူ နှစ်ဦး စုစု ပေါင်း
သုံးဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ မူးယစ် (ပ) ၅/၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅၆၁၉ (က)/၂၁ အရ
ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေ ရဲစခန်းက အမှုဖွင့် အရေးယူ
ဆောင်ရွက်ထားကြောင်း ယင်း ရဲတပ်ဖွဲ့ စခန်း ထံမှ သိရသည်။
0 comments:
Post a Comment