Pages

Tuesday, August 6, 2013

စစ်အာဏာရှင်များ၏ လျှိုဝှက်ချက် ပေါက်ကြားမှုများကဏ္ဍဖြင့် အများပြည်သူသိအောင် ထုတ်လွှင့်တော့မည်




  မိတို့ အနေဖြင့် စစ်အာဏာရှင် အဖွဲ့ အစည်းများ၏ လျှို့ဝှက်ချက်အထောက်အထားများ၊ လူ့အခွင့်ရေးဆိုင် ရာ ချိုးဖေါက်မှုများ၊ တရားဥပဒေနှင့် မလျော်ညီသည့် စီမံလုပ်ကိုင်မူများ၊ အာဏာကို အလွဲသုံးစားပြုမူများ ၊ သမိုင်းရေးရာ အထောက် အထားများနှင့် အရပ်ရပ် လျှို့ဝှက် ချက် များစွာကို ယုံကြည် လေးနက်စွာ တာ ၀န်ထမ်းဆောင်ခဲ့သော ၊ ဌာနအတွင်း/အပြင် ရဲဘော်၊ရဲဘက်များအကူညီဖြင့် နှစ်ပေါင်းများစွာ စနစ်တကျစု ဆောင်းနိုင်ခဲ့ပါသည်။ တိုင်းပြည်နှင့်လူမျိုး၏ ရေရှည် အကျိုးစီးပွား အရသော်လည်းကောင်း၊ လုံခြုံရေးနှင့် အဖက်ဖက် ထိန်းသိမ်းသင့်သည့် ကျင့်ဝတ်များအရ သော်လည်းကောင်းလျှို့ဝှက်ချက်များ အဖြစ်  မိမိတို့ အဖွဲ့တွင်းသာ နှစ်ပေါင်းများစွာ ထိန်းသိမ်း ထားရှိခဲ့ပါသည်။ သို့သော်လက်ရှိနိုင်ငံရေး အပြောင်းလဲတွင် သာ မန်လူများသာမက နိုင်ငံရေးသမားများ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးလှုပ်ရှားသူများ အကြားတွင်ပါ ဖြတ် သန်းခဲ့ရသော အာဏာရှင်၏အခြေအနေမှန်၊ အတွင်းသားအစစ်မှန်ကို သုံးသပ်ရာတွင်အလွန်ပင် ၀ိဝါဒထွေ ပြားစရာအချက်အလက် အထောက်အထားရှားပါးမှုကို မိမိတို့အလေးနက် သတိပြုမိပါသည်။ အများပြည်သူ မှ မှန်ကန်သော ကောက်ချက် သုံးသပ်ချက်အတွက် မိမိတို့ ထိန်းသိမ်းထား သော အထောက်ထားများထဲမှ အများပြည်သူ သိရှိသင့်သော အချက်လက်များကို ရွေး ချယ်ကာ တင်ပြသွားမည်ဖြစ်ပါသည်။ မိမိတို့အဖွဲ့မှ တင်ပြသော အထောက်အထား အချက်လက်များသည် မှန်ကန်သောသုံးသပ်ချက်များချနိုင်ရန်အတွက် တစုံတရာ အထောက် အကူပြုလိမ့်မည် ဟု မိမိတို့ အဖွဲ့မှ ယုံကြည်ပါသည်။
 မိုးဇေညိမ်း၊ တာဝန်ခံ
ဒီမိုကရေစီနှင့် တရားမျှတမှုတည်ဆောက်ရေး သုတေသနကွန်ယက်

Ref...burmavjmedia.net 

0 comments:

Post a Comment