Pages

Saturday, August 3, 2013

ဖယ်ဒရယ်ကို သတ်ပုံမှားသော "ဘမှား"များသို့


 
ငါတို့တိုင်းရင်းသားတွေဆိုတာ ပြည်ထောင်စုကို မြတ်နိုးခဲ့တာပါပြည်ထောင်စုကို ပြိုကွဲအောင် ၀ါးရင်းတုတ်သုံးခဲ့တာ “ဘမှား” ငါ့တို့ တိုင်းရင်းသားတွေဆိုတာ ကိုယ်ပိုင်ဥပဒေပြုရေးကို လိုလားခဲ့တယ်သောင်းကျန်းသူ တိုင်းပြည်ဖျက်လို့ စွပ်စွဲနှိမ်နင်းခဲ့တာ “ဘမှား” တွေပါငါတို့တိုင်းရင်းသားတွေဆိုတာ ရိုးသားမှုနဲ့ ရပ်တည်ခဲ့တယ်အမျိုးဘာသာ သာသနာအကြောင်းပြပြီး မရိုးသားခဲ့တာ “ဒင်းတို့”ပါပဲငါတို့တိုင်းရင်းသားတွေအားလုံးက ယုံကြည်မှုနဲ့ အလုပ်လုပ်ခဲ့တယ် သံသယမျက်လုံးတွေနဲ့ တစ်လက်မမှ အကျော်မခံပုတ် ချခဲ့ တာ “ဗမာ”တွေငါတို့တိုင်းရင်းသားဆိုတာ စည်းလုံးညီညွှတ်ရေးကို အမြဲရှေ့ တန်းတင်ခဲ့တယ်စည်းလုံးပြီး အင်အားကြီးသွားမှာစိုးလို့ သွေးခွဲ ရန်တိုက်ပေးခဲ့တာလည်း သိသားပဲတိုင်းရင်းသားတွေမှာ စည်းကမ်းတကျ ပြည်နယ်ကိုယ်စီရှိတယ်ဘယ်မလဲ ဗမာပြည်နယ်၊ ဘာကြောင့်လဲမသိဘူး တစ်ပြည်လုံးကို “မြန်မာပြည်”တဲ့

အောင်ဆန်းကစလို့ ဦးနု- နေ၀င်း - စောမောင် -သန်းရွှေ- ခင်ညွှန့်- သိန်းစိန်-ဘယ်ဗမာမှ မကောင်းဘူး၊၊ ဘယ်ဗမာကမှ ယုံကြည် စိတ်ချလို့ မရခဲ့ဘူး၊၊ ကဲ...နှစ်ပေါင်း ၆၆ နှစ်ခရီးမှာ ခံစားခဲ့ရတဲ့ အနာတွေ၊ နောက်ကျခဲ့ရတဲ့ ဘ၀တွေကိုပြန်လည်ကုစားဖို့ “ဖက်ဒ ရယ်စနစ် နဲ့ မိမိပြည်နယ် မိမိစီမံပိုင်ခွင့်” တောင်းဆိုပြန်တော့ ဗမာတွေကပဲ ၀င်ပါချင်နေတယ် (ဥပမာ- ဗမာအုန်းမြင့်- ဖားကန့်) တိုင်းရင်းသားတိုင်းက ဗမာကိုအယုံအကြည်မရှိတော့ဘူး၊၊ ဒီတော့ လက်ရှိအနေအထားအရ ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်ခွင့် ကိုယ်စီကပဲ အကောင်းဆုံး အဖြေဖြစ်လိမ့်မယ်၊၊ တိုင်း၇င်းသားများ ရင်ကြားစေ့ရေးအတွက် လူထုကို ကုစားပေး ဖို့အချိန်အပိုင်း အခြားတစ်ခု မဖြစ်မနေလိုအပ်တယ်၊၊ ဒါကိုပါကန့်ကွက်နေသေးတဲ့ဗမာတွေ၊ ဒီမိုတွေတွေ့တယ်၊၊ “နှစ်ပေါင်း ၆၅ နှစ် တာထွက်စော ထားတဲ့ ဗမာတွေနဲ့ ပြာပုံဘ၀ထဲက တိုင်းရင်းသားတွေကို ဒီမိုကရေစီဆိုတဲ့ စကားလုံးအသုံးပြုပြီး တန်းတူညီမျှပြေးခိုင်းရင် တရားမျှ တပါ့မလား” “၆၆ နှစ် ဗမာအုပ်ချုပ်ရေးစနစ်အောက်မှာ ငြိမ်ဝပ်ပိပြားခဲ့ရတာက အခုလိုမျိုး ဗမာတွေအသာရစေဖို့ နိုင်ငံရေး ဇာတ်ခုံ တစ်ခု လုပ်ဖို့လား၊ တမင်ကြံရွယ်အလုပ်လုပ်ပြီး တမင်သီးခံခဲ့တာလား” လို့မေးစရာရှိတယ်၊၊ 
 
အားပူ 

0 comments:

Post a Comment