Pages

Tuesday, July 30, 2013

မြန်မာနိုင်ငံနှင့် ဘရာဇီးလ် နိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး


 
  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဘရာဇီးလ် ပြည်ထောင်စု သမ္မတနိုင်ငံ အစိုးရတို့အကြား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီ က သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ''နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုး ရခြင်းမှာ နှစ်နိုင်ငံ အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးတွဲ ကြိုးပမ်းအား ထုတ်မှုများ၏ အထိမ်းအမှတ်အဖြစ် တည်ရှိနေပါတယ်။ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်သည် နှစ် နိုင်ငံ ပိုမိုရင်းနှီးစွာ အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မိမိတို့အား အာမခံချက် ဖြစ်စေပါတယ်။ နှစ်ဖက်စလုံး အနေ ဖြင့် ဖြည့်စွက် သဘောတူညီချက်များမှ တစ်ဆင့် အပြန်အလှန် စိတ်ဝင်စားမှု နယ်ပယ်များတွင် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရနှင့်ဘရာဇီးလ်နိုင်ငံ အစိုးရတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက် မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Jose Carlos da Fonseca Junior နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment