Pages

Tuesday, July 30, 2013

BOT နိုင်ငံပိုင်လုပ်ငန်းများရယူထားပြီး ပြောသည့်အတိုင်းမလုပ်နိုင်၍ ပြန်အပ်မည်ဆိုပါက BOT စနစ်မူဝါဒအရ နိုင်ငံတော်မှ ငွေပြန်ပေးမည်မဟုတ်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးပြောကြား



   လမ်းတံတားများအား BOT စနစ်ဖြင့် လမ်းပြုပြင် ဖောက်လုပ်၍ လမ်းတံတားကြေး ကောက်ခံရန်အတွက် လမ်း ပိုင်းများကို နိုင်ငံတော်ထံမှ ရယူခဲ့ပြီး လုပ်ကိုင်သူများ အနေဖြင့် အဆိုပြုစဉ်က တင်ပြထားသည့် အတိုင်း မလုပ်နိုင်၍ နိုင်ငံတော် အစိုးရသို့ ပြန်အပ်မည် ဆိုပါက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံခဲ့သည့် ငွေများကို မူဝါဒအရ နိုင်ငံတော်မှ ပြန်လည် ပေးချေခြင်း မရှိဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးအောင်ကိုက BOT လမ်းတံတား လုပ်ငန်းရှင်များသို့ နိုင်ငံတော် အစိုးရက ပံ့ပိုးပေးစေလိုသော လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် BOT လုပ်ငန်းရှင်များ အနေဖြင့် ယာဉ်သွားနှုန်းနှင့် လမ်းကြေးဝင်ငွေသည် မျှော်မှန်းထားသည့် အတိုင်း ၂၅ နှစ်မှ နှစ် ၃၀ အတွင်း အရင်းကြေရန် မရှိခြင်း၊ အရင်းကျေကာလ နောက်ပိုင်းတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုး အမြတ်ရရန် အခွင့်အလမ်း နည်းခြင်းများ ရှိလာပါက လုပ်ငန်းပြန်အပ်ခွင့် ပြုပါရန်၊ လုပ်ငန်းရှင်မှ စိုက်ထုတ်ရင်းနှီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတန်ဖိုးကို နိုင်ငံတော်မှ ပြန်ပေးရန် ရှိမရှိ ထည့်သွင်း မေးမြန်းခဲ့သည်။

BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက်လုပ် ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် ပေးထား...

  အဆိုပါ မေးမြန်းချက်အပေါ် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က BOT စနစ်ဖြင့် လုပ်ငန်း များအား လုပ်ငန်းရှင်များမှ အဆိုပြုတင်ပြစဉ်ကအတိုင်း မဆောင်ရွက်နိုင်တော့၍ နိုင်ငံတော်သို့ ပြန်လည်အပ်နှံပါက ကျိုးကြောင်းဆီလျော်မှုရှိလျှင် လုပ်ငန်းရှင်များ မနစ်နာစေရန် လုပ်ငန်းအားပြန်လည်အပ်နှံ ခွင့်ပြုကြောင်း၊ သို့သော် BOT ဆောင်ရွက်ခွင့် တင်ပြစဉ်ကတည်းက ရင်းနှီးမြှုပ်နှံမှု အရင်းကြေကာလ၊ အရှုံးအမြတ် တွက်ချက်မှု၊ ငွေကြေး စီးဆင်းမှုတို့အား တွက်ချက်တင်ပြခဲ့ကြပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း နှစ် ၄၀ အထိ ကနဦးခွင့်ပြုပြီး တစ် ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးမြှင့်ဆောင်ရွက်ခွင့် ပြုထားကြောင်း၊ ယခင်ကလည်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနသို့ ပြန်လည်အပ်နှံသည့် BOT လုပ်ငန်းများ ရှိသော်လည်း BOT စနစ် မူဝါဒအရ ရင်းနှီးမြှုပ်နှံငွေများ ပြန်လည် ပေးချေ ခဲ့ခြင်းမရှိဟု ဖြေကြားသွားခဲ့သည်။

BOT စနစ်ဖြင့် လမ်းတံတားများ ရယူလုပ်ကိုင် သူများအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လမ်းဖောက် လုပ်ပြုပြင်စဉ် အချိန်အတွင်း ပြည်ပမှ လိုအပ်သည့် စက်ယန္တရားများ၊ စက်သုံးဆီများအား အခွန်အရပ်ရပ် ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့် ပေးထားသည့်အပြင် လုပ်ငန်းစတင်သည်မှ ၃ နှစ်ဆက်တိုက် ၀င်ငွေခွန် ကင်းလွတ်ခွင့် ပြုထား ကြောင်း သိရသည်။

သို့သော် ယာဉ်သွားယာဉ်လာ များပြားပြီး ဖြတ်သန်းခ များစွာရသည့် နေရာများကို ကုမ္ပဏီကြီးများမှ ရယူထားပြီး ကာလ တိုအတွင်း အရင်းပြန်ရမည့် အနေအထား ရှိကြောင်း၊ ပြည်နယ်များအတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ငယ်များမှာမူ ယာဉ်သွားလာမှု နည်းသည့် လမ်းပိုင်းများကိုသာ ရယူလုပ်ကိုင် နေရကြောင်း သိရသည်။

Ref..Eleven

0 comments:

Post a Comment