17.7.2013
တရုတ်ပြည်အတွင်းမှ
ရမ်လူးနှင့်လောင်ဖိုင်း ကချင်စစ်ပြေးဒုက္ခသည်စခန်း ၂ခုကိုဇူလိုင်လ ၇ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးရန်ပြောကြားထားသော်လည်းကချင်စစ်ပြေးဒုက္ခသည်များက တရုတ်ပြည် တွင် အေး ချမ်းစွာနှင့်တရုတ်အစိုးရ၏ဆန္ဒအတိုင်းနေထိုင်သွားမည်ဖြစ်ကြောင်း
စုပေါင်း အသနားခံ သဖြင့်ပြန်လည် နေထိုင် ခွင့်ရခဲ့ကြောင်း ရမ်လူးစခန်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
တရုတ်ပြည်တွင်းမှ
ဒုက္ခသည် စခန်းများသည် ၎င်းတို့၏ နေရပ် ဒေသ မဟုတ်သဖြင့် နေထိုင်ချင်စိတ် မရှိကြောင်း၊ မိမိဌာနေကို
အမြန် ပြန်ချင်သော်လည်း စစ်ကို ကြောက်ခြင်းကြောင့် တိုင်းတပါးနယ်မြေတွင် မှီခိုနေရသည့်
ဒုက္ခသာရှိကြောင်း တရုတ် ပြည်၏ ပြောဆိုမှုကို ခံရပြီး အသနာခံကာ နေထိုင်ဖို့ တောင်း ဆိုနေရကြောင်း
အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောဆိုသည်။
ယခုကာလသည် မိုးရာသီ ဖြစ်နေသဖြင့် စခန်း ပြောင်းရွှေ့ရမည့်အရေး အခက်အခဲ ရှိနေကြောင်း၊ စခန်းပြန်လည် တည်ဆောက်ရေး မှာလည်း မလွယ်ကူကြောင်း၊ ထိုသို့ ပြောင်းရွှေ့ရမည့် အရေးနှင့် ပတ်သက်၍ စစ်ပြေးဒုက္ခသည်များစိတ်ဒဏ်ရာ ရမည်ကို စခန်း တာဝန်ခံများက စိုးရိမ်နေကြကြောင်း စစ်ပြေးဒုက္ခသည်များ နေထိုင်သည့် အခန်းတခန်းလျှင် ၈ ပေ ပတ်လည်သာ ရှိသော်လည်း မိသားစုဝင် ၆ ဦး၊ ၇ ဦးခန့် နေထိုင်ရကြောင်း တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းသည့် စခန်းများ သည် မြန်မာပြည်နှင့် ၃ ဖာလုံ ခန့်သာ ဝေးပြီး တရုတ်ပြည် နန်တောင်းမြို့ အတွင်းပိုင်းတွင် ကျရောက်နေ ရာ တရုတ်ပြည် လူနေရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
ရန်လူးစခန်းတွင် လူဦးရေ ၁၄၀၀ ကျော်နေထိုင်ပြီး လောင်ဖိုင်း စခန်းတွင် လူဦးရေ ၇၀၀ ကျော် ခန့် နေထိုင်ကြောင်း သိရသည်။ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ ထွက်ပြေးလာ သူများ ဖြစ်ပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့မပြန်နိုင် ကြသေးချေ။
0 comments:
Post a Comment