အိုဘားမားနဲ့ အာဏာပိုင်တွေက ချက်ခြင်းပြောတယ် .. ဗုံးခွဲသူ ဘယ်သူ ဘယ်ဝါမှန်း မသိသေးဘဲ ရမ်းသမ်း စွပ်ဆွဲတာ မလုပ်ဖို့နဲ့ အမုန်းပွားတာတွေ မလုပ်ဖို့။ အစိုးရက ဗုံးခွဲသူ တရားခံကို အမြန်ဆုံး ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုပြီး ကြေငြာတယ်။
ဗုဒ္ဓဂါယာမှာ ဗုံးကွဲတယ်။ အိန္ဒိယအစိုးရက တရားခံ မသိခင် မစွပ်ဆွဲဖို့နဲ့ ..... ဗုံးကျွမ်းကျင်သူတွေနဲ့ CCTV ကင်မရာတွေကနေ သေချာလေ့လာပြီး သံသယရှိသူတွေကို အမြန်ဆုံး ထုတ်ဖေါ်ဖို့ လုပ်ကိုင်တာကို တွေ့ရတယ်။
မြန်မာပြည်မှာ မန္တလေးမှာ ဗုံးကွဲတယ်ဆိုတဲ့ ဖြစ်ရပ်ကြောင့် လူတချို့ ဒဏ်ရာရတယ်ဆိုတယ်။ တရားခံ ဘယ်သူလည်း မသိသေးခင် .. ရမ်းသမ်း စွပ်ဆွဲတဲ့ သတင်းတွေ တက်လာတယ်။ တချို့ဆို သတင်းခေါင်းစဉ်ကနေ စပြီး စွပ်ဆွဲရေးသားတာတွေ လုပ်လာပါတယ်။ မြင်ရ ဖတ်ရတာမှာ စိတ်မသက်မသာ ခံစားရပါတယ်။
တကယ် ဗုံးခွဲခဲ့တာမှန်ရင် ခွဲသူ တရားခံ အစစ်အမှန်ကို ဖေါ်ထုတ် ဖမ်းဆီး အရေးယူဖို့ လိုကို လိုအပ်ပါတယ်။ အရေးလည်း ယူရပါမယ်။ ဒါပေမယ့် စိတ်မှန်းနဲ့ ရမ်းသမ်းပြီး အရပ်စကား စွပ်ဆွဲပြီး အမုန်းပွားတာမျိုးက မသင့်တော်ပါ။ ဘယ်သူမှလည်း အကျိုးမရှိပါ။ အကျိုးသာ ယုတ်စေပါတယ်။
တာဝန်ရှိသူတွေကလည်း ပြဿနာတွေ အဆပွား ဖြစ်မလာစေဖို့အတွက် အနည်းဆုံး တစ်စုံ တစ်ခုခု ပြောဆို ထုတ်ပြန်သင့်ပေမယ့် ... အခုအထိ ဘာသံမှ မကြားရသေးဘူး။
Ref: ကိုထိုက်
0 comments:
Post a Comment