Pages

Tuesday, July 23, 2013

လပွတ္တာမြို့၊ အနိုင်ကျင့်ခံရသော မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရ





လပွတ္တာမြို့တွင် ယ္ခုလ (၁၅)ရက်နေ့က အလုပ်သမားခေါင်း ကိုရှဖီး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော အလုပ်သမလေး မိငယ်(ခ)မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရကြောင်းနှင့် အကူအညီလိုအပ်နေကြောင်း၊ အမျိုးသမီးချင်း စာနာတတ်သူများ၊ လူသားချင်း စာနာတတ်သူများမှ အကူအညီပေးစေလိုကြောင်း၊ အင်းစိန်ရွာမ ဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်း ထောက်ပံ့မှု ရှိခဲ့သော်လည်း များစွာလိုအပ်နေသေးကြောင်း သိရပါသည်။လပွတ္တာမြို့မှ ပေးပို့သော ဌေးဌေးမြိုင် သတင်းကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

သို့
ဆရာတော်

လပွတ္တာမြို့နယ်တွင် (15-7-2013)နေ့တွင် ဖြစ်ပွားခဲ့သောမြန်မာဗုဒ္ဒဘာသာဝင်အမျိုးသမီး မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား အစ္စလာမ်ဘာသာဝင်ရှလ်ဖီး(စ်) (ခေါ်) မောင်သက်ပိုင်စိုး မှ အဓမ္မပြုကျင့်ခဲ့ပါသည်။ ထို့အတွက်ကြောင့် မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား လပွတ္တာခရိုင်၊(3)မိုင်မြို့သစ်သို့ ဆေးကုမှုခံယူခဲ့ပါသည်။ (18-7-2013)နေ့တွင်ဆရာဝန်များမှ ဒဏ်ရာသက်သာသည်ဟုဆိုကာ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါသည်။

(19-7-2013)နေ့တွင်ကိုဇော်တိုးနှင့်အဖွဲ့မှမိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်အားထောက်ပံ့ငွေများကျေးရွာလူကြီးများ ရှေ့မှောက်တွင် သွားရောက်ပံ့ပိုးခဲ့ပါသည်။ (21-7-2013)ရက်နေ့တွင်မိုးများသည်းထန်စွာရွာသွန်းသဖြင့်မိ ငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်တို့ကျေးရွာတွင်နေအိမ်များရေနစ်မြှုပ်လျက်ရှိပါသည်။မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် နေအိမ် လည်းရေများနစ်မြှုပ်လျက်ရှိပါသည်။ (22-7-2013)နေ့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးမှကျွန်တော် ကိုဇော်တိုးအားဖုန်းဆက်အကြောင်းကြားကာ ရေကြီးနေမှန်းသိရပါသည်။ 

ထို့အတွက်ကြောင့်လိုအပ်သည့် ပံ့ပိုးမှုများပေးရန်ကျေးရွာသို့အမြန်ဆုံးသွားရောက်ခဲ့ပါသည်။ရွာသို့ရောက် သောအခါ မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင်၏ ဒဏ်ရာမှာမသက်သာဘဲသွေးများပြန်ဆင်းနေသဖြင့် လပွတ္တာ(3)မိုင်ဆေးရုံသို့အမြန်ဆုံးပြန်လည်ပို့ဆောင်ရန်အတွက် နေ့လည်(1)နာရီတွင်နှလုံးသား(အခမဲ့)မော်တော် ယာဉ်ဖြင့် သွားရောက်ပို့ဆောင်ပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးလည်းကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည် . . . .။

ကိုဇော်တိုး
ဆက်သွယ်ရန်- 09.422484102 (ကိုဇော်တိုး)

0 comments:

Post a Comment