Pages

Saturday, July 20, 2013

လွန်ခဲ့တဲ့ ၆၆ နှစ်ကျော်ကတည်းက အခုစကားနဲ့ပြောရရင် ဒဲ့ ဆဲခဲ့တာတွေက အခုချိန်ထိ ဒဲ့ မှန်နေဆဲပါလား...။

လှေလှော်ပွဲအတွေ့အကြုံ ၊ ဘောလုံးပွဲအတွေ့အကြုံ နဲ့ နှိုင်းပြီးပြောသွားလိုက်တာ“ဗမာတွေဟာ စိတ်ဓါတ်ထက်တယ်ဘာညာ၊တလွှဲဆံပင်ကောင်းနေတယ်၊ဗမာတွေရဲ့ စိတ်ဓါတ်က မဟုတ်တဲ့ နေရာတွေ မှာဆိုသွားတော်နေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး...။ ဗမာပြည်လွတ်လပ်ရေး ရဖို့နေရာမှာ အသုံးမချချင်ဘူး၊ ဗမာပြည်ပြန်လည် ထူထောင်ရေးလုပ်တဲ့နေရာတွေမှာ အသုံးမချချင်ဘူး....၊ ဗမာ ဗမာချင်း ချဖို့ပဲလုပ်ချင်တယ်...။ ဟုတ်လား...၊ အဲ့ဒါမျိုးတွေလုပ်ချင်တယ်...။ ဒါမျိုးတွေလုပ်ချင်လို တစ်ပြားမှ အကျိုးမရှိဘူး...။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး...။ အဲ့ဒီတော့က ကျနော်တို့ အဲ့ဒီစိတ်ဓါတ်မျိုး လုံးဝ ဖျောက်ပစ်ဖို့လိုတယ်...။ နိုင်ငံရေးသမားတွေ တချို့ခြေထိုး တာကို ခင်ဗျားတို့ ယုံမှားလို့ အင်မတန်ဖရိုဖရဲ ဖြစ်ကြရင်...ဒီတိုင်းပြည်လွတ်လပ်ရေး ရမှာမဟုတ်ဘူး”ဒဲ့ ဆဲတာဗျာ...။ အဆဲခံရတဲ့ အောက်က လူတွေကလည်း ကျေကျေနပ်နပ်ကြီးကို အဆဲခံတာဗျ...။ အဆဲခံပြီးတဲ့နောက်တောင်မှ.... လက်ခုပ်တွေတီး... လက်ခေါက်တွေမှုတ်... တရွှီးရွှီး တဖြောင်းဖြောင်း နဲ့


Ref: FB



0 comments:

Post a Comment