Pages

Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

Thursday, December 12, 2013

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇)


အောင်ဒင်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃)

ဒုတိယပင်လုံညီလာခံ

တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံး ဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်း ဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာ များဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊

Tuesday, December 10, 2013

ကောင်းမှုတော်ဘုရားမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးတို့ရဲ့ ဓာတ်ပုံများ


စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အဓိက၀င်ပေါက်ကြီးမှာ တခမ်းတနား ပြသထားတာကတော့ ဓာတ်ပုံကြီးများဖြစ်တာကို  တွေ့ရပါတယ်။  တနင်္ဂနွေနေ့က တွေ့ရတဲ့ အဲဒီဓာတ်ပုံတွေကို ကြည့်လိုက်တော့ ကောင်းမှုတော်ဘုရားရဲ့ အထူးဧည့် သည်ကြီးများ ဖြစ်နေပါတယ်။ ဦးသိန်းစိန်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုတို့ ကောင်းမှုတော် ရောက်ခဲ့၊ အလှူဒါန ပြုခဲ့ကြပုံတွေပါ။ ဦးသန်းရွှေကြီး စာဖတ်အနားမယူခင် တိုင်းပြည်တာဝန်တွေနဲ့ အလုပ်များစဉ်က ကောင်းမှုတော်ကို ရောက်ခဲ့တဲ့ပုံတွေ အဲသလို ပြသထားတာ ဘာကြောင့်လဲ။ကောင်းမှုတော် ဘုရား ဂေါပက အဖွဲ့က ဦးသန်းရွှေကြီးကို လေးစားသမှုရှိလို့ တခမ်းတနား ပုံတွေပြထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။ 

ဘုရားဖူးလာသူတွေ ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကောင်းမှုတော်ဘုရားဟာ ယခင် က အဖြူရောင်အဆင်း ရှိပါတယ်။ မြန်မာပြည်ကြီး ရွှေရည်စိမ် ဒီမိုကရေစီခေတ် ရောက်ခါနီးမှာ ရွှေရောင် ပြောင်းသွား ပါတယ်။ ဒါဟာ ဦးသန်းရွှေရဲ့ ဆန္ဒလို့ ယူဆသူ မနည်းမနောပါပဲ။ သူ့ပါးစပ်က လွတ်ခနဲ ထွက်သွားတာကို အပြည့်အ၀ အကျိုးဆောင်ပေးသူတွေကြောင့် အရောင်ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။  

ဦးသန်းရွှေက နေပြည်တော်မှာ စာဖတ်နေတယ်လို့ ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ စာဖတ်ရုံတင်မကဘဲ စာရေး နေရင်လည်း ကောင်းတာပါပဲ။ မြန်မာပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ နှစ်ပေါင်းများစွာ ထိပ်ဆုံးကနေ နေခဲ့ရတဲ့ကာလ အတွင်း မည်သို့မည်ပုံ ဆောင်ရွက်ခဲ့တယ် ဆိုတာတွေကို ရေးရင် ပိုကောင်းပါမယ်။ ရေးဖြစ်ရင် ဖတ်မယ့်သူ အများအပြား ရှိမှာပါ။ ရေးဖြစ်ရင် ကောင်းမှုတော်ဘုရား ရွှေရောင်အပြောင်းအလဲဟာ သူနဲ့ ဆိုင်တယ် မဆိုင်ဘူး ဆိုတာကိုလည်း ထည့်ရေးသင့်ပါတယ်။ ကိုယ့်အကြောင်း သူများရေးတာတွေ ရှိသလို ကိုယ်တိုင်ရေးနိုင်ရင် ပိုမို ပြည့်စုံမှာဖြစ်ပါတယ်။    ။

Irrawaddy blog

ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်နှစ်ဦး - သမ္မတဦးသိန်းစိန် (မြန်မာ) နှင့် ဥက္ကဋ္ဌ ငုယင်ဗင်လင့် (ဗီယက်နမ်)


တိုင်းပြည်ကြီး ပျက်စီးယိုယွင်း လာသည်ကို ပြုပြင် ပြောင်းလဲလိုသူ များက ၁၉၈၆ ကွန်မြူနစ်ပါတီ ကွန်ဂရက်ကြီးတွင် အစိုးရ အဟောင်းကို အသစ်နှင့် အစားထိုးလိုက်သည်။ အသက် ၇၁ နှစ် အရွယ်ရှိသော ငုယင်ဗင်လင့်ဆိုသူ ပါတီအကြီးအကဲ ဖြစ်လာပါသည်။ ထိုမှစပြီး အရှေ့တောင်အာရှ နိုင်ငံမှ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှု များဖြင့် ဒီမိုကရေစီ စနစ်ကို လုပ်ဆောင်ခဲ့သည်။

Doi Moi အင်္ဂလိပ် စကားလုံး Renovation ဟု အဓိပ္ပာယ်ရှိသည့် ပြုပြင် ပြောင်းလဲမှုတွင် လေးနှစ်အတွင်း ဥရောပါ၊ အမေရိ ကတို့နှင့် ဆက်ဆံရေး ပြန်လည် ရရှိခဲ့သည်။ စက်မှုလယ်ယာ၊ ကုန်ထုတ်လုပ်ငန်း အများတွင် တစ်ဟုန်ထိုး တိုးတက်ခဲ့ သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုး စွဲနေသော အကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေး သွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက် ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွား ပြန်လည် တိုးတက် လာသော်လည်း မှန်းသလောက် ဖြစ်မလာသေးပါ။

ငုယင်ဗင်လင့် ၁၉၉၁ မှာ ကျန်းမာရေးအရ အနားယူသွားပြီး ဗီယက်နမ်ရဲ့ ပြုပြင်ပြောင်းလဲမှု ပြဿနာများကို ဆက်လက် ပြောဆို ရေးသားခဲ့သည်။ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာခြားလွန်းခြင်း၊ အမေရိကန် ကုမ္ပဏီများက ဗီယက်နမ်များကို နည်းပညာ မပေးဘဲ၊ အမေရိကန် ရောင်းမကုန်ပစ္စည်း တွေပဲ လာပုံချ သွားခြင်းများကို အပြစ်တင် ရေးသားခဲ့သည်။ ဗီယက် နမ် ခေါင်းဆောင်များ ကြားတွင် ခြစားမှု၊ အာဏာ အလွဲသုံးမှုများ ဖြစ်လာပြန်သည်ကို ခေါင်းဆောင်ဟောင်းကြီးက ထောက်ပြခဲ့သည်။

Nguyen Van Linh (ငုယင်ဗင်လင့်) ကို ယခုမြန်မာနိုင်ငံ အစိုးရသစ်၏ သမ္မတဦးသိန်းစိန်နှင့် ခိုင်းနှိုင်း လိုပါသည်။ ၁၉၈၆ တွင် ဗီယက်နမ်တွင် ဆင်းရဲမွဲတေလှမှုကြောင့် ပြုပြင် ပြောင်းလဲရန် ပြည်သူနှင့် ကွန်မြူနစ်ပါတီက တွန်းအားပေးလာသည်။ သမားရိုးကျ ကွန်မြူနစ် ခေါင်းဆောင် Truong Chinh မှာ အသက် ၈၀ တွင် အနားယူသွားပြီး ခေါင်းဆောင်သစ် Nguyen Van Linh (ငုယင်ဗင်လင့်) ၇၁ နှစ် ပြုပြင် ပြောင်းလဲမှုကို ခေါင်းဆောင်ခဲ့သည်။ ယခု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လုပ်ဆောင်သကဲ့သို့ အရှေ့၊ အနောက်၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံ အားလုံးနှင့် ပြန်လည် ဆက်ဆံနိုင်ခဲ့သည်။ ပြည်သူပိုင်များကို ပုဂ္ဂလိကပိုင် ပြောင်းလဲသည်။ ငွေကြေးစနစ် တည်ထောင်သည်။ မှောင်ခို ငွေမည်း ဈေးကွက်ကို ဖျက်သိမ်းနိုင်သည်။ အထူးခြားဆုံးမှာ ငြိမ်းချမ်းရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က ဗီယက်နမ်သည် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် စစ်တပ် စေလွှတ် ထိန်းချုပ်ထားသည့် အတွက် စစ်စရိတ် အလွန်ကြီးလှသည်။ ထိုနှစ်နိုင်ငံမှ ဗီယက်နမ် စစ်တပ်ကို ပြန်လည် ရုပ်သိမ်းနိုင်ခဲ့သည်။ ဗီယက်နမ် လူမျိုးကြီး ဝါဒီများက မကျေနပ်ကြပါ။ ထိုလူစုသည် လက်ရှိ ကွန်ဂရက်တွင်လည်း ကြီးမားသော အတိုက်အခံအုပ်စု ဖြစ်နေပါသည်။ ငုယင်ဗင်လင့်သည် သမ္မတဦးသိန်းစိန် ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုဥပဒေ၊ ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ဥပဒေများကို ဗီယက်နမ် ကွန်ဂရက်တွင် ပြဋ္ဌာန်း အတည်ပြု အကောင်အထည် ဖော်ခဲ့သည်။

သို့သော် ခေါင်းဆောင် ငုယင်ဗင်လင့်သည် သန့်ရှင်းသော အစိုးရ ဖြစ်အောင်၊ ခြစားမှုများ၊ အာဏာ အလွဲသုံးစားမှုများ လုပ်နေသော သမားရိုးကျ အရိုးစွဲနေသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အပြစ်တင် တိုက်ခိုက်မှု များစွာ ကို ပြုလုပ်ခဲ့သည်။ ထိုအုပ်စုကလည်း ငုယင်ဗင်လင့်၏ ပေါ်လစီများကို နည်းမျိုးစုံနှင့် တိုက်ခိုက်ကြသည်။ သို့သော် ငုယင် ဗင်လင့်သည် ပန်းပန်လျက်ပင် ဖြစ်သည်။ အတိုက်အခံ ခေါင်းမာသူ၊ သမားရိုးစွဲ အုပ်စုကလည်း ကွန်ဂရက်တွင် ဆက်လက် ရှိနေသည်။ ယခု မြန်မာပြည်တွင် ဖြစ်သကဲ့သို့ အာဏာနှင့်ငွေရှိသော ခရိုနီများနှင့် နိုင်ငံခြား ငွေကြေး ရှိသူများက နိုင်ငံရေး ခေါင်းဆောင်ဘဝမှ စီးပွားရေး သူဌေးကြီးများ ဘဝသို့ ပြောင်းလဲကြသည်။ ဗီယက်နမ်တွင် နိုင်ငံခြား ကုမ္ပဏီများစွာ လာရောက် ရင်းနှီးမြှုပ်နှံကြရာတွင် ယခု မြန်မာပြည်တွင် ဖြစ်နေသကဲ့သို့ အာဏာပိုင်များနှင့် ပေါင်းပြီး ဝန်ထမ်းများ ခြစားမှု အကြီးအကျယ် ဖြစ်ပေါ်လာသည်။

ခေါင်းဆောင် ငုယင်ဗင်လင့်၏ ရိုးသား ဖြောင့်မတ်မှုဖြင့် ပေါ်လစီများကို အကောင်းဆုံး ဖြစ်အောင် ချပေးထားသည်။ ၁၉၉၀ ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို နောက်ထပ် သက်တမ်း ခေါင်းဆောင် မလုပ်တော့ဘူးဟု ကြေညာခဲ့သည်။ ပြောသည့်အတိုင်း ခေါင်းဆောင်ရွေးပွဲ တွင် သူမပါဘဲ ခေါင်းဆောင်သစ်ကို ကွန်ဂရက်မှ လွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ ၁၉၉၁ ကွန်ဂရက်က ပြုပြင် ပြောင်းလဲမှု ဘက်တော်သား Đỗ Mười ကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခဲ့သည်။ ငုယင်ဗင်လင့်သည် ၁၉၉၇ ခုအထိ ပါတီ ဗဟိုကော်မတီ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၇ အရှေ့တောင်အာရှ စီးပွားကပ်ကာလ သူ့နောက် တက်လာသော Đỗ Mười သည်လည်း ပြုပြင် ပြောင်းလဲရေး သမားပင် ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး များလည်း နှေးကွေးသွားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံကဲ့သို့ အတိုက်အခံများကို ကွန်ဂရက်ပါတီတွင် ပါဝင်စေသည့် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို အာဏာကိုင်စွဲသူ ကွန်မြူနစ် များက ခွင့်မပြုခဲ့။ နိုင်ငံရေး အတိုက်အခံများ ပြည်တွင်း၊ ပြည်ပအားလုံးကို နှိပ်ကွပ်မှု ဆက်လက် လုပ်ဆောင်ခဲ့သည်။ သို့သော် သတင်းစာ လွတ်လပ်ခွင့်၊ မီဒီယာနှင့် ဝေဖန်ပြောဆို၊ ရေးသားမှုများကို ခွင့်ပြုကြသည်။ မြန်မာပြည်တွင်လည်း ၁၉၉၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ စသည်တို့ဖြင့် တိုင်းပြည် စီးပွားမော့လာခဲ့သည်။ သို့သော် ၁၉၉၈ တွင် အရှေ့တောင် အာရှစီးပွားကပ် နှင့်အတူ မြန်မာပြည် အာဏာရှင် စနစ်ဟောင်းသို့ ပြန်ရောက် သွားခဲ့သည်။ ၁၂ နှစ်တိုင် အောင် အဆင်းရဲဆုံးနှင့် အခက်ခဲဆုံး စစ်အာဏာရှင် စနစ်အောက် အမှောင်ထု ဆက်လက် လွှမ်းမိုးခံရသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၉၉၈ ခုနှစ် အရှေ့တောင်အာရှ စီးပွားကပ် နောက်ပိုင်းတွင် ဗီယက်နမ် ပြုပြင်ပြောင်းလဲမှု တစ်ဟုန်ထိုး လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရောက် ဗီယက်နမ်များ ပြန်လာရေး အတွက် ပေါ်လစီများ ချမှတ် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ငုယင်ဗင်လင့် အကြံပေး အရာရှိအဖြစ်မှ အငြိမ်းစား ယူသည့် ၁၉၉၇ မှ သူကွယ်လွန်သည့် ၁၉၉၈ ဧပြီအထိ ခေါင်းဆောင်ဟောင်းကြီး မကျေနပ်မှုများကို ရင်ဖွင့်ခဲ့သည်။ (၈) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ဆိုးများကို ပွင့်လင်းစွာ ဝေဖန် ပြောကြားခဲ့သည်။ လွတ်လပ် နေပြီ ဖြစ်သော ဗီယက်နမ် မီဒီယာ၊ သတင်းစာများတွင် စိတ်ဓာတ် မြင့်မြတ်မှု လိုအပ် ကြောင်း ဆောင်းပါးများ အဆက် မပြတ် ရေးသားခဲ့သည်။ ရေဒီယို၊ တီဗီ၊ စာစောင် များတွင် ခုတ်ရာတခြား၊ ရှရာတခြား၊ မိမိတို့ရေးခဲ့သည့် ပေါ်လစီများမှာ လက်တွေ့ မအောင်မြင်ဟု ပြောခဲ့သည်။ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင် ခြစားသူများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ငွေရှင်များ ပူးပေါင်း လုပ်စားမှုများကို ‘Things That Must Be Done Immediately’ ဟု အခန်းကဏ္ဍတစ်ခု ဖွင့်ကာ သေသည့်တိုင်အောင် ဆောင်းပါးများ ရေးသားသွားခဲ့သည်။ (တရုတ် ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် ... တိန့်ရှောင်ဖိန်မှာ အောင်မြင်ခဲ့သည်။ ချက်ကိုစလိုဗက်က ဗားကလပ်ဟာဗဲလည်း အောင်မြင်ခဲ့သည်။ ကိုးရီးယားသမ္မတ ပတ်ချုံဟီးလည်း လုပ်ကြံ ခံခဲ့ရသော်လည်း ပြုပြင် ပြောင်းလဲမှုများ အောင်မြင်ခဲ့သည်)။

ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ငုယင်ဗင်လင့် ကွယ်လွန်ခဲ့ပြီ။ သူကွယ်လွန်ပြီးချိန်တွင် တရုတ်ပြည်ကြီးသည် တစ်ဟုန်ထိုး ထိုးတက်လာပြီး တရုတ်စီးပွားရေး သမားများနှင့် ဗီယက်နမ် ခရိုနီ၊ မိုနိုပိုလီ၊ အာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ မြစ်ဆုံ စီမံကိန်း၊ မြန်မာ လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ ပရောဂျက် များစွာကို (ပွင့်လင်းမြင်သာမှု မရှိဘဲ) လုပ်ခဲ့ကြသဖြင့် တိုင်းပြည်များစွာ နစ်နာခဲ့သည်။ မြန်မာပြည် ကဲ့သို့ပင် တရုတ်လက်နက် များစွာကို ဝယ်ယူခဲ့ပြီး ကြာကြာမခံ၊ သင်ခန်းစာများစွာ ရခဲ့သည်။ ယခုအခါ ဗီယက်နမ် ပြည်သူများသည် တရုတ် လုပ်ငန်းရှင်များကို အထူး သတိထား၊ ဆန့်ကျင်သော်လည်း ဗီယက်နမ် အစိုးရကမူ မလွန်ဆန်နိုင်ဆဲပင် ဖြစ်သည်။ ဗီယက်နမ်တွင် စက်မှု၊ စားကုန်လုပ်ငန်းများ တည်ထောင်ခဲ့သည့် ထိုင်းလုပ်ငန်းရှင် များစွာ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမျိုးသမီး များစွာရှိသော ဗီယက်နမ် လူဦးရေ သန်း ၁၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။ ဗီယက်နမ်သည် တရုတ်နှင့် စစ်ရေး ပူးတွဲ လုပ်ဆောင်မှုများ မရှိသကဲ့သို့ အမေရိကန်နှင့် ပြင်သစ် ကိုလိုနီများကိုလည်း အတိတ်ကြောင့် မယုံပါ။ သယံဇာတ ကြွယ်ဝလှသော (မြန်မာပြည်ထက် နှစ်ဆကြီးမားသည့်) ကမ်းလွန်ရေနံ၊ ဓာတ်ငွေ့လုပ်ငန်း များကို ရုရှားနှင့် အများဆုံး ပူးပေါင်း စီးပွားလုပ်ကိုင်သည်။ အထူးသဖြင့် ဗီယက်နမ် စစ်တပ်နှင့် စက်မှုလုပ်ငန်း ပညာတော်သင် ၉၀ ရာခိုင် နှုန်းမှာ ရုရှားပြည်သို့ သွားရောက် ဆည်းပူးနေသည်အထိ ရုရှား-ဗီယက်နမ် ချစ်ကြည်ရေး ကောင်းလှနေပါသည်။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်လည်း သူ့သက်တမ်း လေးနှစ်တွင် ပေါ်လစီများကို အကောင်းဆုံး ချပေးထားပြီဟု ဂုဏ်ယူ စွာဖြင့် မိန့်ခွန်းများ ပြောပါသည်။ နောက် သမ္မတ အစိုးရ သက်တမ်းကို မည်သူရမည် မသိနိုင်သေးသော်လည်း၊ နောက် သက်တမ်းတွင် ဗီယက်နမ်ကဲ့သို့ အရိုးစွဲနေသော နောက်ကြောင်း ပြန်လှည့်လိုသည့် စီးပွားရေး ခရိုနီအုပ်စုကို မဖယ်ထုတ် နိုင်သေးလျှင် ခက်မည်။

၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး ငုယင်ဗင်လင့် ကဲ့သို့ သတင်းစာများတွင် မကျေမနပ်နှင့် ဆောင်းပါးများ ရေးနေပါလိမ့်မည်။ သမ္မတဦးသိန်းစိန် ရေးခဲ့သမျှ ဥပဒေ အားလုံးလည်း ဗီယက်နမ် နိုင်ငံကဲ့သို့ ခရိုနီများက တလွဲအသုံးချ သွားပါလိမ့်မည်။ ဗီယက်နမ်ကို နမူနာယူပါ။ ထိုသို့ ခရိုနီများ ကြီးစိုးမည့် အရေးကို ကာကွယ်လိုပါက ၂၀၁၅ မတိုင်မီ ယခုကတည်းက NLD လွှတ်တော် အမတ်ကို ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ခန့်ထားရန် လိုပါသည်။ ကြံ့ခိုင်ရေးပါတီ ကြီးစိုးမှုကို အင်ဒိုနီးရှားစတိုင် ပါတီများ လွတ်လပ်စွာ ပြိုင်ခွင့်ပေးပါကလည်း မဆိုးလှပါ။ နေရာမပေးလျှင် နောက်ကြောင်း ပြန်ဆွဲလိုသူများ ကြီးစိုးနေဦးမည်။

ဗီယက်နမ် ခေါင်းဆောင်သစ်သည် ၁၉၈၆ တွင် ဆင်းရဲမွဲတေမှုမှ လွတ်အောင် ယခုဦးသိန်းစိန် လုပ်နေသည်နှင့် တစ်ပုံစံ တည်း ပြုပြင် ပြောင်းလဲမှု လုပ်ပါသည်။ လေးနှစ်ပြည့်သောအခါ ဥပဒေအားလုံး ပြုစုခဲ့ပြီဟု ဆိုကာ နောက် ပြုပြင် ပြောင်းလဲမှု ထောက်ခံသူ (ဥပမာ-ဦးရွှေမန်းလို လူကို) အာဏာလွှဲပေး လိုက်ပါသည်။ နောက်တက်သည့်လူက နောက် ကြောင်း ပြန်ဆွဲလိုသူများကို မကာကွယ်နိုင်သောကြောင့် ထင်သလို ဖြစ်မလာပေ။ အလားတူ ဦးသိန်းစိန် အနေနှင့် NLD ကို ဝန်ကြီး တစ်နေရာမျှပင် မပေးနိုင်ပါက ၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ခေါင်းဆောင် ဟောင်း ငုယင်ဗန်လင့် ကဲ့သို့ အငြိမ်းစားဘဝမှ သတင်းစာ၊ တီဗီတွေများတွင် မကျေမနပ်ဖြင့် ဆောင်းပါးများ အဆက် မပြတ် ရေးရင်း ဘဝ နောက်ဆုံးအချိန်များ ကုန်လွန်သွားမည်ကို မြင်ယောင်မိပါသည်။ ဒေါ်စုကို ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ထဲလည်း မထည့်နိုင်၊ ငြိမ်းချမ်းရေး ကော်မတီထဲလည်း မထည့်နိုင်၊ အာဏာရှိစဉ် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မြန် သုံးစေလိုသည်။ လက်ရှိတွင်မူ ခရိုနီများကို အကာအကွယ် ပေးလိုသူဟု မှတ်ချတ်ပြုခံရသူ ဦးရွှေမန်းက ကောင်းစွာ အသုံးချနေပေပြီ။

The Voice

Monday, December 2, 2013

ကချင် စာကို ချစ်ပါ၊ကချင်စာပေ ကို မြတ်နိုးပါ။


ဖေ့ဘွတ်မှာ ဖတ်လိုက်ရတဲ့ သတင်းစာ အပိုင်းစ လေးမှာ တိုင်းရင်းသား ဘာသာ စာပေကို အစိုးရကျောင်းမှာ ကျောင်းချိန်ပြင်ပ သင်ကြားပေးတော့မယ်။ဒါပေမယ့် အဲဒီအထဲမှာ ကချင် ဘာသာ မပါဘူး။ဒီသတင်းပေါ်မှာ တချို့တွေ က အံကြိတ်ကြ။တချို့ က ဆဲကြ၊တချို့ က ကြိတ်မနိုင်ခဲမရ၊တချို့ ကလည်း ရန်ငါ စည်းပြတ်ကြပေါ့။ကျွန်တော့်အတွက် တော့ ၀မ်းသာစရာပေါ့..။ဘာလို့ ၀မ်းသာစရာလည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကြီးမှာ ၀န်ကြီးတွေရဲ့ သဘောထားအမှန်ကို သိလို့ ဘဲ လို့ ဖြေရမလို။အမှန်တော့ တိုင်းရင်းသားတွေ အပေါ် လက်တဆုပ်စာ ဗမာ ဗိုလ်ချုပ်တွေ ဘယ်လို သဘောထားတယ် ဆိုတာ အထွေအထူး ပြောနေဖို့ လိုနေမယ် မထင်ဘူး။ သိပြီးသား။နောက်ဆုံး ကုန်ကုန်ပြောရ ရင် ကချင်ဟာ စာသင်ကျောင်းမှာသာ မက မြန်မာနိုင်ငံမှာ  ပြည်နယ်တခုအနေနဲ့တောင် မပါတော့ဘူးဆို ရင်လည်း ကျွန်တော်ကတော့ လက်ခံမှာပါဘဲ။ဝမ်းသာနေအုန်း မှာဘဲ။

ဒါဆိုရင် ကျွန်တော့်ကို အပြစ်တင်ကြအုန်းမယ်။ခွဲထွက်ရေးသမား၊ဖြိုခွဲရေးသမား လို့ ဆဲဆိုကြအုန်းမလား။
အမှန်တော့ မဟုတ်ပါဘူး။ကျွန်တော်က တော့ မြန်မာပြည်ကြီးထဲမှာ ကချင်တယောက်အနေနဲ့ ပါချင်တယ်။
မြန်မာနိုင်ငံကြီးအတွက် ကချင်တယောက်အနေနဲ့  အုတ်တချပ် သဲတပွင့် အဖြစ်ပါချင်တယ်။ဒါပေမယ့် အတ္တကြီးကြီး၊အာဏာဖီးဖီး နဲ့ တို့ လုပ်လိုက်ရင် ဘာတတ်နိုင်မလဲလို့ ထင်ရာစိုင်းသူတွေကပထုတ် နေမှတော့ ကျွန်တော့က လက်ခံလိုက်ယုံပါဘဲ။ကျွန်တော်က ဘာကောင်မှ မဟုတ်တာလေ။

ဘယ်လိုဘဲ ဖြစ်ဖြစ်၊ အစိုးရရဲ့ စေတနာဟာ မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ လက်ခံရမှာ ပါဘဲ။ဘာလို့လက်ခံရမှာလဲ ဆိုတော့ ဘယ်လိုစကားတလုံး၊ ဘယ်လိုစာတကြောင်းဟာ ဘယ်သူ့ကို ရည်ညွန်းဖွဲ့ဆိုသည်ဖြစ်စေ  အဲဒီသူက လက်ခံမှဖြစ်တယ်။အဲဒီသူက လက်မခံရင် ဘာအကျိုးမှ မသက်ရောက်ဘူး။ဒါက ကျွန်တော် လက်ခံထားတဲ့ အချက် ပါဘဲ။ဒီတော့ ကချင်စာပေကိုဖြစ်စေ၊လူမျိုးကို ဖြစ်စေ၊ပြည်နယ်ကို ဖြစ်စေ  မြန်မာနိုင်ငံ မှာ ပါတယ် မပါဘူး ဆိုတဲ့ဆုံးဖြတ်ခွင့်ဟာ ကချင်အမျိုးသားတွေ လက်ထဲမှာဘဲ ရှိလို့ ပါဘဲ။ဘယ်သူ တစ်ဦး တစ်ယောက် အဖွဲ့အစည်း က မှဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ကချင်လူမျိုး တို့ရဲ့ စာပေ၊ယဉ်ကျေးမှု၊ပြည်နယ် ဟာ ကချင်လူမျိုးတွေ ရဲ့ လက်ထဲမှာဘဲ ရှိတယ်။ဒါကြောင့် အစိုးရ စာသင်ကျောင်းမှာ ကချင်စာ မသင်ပေးလည်း ဘာမှ မဖြစ်ဘူး။စာသင်ကျောင်းရှိမှ စာသင်လို့ ရတာလဲ မဟုတ်ဘူး။တို့တတွေမှာ အမျိုးဆိုတာရှိတယ်၊ မိဘတွေ ရှိတယ်၊ညီအကို တွေရှိတယ်။ လက်တွေကို ခိုင်ခိုင်မြဲမြဲ တွဲထားကြမယ်။
တယောက်တတ်တာကို တယောက် လက်ဆင့်ကမ်းခဲ့ကြမယ်။တို့တတွေရဲ့ ယုံကြည်မှု၊ယဉ်ကျေးမှု၊ဘာသာ စကားတွေကို အစိုးရ စာသင်ကျောင်းတွေမှာ မသင်ဘူး။တို့တတွေ ရှိတဲ့နေရာ မှာ တို့တတွေ သင်ယူကြမယ် လေ့လာကြမယ်။လက်ဆင့် ကမ်းခဲ့ ကြမယ်။တို့တွေရဲ့ စာပေ ဘာသာ စကား ကို ရောက်တဲ့ နေရာမှာ ကဗျည်း ထိုးခဲ့ကြမယ်။တို့တတွေရဲ့ အားတွေကို တင်းထားကြမယ်။ကဲ ဘယ်လောက် ပျော်စရာကောင်းလဲ....။

အမှန်တကယ်ပြောရ ရင် အစိုးရကျောင်းကို အမှန်တကယ် ကို မတက်ချင်တာ။ကျွန်စိတ် ကိုရိုက်သွင်းတဲ့ အစိုးရကျောင်း။ကောင်း၊ဆိုး ကြောင်း၊ကျိုးကို ဆင်ခြင်စိတ်မရှိ  အမိန့်နာခံမှု စိတ်ဓါတ်ကို ရိုက်သွင်းပေးတဲ့ ကျောင်း ပေါ့။ဒါဆို မင်းက ဘာလို့ ကျောင်းပြီးအောင် တက်ခဲ့သလဲကွ လို့ မေးချင်နေစမ်းမယ်။မှန်တယ် ကျွန်တော် အစိုးရကျောင်းကို တက်ခဲ့တယ်။ဘွဲ့ရအောင်ကို တက်ခဲ့တာ။အဖြေကတော့ ရှင်းတယ် အစိုးရကို ကောင်းဆိုး၊ကြောင်းကျိုး တွေ ရေးပြနိုင်ဖို့ ကျောင်းတက်ခဲ့တာ။အစိုးရ သင်ပေးတဲ့ ကျောင်းတက် ပြီး အစိုး ရကို ကျေးဇူးကန်း တယ် လို့ ပြောအုန်းမှာလား။ထင်ချင်သလို ထင်နိုင်ပါတယ်။ ဒီအတွက် အဖြေက တော့ ကျွန်တော့်ရှေ့က နောင်တော်ကြီးတွေ ရှိပါတယ် လို့ဘဲ ဖြေပါရစေ။

နောက်ပြီး ဗမာစာ ကိုလည်း တတ်ကို မတတ်ချင်တာ ဒါပေမယ့် တတ်အောင်ကို လေ့လာရမယ်၊မှတ်သားရမယ် ဆိုတဲ့ အသိကို ဗိုလ်ချူပ်အောင်ဆန်းက ပေးခဲ့တာ။ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတခွန်း တသက်လုံး မမေ့ဘူ။အင်္ဂလိပ်ကို တိုက်ဖို့ အတွက် အင်္ဂလိပ်စာနဲ့ စကားကို တတ်ကို တတ်ရမယ်။အနည်းဆုံး သူတို့က လာဆဲရင် ဗိုလ်လိုပြန်ဆဲ နိုင်တာပေါ့။ သိပ်မှန်တဲ့ စကားပါ။ဒီနေရာမှာ အင်္ဂလိပ် အားလုံးကို မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကို အင်္ဂလိပ်လိုလာဆဲ၊လာဖြဲ၊လာခြောက်ပြတဲ့သူတွေကို သာ ဆိုလိုရင်းဖြစ်တယ်။ကချင်တွေ အားလုံး ဗမာစာ၊စကား ကို လေ့ကိုလေ့လာရမယ်။တတ်ကို တတ်ရမယ်။ဒါမှ ကိုယ့်ရန်သူကို ဘယ်လိုရင်ဆိုင်ရမယ်ဆို တာ သိနိုင်၊တတ်နိုင်မယ်။ကိုယ်ရင်ထဲ စိတ်ထဲ ခံစားချက်မှန်သမျှကို ဗမာလို ရေးပြ ချပြ နိုင်အောင် လုပ်ရမယ်။ဒါမှ သူတို့တွေနားလည်မယ်၊ ဒီထက် ပိုလာရင်တော့ အင်္ဂလိပ်လို ရေးနိုင်ပြနိုင် ရင် ပိုကောင်းမယ်။ဒါမှ နိုင်ငံတကာမှ ကချင် လူမျိုးတွေက ဒီလို လူမျိုးတွေကွ ဆိုပြီး လက်ခမောင်းခတ်နိုင်မယ်။ဒီလို ဗမာစာ ကိုလေ့လာတာဟာ ကိုယ့်ဘာသာ စကားကို မကြိုက်လို့ မဟုတ်ဘူးဆိုတာနားလည်ရမယ်။ကိုယ်ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကိုယ့်ကို သိထားရမယ်။

ငါတို့ရဲ့ စာ၊စကား ကို ဘယ်လိုပိတ်ပင် တားဆီးပါစေ။တို့တတွေ လက်ခံမှ ဖြစ်တယ်။လက်မခံရင် သူတို့တွေရဲ့ ရည်ရွယ်ချက်ဟာ မအောင်မမြင်ဖြစ်မှာဘဲ။ဒီတော့ တို့တတွေ စိတ်တိုစရာလဲမလိုဘူး ၊ပြန်ဆဲစရာလဲ မလိုဘူး၊ကြိတ်မနိုင်ခဲမရ ဖြစ်စရာ အကြောင်းမရှိဘူး။အချိန်ကုန်မယ်။လေကုန်တယ်။

တို့တတွေရဲ့ စာပေနဲ့ စာတွေကို ရေးကြမယ်။ကဗျာတွေကို ဖွဲ့ကြမယ်။ ကလောင်ကိုင် လို့ရတဲ့ လက်မှန်သမျှ၊ ကချင်စာပေကို ချစ်မြတ်နိုးတဲ့သူမှန်သမျှ ရေးကြ၊ဖွဲ့ကြမယ်။ ရှေ့တန်းမှာ အသက်ပေးလို့ ကာကွယ်နေတဲ့ သူတွေကို လေးစားတဲ့အတိုင်းပေါ့။နောက်တန်းက ကလောင်ကိုင်လို့ ရတဲ့ သူမှန်သမျှ ကလောင်ကို ကိုင်ကြစေချင်တယ်။

စာအုပ်တအုပ်မှာ ဖတ်ဖူးတာ က ခုဆိုရင် ရုရှား ကျောင်းတွေမှာ ရုရှား ဘာသာစကား အပြင်၊အင်္ဂလိပ်စာ နောက် မိမိကြိုက်တဲ့ ဘာသာစကားကို မဖြစ်မနေ ရွေးချယ်ပြီး သင်ရတယ်တဲ့။ဒီတော့ ရှရှား ကလေးတ ယောက်ဟာ ကြီးပြင်လာတာနဲ့ ဘာသာစကား သုံးမျိုးကို တတ်နေမှာဖြစ်တယ်။

ဒီတော့ တို့တတွေ အနေနဲ့ ကချင်ဘာသာ စကား နဲ့ အင်္ဂလိပ် ဘာသာ စကား အပြင် မဖြစ်မနေ လေ့လာ ဆည်းပူးနေရမယ်။ဗမာစာနဲ့ အိမ်နီးချင်း တရုတ် စာ ကို လေ့လာ နိုင်မှ သူတို့ တတွေနဲ့ ယှဉ်နိုင်မယ်။ကချင် စာ ကိုကျတော့ ကမ္ဘာမှာ ကချင်လူမျိုးတွေ ရှိခဲ့တယ်။စာပေ ပိုင်ဆိုင်ခဲ့တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လေ့လာ လိုက်စားရမယ်။အင်္ဂလိပ်စာ ကိုကျတော့ နိုင်ငံတကာမှာ ကချင်တွေဟာ စစ်ဘဲတိုက်တဲ့ လူမျိုးမဟုတ်ဘူး နိုင်ငံတကာ စာပေကို အကျွမ်းတ၀င်ရှိကြောင်း ပြသနိုင်ဖို့ တတ်ကို တတ်မှ ဖြစ်မယ်။ဗမာစာကို ကျတော့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ အတိုင်းပေါ့။တရုတ်စာကိုကျတော့ တရုတ်တွေ လူလည် မကျနိုင်အောင် တရုတ်စာကို တတ်မှကိုဖြစ်မှာ။

ဒီတော့ သူငယ်ချင်း တို့ရေ ဘာမှ မခံမရပ်နိုင် မဖြစ်နဲ့၊ ကြိတ်မနိုင်ခဲမရလဲ မဖြစ်နဲ့။ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့ဘဲရှိတယ်။တို့တတွေဟာ အခွင့်အရေးရှိမှ လုပ်နိုင် ကိုင်နိုင်တာ မဟုတ်ဘူး ဆိုတာကို ပြသဖို့ အချိန်ဘဲ။တို့တတွေမှာ ဘာအခွင့်အရေးမှ မရှိဘူး။ဒီထက်ပိုပြီးတော့ လုပ်သမျှကို တားဆီးခံနေရတယ် ဆိုတဲ့ကြားက တို့တတွေရဲ့ ဘာသာ စကားကို ဒီကမ္ဘာကြီးမှာ ချန်ထားခဲ့ကြရအောင်။

တို့ လူမျိုးတွေကို နှိပ်ကွပ်တယ်၊တို့တွေ သာမဟုတ်ပါဘူး တခြား တိုင်းရင်သားတွေလည်း ရှိပါသေးတယ်။
လူမျိုးတမျိုး ကမာ့္ဘမြေပေါ် က ပျောက်ကွယ် သွားဖို့ ဆိုတာ လူတွေနဲ့မဆိုင်ဘူး။ဘုရားသခင်နဲ့ ဘဲ ဆိုင် တယ်။ဒါကို ခရစ်ယာန် တွေအားလုံး သိမှာပါ။

ဒါပေမယ့် လူမျိုးတမျိုး ကမ္ဘာပေါ်မှာ ရှိခဲ့တယ် ဆိုတာကို နောက်လူတွေ သိဖို့ က အဲဒီ လူမျိုးနဲ့ဘဲ ဆိုင်တယ်။ဘုရားသခင် အလိုတော်ရှိရင် ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်က ပျောက်ကွယ်မှာပါ။ ဒီတော့ တို့ ကချင်လူမျိုးတွေ ကမ္ဘာမြေပေါ်မှာ ရှိခဲ့တယ် ဆိုတာ ကို သက်သေပြဖို့ တို့ ကချင်လူမျိုး တယောက် စီတိုင်းမှာ တာဝန်ရှိတယ်။ အောင်မြင်မှုဆိုတာ အခက်ခဲ၊တာဆီး ပိတ်ပင်မှု တွေကို ကျော်လွားပြီးမှ ရယူရတာမျိုးပါ။အခွင့်အရေးရှိလို့ လုပ်နိုင်တယ် ဆိုတာတော့ လူတိုင်းလုပ်နိုင်တယ်။ဒါပေမယ့် တို့ ကချင်တွေက တားဆီးပိတ်ပင်နေတဲ့ ကြားက လုပ်နိုင်တယ် ဆိုတာကို ပြကြမယ်။

အာဏာရှင်မှန်သမျှကို ဆန့်ကျင့်ဖို့ တို့ရဲ့ ကလောင်ဓါးကို သွေးကြ၊ သွေးကြမယ်။ကြောက်ရွံ့မှု ကင်းတဲ့ လွတ်လပ်တဲ့ စိတ်ထားတွေနဲ့ရေးကြမယ်။ကချင်စာပေကို ချစ်မြတ်နိုးလို့ တို့ ကချင်လူမျိုးတွေရှိတဲ့ နေရာ တိုင်းမှာ ကချင်စာကို ရေးသားခဲ့ကြရအောင်လား။


ဒီးဒိုး။

Friday, November 29, 2013

လက်နက်ကိုင်တွေရဲ့ပြဿနာ ဘယ်လောက်ကြီးမားနက်ရှိုင်းလဲ


ခုတစ်လော နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ပြောဆိုမှု အများဆုံးကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စပြီးရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ ကိစ္စပါ။အစိုးရဘက်ကတော့ ပြည်ထောင်စု တပ်မတော်လို့ သုံးနှုန်းပါတယ်။ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ပြဿနာအရပ်ရပ်ဖြေရှင်းမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြဿနာကိုလည်း ချန်ထားလို့မရပါဘူး။

ဒါပေမဲ့ တကယ့်တကယ် ဒီပြဿနာအကြောင်း ပြောဆိုနေကြတဲ့သူ တစ်ချို့ကိုယ်တိုင် ဒီပြဿနာ ဘယ်လောက်ကြီးတယ်၊ ဘယ်လောက် နက်ရှိုင်းတယ် ပြည့်ပြည့်၀၀ မသိကြပါဘူး။

အခု ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။ တပ်မတော် လက်ရှိ တပ်မတော်ကို အစိုးရ စစ်တပ်လို့ ခေါ်ရတာတောင် ခပ်ခက်ခက်ပါ။ အကြောင်းကတော့ အစိုးရအဖွဲ့ လက်အောက်မှာ ရှိမနေလို့ပါ။

တပ်မတော် သမိုင်းကြောင်းကို ခပ်တိုတို ပြန်ပြောရရင် လွတ်လပ်ရေးရပြီးစ နှစ်တွေမှာ ကွဲထွက် မှုမျိုးစုံဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်း ပြန်လည် စုဖွဲ့ထားတဲ့ တပ်မတော်ကတော့ ကြီးကြီးမားမားကွဲ ထွက် တာမျိုး ဖြစ်ပေါ်တာ မတွေ့ရတော့ပါဘူး။

အာဏာရှင်တွေ လက်အောက်မှာ ဂိုဏ်းဂဏကြောင့် အုပ်စုလိုက် ဖြုတ်တာ၊ ထုတ်တာ၊ ဖမ်းဆီးထောင်ချတာမျိုးတွေ ရှိခဲ့ပေမယ့် ကြီးမားတဲ့ ပုန်ကန်မှုမျိုးတွေလည်း မကြုံခဲ့ရပါဘူး။

ဒီကနေ့အချိန်ထိ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်စရာ ပြဿနာ ကြီးကြီးမားမားရှိနေတဲ့တိုင် နိုင်ငံတကာ စံချိန်မီ၊ အမိန့်နာခံတဲ့ စစ်တပ်ဖွဲ့ဖြစ်နေသေး တာကတော့ ငြင်းလို့မရပါဘူး။

ဒါက တပ်မတော်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်ပါ။ ဆိုးတဲ့အချက်ကတော့ တပ်မတော်ဟာရာစု နှစ်တစ်ဝက်ကျော်အထိ အာဏာရှင်တွေ လက်ထဲ ကျရောက်ခဲ့တာပါ။ တပ်မတော်ကိုလက်ကိုင် တုတ် လုပ်ပြီး တိုင်းပြည်ကို ထင်သလို စီမံခန့်ခွဲခဲ့ကြလို့ တိုင်းပြည်လည်း ဆင်းရဲတွင်းထဲရောက်၊ ဂုဏ်သိက္ခာတွေ လည်း ကျဆင်း၊ ကမ္ဘာ့အလယ်မှာလည်း မျက်နှာ ငယ်ခဲ့ရတာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တပ်မတော် ခေါင်းဆောင်တွေ တိုင်းပြည်ကို အပြောင်းအလဲလုပ် စပြုလာ ပါပြီ။ နိုင်ငံရေးကို ရာခိုင်နှုန်းပြည့် ၀င်စွက်နေတာကနေ နည်းနည်းနောက်ဆုတ်ပေးလိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမားတွေ စည်းရုံးနိုင်ခဲ့မယ်ဆိုရင် နောက် မျှော်မှန်းလို့ရတဲ့ ကာလတစ်ခု အတွင်း တပ်မတော်ဟာ နိုင်ငံတကာ တပ်မတော်တွေလို ပရော်ဖက်ရှင်နယ်တပ်မ တော်တစ်ရပ် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။

ဆိုလိုရင်းကတော့ တပ်မတော် ပရော်ဖက်ရှင်နယ်ဖြစ်ရေး ကိစ္စဟာ နိုင်ငံရေးသမားတွေ စည်းရုံးနိုင်မှုနဲ့ နိုင်ငံရေးပြေလည်မှုရရေးအပေါ်မှာ မူတည်ပါတယ်။ အားလုံးဖျက်ပြီး အားလုံးအသစ် ပြန်တည်ဆောက် ဆိုတာမျိုး လုံးဝမလိုအပ်ပါဘူး။

လက်နက်ကိုင်အင်အား လက်ရှိ မြန်မာ့တပ်မတော်ဟာ သူ့ရဲ့ အင်အားကို လျှို့ဝှက်ထားပါတယ်။ဒါပေမဲ့ ခန့်မှန်းမှုတွေအရကတော့ အင်အား လေးသိန်းနဲ့ ငါးသိန်းကြားလို့ မှန်းကြပါတယ်။ ဆင်းရဲတဲ့တိုင်းပြည် တစ်ပြည်အတွက် အလွန်များတဲ့ အင်အားပါ။

နောက်ပိုင်း တပ်မတော်ရဲ့ လက်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို အသွင်ပြောင်း ထားတဲ့ နယ်ခြား စောင့်တပ်ဖွဲ့ ရှစ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ၁၇ ဖွဲ့လည်း ရှိလာပါတယ်။ ခုဆိုနယ်ခြားစောင့် တပ် တပ်ရင်းပေါင်း ၂၃ ရင်း ရှိနေပါပြီ။

နောက်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေပါ။ စုစုပေါင်းအင်အား တစ်သိန်းဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခု ဒီအင်အားစုတွေနဲ့ အစိုးရ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ နေကြပါတယ်။

နောက်ပိုင်း ဒီတပ်ဖွဲ့တွေ ဘယ်လိုပုံစံနဲ့ တည်ရှိမလဲ၊ လက်ရှိတပ်မတော်နဲ့ ဘယ်ပုံဘယ်နည်း ပေါင်းစည်းမ လဲဆိုတာတွေကို ဆွေးနွေးကြရတော့မှာပါ။ လူတွေမသိတဲ့ ပြည်သူ့စစ် အင်အားနောက်ထပ် ပြည်သူတွေ သိပ်မသိသေးတဲ့ ကိစ္စတစ်ခုကတော့ ပြည်သူ့စစ်တွေ ပြဿနာပါ။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၅,၀၀၀ ကျော်ရှိပါတယ်။ အလွန်များပါတယ်။ လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ်ရော၊ လက်နက်ကိုင် မထားသူတွေပါ ပေါင်းရင် ပြည်သူ့စစ်အင်အား စုစုပေါင်းတစ်သိန်း ရှစ်သောင်းကျော် ရှိပါတယ်။

ဒီလူတွေကို အစိုးရက တရားဝင်လစာ၊ ရိက္ခာ ထောက်ပံ့ထားတာ မရှိတဲ့အတွက် ဘယ်လိုရှာဖွေစား သောက်နေကြမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အားလုံးပေါင်းလိုက်ရင် မြန်မာနိုင်ငံမှာလက်နက်ကိုင် အင်အား ခုနစ်သိန်းကနေ ရှစ်သိန်း ၀န်းကျင်လောက် ရှိနေတဲ့ သဘောပါ။

ဒါဟာ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ ၀န်ထုပ်ပါပဲ။ မြန်မာနိုင်ငံကပြည်ထောင်စု တပ်မတော်အကြောင်း ပြောမယ်ဆိုရင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ပြဿနာဖြေရှင်းမယ်ဆိုရင် ဒါတွေအားလုံး လွှမ်းခြုံစဉ်းစားရပါလိမ့်မယ်။

ပင်မ ဖြစ်တဲ့ တပ်မတော်ကြီးကတော့ နိုင်ငံရေးအရ အဖြေရှာပြီး ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် ပြောင်းလဲရပါမယ်။ တပ်အင်အား လျှော့ချပြီး အရည်အသွေးရှိတဲ့ တပ်မတော်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရပါလိမ့်မယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ကိုတော့ တချို့ ပြည်ထောင်စု တပ်မတော်ထဲ ပုံစံတစ်ခုနဲ့ ပါဝင်ကြရပါလိမ့်မယ်။ တချို့ လျှော့တန်တာလျှော့၊ တချို့ ဖျက်သိမ်းတန်တာ ဖျက်သိမ်းရပါမယ်။ ပြည်သူ့စစ် ဖျက်သိမ်းရေး အလားတူ ပြည်သူ့စစ်တပ်ဖွဲ့တွေဆိုတာလည်း ဖျက်သိမ်းကြရပါမယ်။

ဒါကလည်း အကြောင်းရှိပါတယ်။ လောလောဆယ်မှာပဲ အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ ပြဿနာတချို့ မြင်နေရပါပြီ။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ်မှာဘိန်းစိုက်တာ ၁၃ ရာခိုင်နှုန်း တိုးတက်လာပြီး ဘိန်းဖြူထုတ်လုပ်တာကလည်း ၂၆ ရာခိုင်နှုန်း အထိတိုးတက်လာတယ်လို့ ကုလ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ သတင်းတွေက ဆိုပါတယ်။

အင်ဖက်တမင်းလို စိတ်ကြွဆေး ဖမ်းဆီးရမိမှုကလည်း တစ်ကြိမ်တည်းမှာကို သိန်းဂဏန်း၊သန်းဂဏန်း များပြားလာနေပါတယ်။ ဒါတွေက ပြည်သူ့စစ်တွေအနေနဲ့ လက်နက်ကိုင် ထားပြီးကိုယ့်စီးပွား ကိုယ်ရှာနေရတာ၊ လတ်တလော အပစ်အခတ်ရပ်ထားတာ စတာတွေနဲ့ ဆက်စပ်နေ ပါတယ်။

အဲလို လက်နက်ကိုင်အင်အားစုတွေ ဖျက်သိမ်းရေး လုပ်ရတာကလည်း မလွယ်ပါဘူး။ ကုလသမဂ္ဂ စစ်တမ်းတွေအရ လက်နက်ဖျက်သိမ်းခဲ့တဲ့ နိုင်ငံရှစ်နိုင်ငံကို လေ့လာရာမှာ တပ်ဖွဲ့ဝင် အင်အားခြောက် သောင်း ခုနစ်ထောင်ကျော် အတွက် ဘတ်ဂျက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ကုန်ကျခဲ့ပါတယ်။ လက်နက် ကိုင်တစ်ယောက်ကို လက်နက်ဖျက်သိမ်းဖို့ ကုန်ကျစရိတ် ဒေါ်လာ ငါးသောင်းကျော် ရှိနေတဲ့ သဘောပါ။

ဖျက်သိမ်းရမယ့် လက်နက်ကိုင်အင်အား၊ ကုန်ကျရမယ့် ကုန်ကျစရိတ်တွေခန့်မှန်းနိုင်ပါ တယ်။လက်နက် ကိုင် ပြဿနာ ဆွေးနွေးပါ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲခရီးစဉ်ရှေ့ကို ချီတက် နေပါတယ်။

မကြာခင် တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ပေါ်ပေါက် လာပါလိမ့်မယ်။ပြီးရင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ မူဘောင် ချမှတ်ရေး အစည်းအဝေး တွေ ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။

အဲဒီမှာ ပြေလည်မှုရရင်တော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး မလွဲမသွေ ပေါ်ပေါက်လာ မှာဖြစ်ပါ တယ်။ အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု တပ်မတော် ကိစ္စတင်မက စောစောက တင်ပြခဲ့တဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ ပြဿနာကိုပါ ထည့်သွင်းဆွေးနွေးဖို့ သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

 စည်သူအောင်မြင့်  - မြန်မာတိုင်း(မ်)

Thursday, November 21, 2013

တရားတဲ့ နည်းလမ်းနဲ့ မြန်မာပြည်ကြီးကို မအုပ်ချုပ်နိုင်ရခြင်း အကြောင်းများ။

မြန်မာပြည်ရဲ့ ပြည်တွင်း စစ် ပြဿနာကို အမျိုးမျိုးတွေးတောယူဆ ကြပါတယ်။ အထူးသဖြင့်၊ ဗမာခေါင်း ဆောင်များ စိုးမိုးထားတဲ့ ဗဟိုအစိုးရ နဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူနည်းစု ပြည်နယ်များကြား အာဏာ ခွဲဝေရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အခါ၊ မြန်မာပြည်ကြီးကွဲသွားဖို့ အရေးကို တွေးပူတဲ့ အကြောင်း အလေးထားပြောကြတာ တွေ့ရတတ်ပါတယ်။

ဗမာ၊ ဗမာ လို့ ပြောကြတဲ့ အခါ ဗမာ သူငယ်ချင်းတွေက မကြိုက်တတ်ပါဘူး။ ဗမာ မဟုတ်ဘူး၊ စစ်တပ်ပါ၊ လို့လဲ ဆိုတတ်ပါတယ်။ ဟုတ်ပါတယ်။ မှန်သင့်သလောက် မှန်ပေမယ့် တကယ့်တကယ် ဗမာစစ်ခေါင်း ဆောင်ကြီးတွေနဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တိုင်းမှာ တူညီနဲ့ ယူဆ ချက်ရှိတယ်။ အဲဒါကတော့ မြန်မာ ပြည်ကြီးကို တရားနည်းလမ်းတကျ အုပ်ချုပ်လို့ မရနိုင်ဘူး ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ယဉ်ကျေးတဲ့ နိုင်ငံတွေလို တရားနည်းလမ်းတကျ၊ အရှက်တရား၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး တွေကို တန်ဖိုးထားပြီး အုပ်ချုပ်ရင်၊ အင်္ဂလိပ်အစိုးရ လို လွတ်လပ်ရေးတွေ ပေးလိုက်ရတော့မယ်။ တကယ့်တကယ် စားပွဲပေါ်မှာ ကမ္ဘာ့လူထုရှေ့ အားရ ပါးရ နိုင်ငံရေးစကား လွတ်လွတ်လပ်လပ် ငြင်းခုန်ကြ၊ ပြောကြစတမ်း ဆိုရင် တိုင်းရင်းသား နယ်တွေဟာ လွတ်လပ်ရေး မပေးလို့ မရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါ အမှန်တရားပါ။ ကချင်၊ ရှမ်း၊ ကယား၊ ချင်း နယ်မြေတွေဟာ ဗမာဘုရင်များ မပိုင်ခဲ့ပါဘူး။ ဗမာ ဘုရင်များ ကျဆုံးသွားသည့်တိုင်အောင် တိုင်းရင်းသား နယ်မြေတွေဟာ နှစ်ပေါင်း တော်တော်ကြာတဲ့ အထိ အင်္ဂလိပ် အောက် မရောက်သေးပါ။ လွတ်လပ်ရေး ပေါင်းယူကြတဲ့ သမိုင်းအမှန်ကိုတောင် လိမ်ထားဆဲ အဖြစ် အပျက်က သက်သေပြ နေပါတယ်။ ဥပမာ.. ပင်လုံညီလာခံ ကို ကျောင်းသင်ခန်းစာ တွေမှာ ဘယ်တော့မှ မထည့်ခဲ့ပါ။ မြန်မာပြည် သမိုင်းကျောင်းသားတွေ ဘွဲ့သာ ရသွားတယ်၊ ပင်လုံစာချုပ်အကြောင်း တခါမှ မမြင်ဘူးပါ။ အထူးသဖြင့် အင်္ဂလိပ်ခေတ်မှာတောင် ကချင်ပြည်နယ်ဟာ အချုပ်အချာ အာဏာပိုင် ကချင်ဒူဝါများ ကိုယ်ပိုင် နယ်စားများ အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဆိုတာ အနည်းဆုံး အခွင့်အရေး ကို တောင်းဆို နေခြင်း ဖြစ်တယ်။ တကယ်တော့ ကိုယ့် နိုင်ငံ ကိုယ် လွတ်လွတ်လပ်လပ် တည်ထောင်ခွင့် ရှိတဲ့ လူမျိုးတွေ ဖြစ်တယ်။
ဒီတော့... ဒီလို အခြေအနေ ရောက်မလာအောင် အရှက်တရား၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေကို နောက်ချိတ်၊ ဘေးဖယ်ပြီး လူများစုက ဖင်ပိတ်ငြင်းပြီး အနိုင်ကျင့်လို့ရတဲ့ နည်းဥပဒေ တွေ မဖြစ်မနေလို အပ်လာပါတယ်။ အဲဒါကတော့ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုတဲ့ အဆိုအမိန့် ထွက်လာရခြင်းရဲ့ အကြောင်းရင်းတွေပါ။
ဒီနေရာမှာ လိုအပ်ချက်အရ မဖြစ်မနေ လုပ်ရမဲ့ အပိုင်းတွေမှာ

(၁) ပညာရေး လွတ်လပ်ခွင့် ပိတ်ပင်ထားဖို့ ဖြစ်ပါတယ်။ ပညာရေး လွတ်လပ်ခွင့်ရသွားရင် သမိုင်း အမှန်တွေ ဖေါ်ထုတ်လာမယ်။ ခေတ်သစ်တိုင်းရင်းသား လူငယ်တွေ ကိုယ့် ရပိုင်ခွင့် ကိုယ်သိလာမယ်။ (စကော့တလန် ကို နှစ်ပေါင်း ၇၀၀ ကျော် အုပ်ချုပ်ထားလဲ ဗြိတိန်လူမျိုးတွေ လွတ်လပ်တဲ့ အတွေးအခေါ် အောက်မှာ မဖြစ်မနေ လွတ်လပ်ရေး ပေးလာရခြင်း ဖြစ်ပါတယ်။) ပညာရေး ညံ့ဖျင်းမှုရဲ့ ရလတ်ကတော့ ဖစ်ဘွတ်ပေါ်မှာ ဗမာလူငယ်အချို့ ဆွတ်ငြင်းတတ်ကြတာက ကချင်ပြည်နယ်ဟာ မြန်မာပြည် ထဲကအစိတ် အပိုင်းပါ၊ ကချင်တွေကို မပေးနိုင်ပါဘူး။ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒီတော့ သူတို့ ပိုင်တယ်၊ လို့ပဲ ပြောတတ်ရုံမှ တပါး တခြား ဘယ်လို ကျိုးကြောင်း ဆက်စပ် ဗဟုသုတ မှ မရှိပါ။ ပညာတတ်အချို့ကတော့ နှုတ်စိတ် နေပေးတတ်ပါတယ်။ မှန် မမှန်မငြင်းတော့ပါ။

(၂) အချိန်မရွေး အာဏာသိမ်း ဗိုလ်ကျ အုပ်စိုးလို့ ရမည့် စစ်တပ် လိုအပ်လာတယ်။ စစ်တပ်ဟာ ချွမ်းချက်အနေနဲ့ ဥပဒေ အထက်မှာ ရှိကို ရှိရမယ်၊ ဆိုတဲ့ သဘောတရား ကို ဆုပ်ကိုင်ထားမယ်။

(၃) ဗဟိုချုပ်ကိုင်မှုစနစ် လိုအပ်လာတယ်။ အကျိုးဆက် အနေနဲ့ လယ်သိမ်း၊ မြေသိမ်းမှုတွေဟာ ထာဝရ တည်နေမှာ ဖြစ်တယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် ကတော့ ထာဝရ ဆင်းရဲခြင်းပါ။ တရားသဘော နဲ့ ပြောရမယ် ဆိုရင် တဏှာ မချွတ်နိုင်တဲ့ ဒုက္ခ ပါ။ 


Wednesday, November 20, 2013

ကချင် ပြည်နယ်မှ မျက်နှာပြောင် မြေလှန် စစ်ဆင်ရေး အကြောင်း



အစိုးရ၏ စစ်ဆင်ရေးများ အကြောင်းကို လေ့လာ ရာတွင် ကန့်သတ် စစ်ဆင်ရေး၊ ဖြတ်လေးဖြတ် စစ်ဆင် ရေး၊ မြေလှန် စနစ် စစ်ဆင်ရေးနှင့် အလုံးစုံ ဖျက်သိမ်းရေး ဟူသည့် စစ်ဆင်ရေး အမျိုး အစား များကို တွေ့ရ ပါသည်။

စစ်ဆင်ရေး သမိုင်းကြောင်း များကို လေ့လာ ရာတွင်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အား စစ် ဆင်ခြင်း၊ ကရင် အမျိုးသား အစည်းအရုံးအား စစ်ဆင် ခြင်းနှင့် ကချင် လွတ်လပ်ရေး အဖွဲ့အား စစ်ဆင်ခြင်း ဟူ၍ နှစ်နှင့် ချီသော စစ်ဆင်ရေး စီမံကိန်း များနှင့် တိုင်းရင်းသား ဒေသ တချို့မှ  ကန့်သတ်နှင့် ဖြတ် လေးဖြတ် စစ်ဆင်ရေး မျိုးများကို တွေ့ရ ပါသည်။

ဗမာပြည် ကွန်မြူနစ် ပါတီသည် စစ်အစိုးရ၏ အဓိက ရန်သူဟု သတ်မှတ် ထားပါသည်။ ဗမာပြည် ကွန် မြူနစ် ပါတီကို နိုင်ငံရေး အရ လည်းကောင်း စစ်ရေး အရ လည်းကောင်း နှစ်ပေါင်း (၃၀) နီးပါး ပြင်းထန်စွာ စစ်ဆင် ခဲ့ပါသည်။ ကွန်မြူနစ် ပါတီကို ကရင် အမျိုးသား အစည်း အရုံး အဖွဲ့နှင့် လည်းကောင်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် လည်းကောင်း၊ လူမျိုးစု လက်နက်ကိုင် ပါတီ များနှင့် အမျိုးမျိုး ရန်တိုက်ပြီး နောက် ဆုံးတွင် ဗကပ တပ်ဖွဲ့၌ ရှိသော   "၀" လူမျိုးရေး များအား သွေးခွဲ မှုဖြင့် ကွဲထွက် စေခြင်း အားဖြင့် ဗမာ ပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် လမ်းစဉ်လည်း နိဂုံး ချုပ်စေခဲ့ ပါသည်။

"၀" ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ကိုလည်း ၄င်းတို့ လိုလားသည့် "၀" ပြည်နယ် ပေးမည်ဟု မတင်မကျ မက်လုံးဖြင့် (၁၉၈၉) ခုနှစ်တွင် အပစ်အခတ် ရပ်စဲပြီး နှစ်သိမ့် ထားနိုင် ခဲ့ပါသည်။ ဤအချိန်မှ စ၍ UWSA လည်း ယနေ့ အထိ အစိုးရ တပ်ဖွဲ့ များနှင့် လက်နက်ကိုင် ပဋိပက္ခ လျှော့ပါး ခဲ့ပါသည်။ သို့သော် အစိုးရ တပ်ဖွဲ့သည် ဗကပ အား အဓိက ရန်သူ အနေဖြင့် ရင်ဆိုင် နေရ ချိန်တွင် ဒုတိယ အင်အား ကြီးလာသော ကရင် အမျိုးသား အစည်းအရုံး KNU အား စစ်ဆင်ရန် ပြင်ဆင် လာခဲ့ပါသည်။

ထို့အတူ ကွန်မြူနစ် ပါတီကို အဓိကထား ချေမှုန်း နေချိန်တွင် အစိုးရ တပ်ဖွဲ့ များသည် ကရင် အမျိုးသား အစည်း အရုံး KNU လို အဖွဲ့မျိုးအား နယ်မြေ ထိမ်းသိမ်းရေး အနေဖြင့် ကန့်သတ် စစ်ဆင်ရေး မျိုးသာ ဆင် နွှဲ လာခဲ့ ပါသည်။ သို့သော် (၁၉၈၉) ခုနှစ်တွင် အစိုးရ တပ်များသည် ဗကပ အား အာဏာ သိမ်းလိုက်သော "၀" ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့အား အပစ်အခတ် ရပ်စဲ နိုင်ခဲ့သည့် အတွက် အစိုးရ တပ်များ၏ စစ်ဆင်ရေး ပြင်ဆင်မှု များသည် ကရင် အမျိုးသား အစည်းအရုံး ဖက်သို့ ဦးလှည့် လာနိုင် ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ မျက်နှာမူ လာသည့် အတွက် (၁၉၉၄) ခုနှစ်တွင် KNU အား ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် စတင် ခဲ့ပြီး နောက်ဆုံး မြေလှန် စစ်ဆင်ရေးဖြင့် အချင်းချင်း သွေးခွဲပြီး အဆုံးသတ် ခဲ့လေသည်။ ဤ သို့ကြောင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ပေါ်လာ ခဲ့ပါသည်။ အစိုးရ သည် KNU အား အစိပ်စိပ် အမွှာမွှာ ကွဲထွက် သွားစေရန် ကြံဆောင် အောင်မြင် ခဲ့လေသည်။ ထို့အပြင် အစိုးရ တပ်ဖွဲ့ စစ်ဆင်ရေး များ၏ နောက်ဆက်တွဲ အဖြစ် စစ်ဆင်ရေး အချိန်တွင် လူထုအား လူ့အခွင့် အရေး ချိုးဖေါက်မှု စနစ်ဖြင့် တမျိုး၊ တိုက်ပွဲများ ဖန်တီး မှုဖြင့် တဖုံ နေရပ် စွန့်ခွာ ထွက်ပြေး စေရန် ကရင် လူထုအား မောင်းထုတ် ခဲ့မှုကြောင့် ယနေ့ အထိ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းနိုင်ငံ နယ်စပ်တွင် တွေ့မြင် နေရဆဲ ဖြစ်ပါသည်။

ထို့အပြင် မိုင်းကွင်းများ ကျန်နေ ခဲ့ခြင်း၊ အချင်းချင်း သွေးကွဲပြီး ကရင် လက်နက်ကိုင် အဖွဲ့အစည်း မြောက် မြားစွာ ဖြစ်ပေါ် နေခြင်းဖြင့် အင်အား ချိနဲ့ကာ အစိုးရ နိုင်ငံရေး ကစားကွက် ထဲမှ အဖွဲ့အစည်းမျိုး ဖြစ်လာ ခဲ့သည်ဟု ရှုမြင် နေကြ ပါသည်။ နောက်ဆုံး KNU လည်း UWSA နှင့် မခြား ဖြစ်လာ ခဲ့ရ ပါကြောင်း လေ့ လာသူ များက ဆန်းစစ် ကြပါသည်။



ကချင် လွတ်လပ်ရေး အဖွဲ့ အပေါ် တိုက်ခိုက် လာခြင်း

အစိုးရ တပ်များသည် ဒုတိယ အင်အားကြီး ဖြစ်လာသော KNU အား ချေမှုန်း နေချိန် (၁၉၉၄) ခုနှစ်တွင် အခြား လူမျိုးစု လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များနှင့် သွေးကွဲ စေရန်လည်း အပစ် အခတ် ရပ်စဲ ခဲ့ ပါသည်။ ထိုအချိန်က အပစ်ရပ် သွားသော လူမျိုးစု အဖွဲ့ များသည် KNU နှင့် အတူ (မဒတ) တပ်ပေါင်းစု ၀င်များ ဖြစ်ပါသည်။ ဤအချိန်တွင် KNU သည် အပစ်အခတ် ရပ်စဲရေးကို လက်မခံဘဲ တဖွဲ့တည်း ခံတိုက် လေသည်။ ဤသို့ကြောင့် အထီးကျန် သွားသော KNU အာ မြေလှန် စနစ်ဖြင့် စစ်ဆင်ရန် အခွင့် သာသဖြင့် နောက်ဆုံးတွင် ချေမှုန်း ခံခဲ့ ရပါသည်။

အပစ် အခတ် ရပ်စဲပြီး အစိုးရ ကျင်းပသော (၂၀၀၃) အမျိုးသား ညီလာခံကို တက်ရောက် ခဲ့သော လူမျိုးစု လက်နက်ကိုင် များသည် ၄င်းတို့ တင်ပြသော အချက် များကို အစိုးရ ဖက်က လက်မခံ သဖြင့် စိတ်ဓါတ် ကျရာက အဆင်မပြေ ဖြစ်လာ ခဲ့ပါသည်။ အစိုးရသည် ၄င်းတို့၏ လမ်းစဉ် အတိုင်း အမျိုးသား ညီလာခံ ကျင်းပပြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခပ်ကြမ်းကြမ်း ရေးဆွဲ အတည်ပြုကာ (၂၀၁၀) ရွေးကောက်ပွဲကို ကျင်းပ လေတော့သည်။

ထိုအချိန်တွင် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ပေးထားသော တိုင်းရင်းသား အဖွဲ့ များကိုလည်း နယ်ခြား စောင့်တပ်၊ ဒေသခံ ပြည်သူ့ စစ်များ ဖွဲ့စည်း ကြရန် အမိန့်ပေး လေတော့သည်။ လက်မခံသော အဖွဲ့များမှ ပြန်လည် တောခို သွားခဲ့ကြ ပါသည်။

ဤအထဲ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်နှင့် ကြိုတင်မဲဖြင့် အနိုင်ယူပုံအား မကြေနပ် ရာက (DKBA) သည်၂၀၁၀ ခုနှစ် ဒီဇင်ဘာ လတွင် စတင် တိုက်ခိုက် ခဲ့ပါသည်။ DKBA အား ကန့်သတ် စစ်ဆင် ရေးဖြင့် မျှောထားပြီး ထိမ်းထား ခဲ့ပါသည်။ သို့သော် ဤအချိန်တွင် ကချင် လွတ်လပ်ရေး အဖွဲ့သည် တတိယ အင်အား အကောင်းဆုံး အဖွဲ့ အစည်း ဖြစ်လာ ပေသည်။ လက်နက် အင်အား၊ လူအင်အား၊ နည်းပညာ အင်အားများ တောင့်တင်း လာပြီး နယ်မြေ စိုးမိုး နိုင်ခဲ့ ပါသည်။

ဤသို့နှင့် အစိုးရသည် KIO အား တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်ပြီး၂၀၁၁ ခုနှစ် ဇွန်လတွင် KIA တပ်မဟာ (၃) အား အစိုးရ နယ်ခြား စောင့်တပ် အစီအစဉ်ကို လက်မခံ သဖြင့် စတင် တိုက်ခိုက် လာခဲ့ ပါသည်။ ဤစစ်ဆင်ရေးသည် အစ ပထမတွင် မြောက်ပိုင်းတိုင်း၏ အစီစဉ်ဖြင့် ကန့်သတ် စစ်ဆင်ရေးနှင့် တိုက်ခိုက် ခဲ့ပါသည်။ (၆) လမျှ ကြာလာသော အခါ တိုင်း စစ်ဆင်ရေးဖြင့် မလုံလောက် တော့ပေ။ ဤအချိန်တွင် အစိုးရသည် ပစ်မှတ်ကို ချုပ်လိုက်သည့် သဘောဖြင့် (KNU) ခံခဲ့ရသော အရင် နိုင်ငံရေး နည်းလမ်း အတိုင်း ထပ်မံ အပစ်အခတ် ရပ်စဲရန် ကြေညာ ခဲ့ပြန် ပါသည်။

ဤအချိန်တွင် KIA နှင့် ရှမ်းပြည် မြောက်ပိုင်းမှ ပလောင် တပ်ဖွဲ့ တို့သာ အပစ် မရပ် သေးဘဲ ကျန်နေ ခဲ့ပြန် ပါသည်။ ဤကဲ့သို့ ဖြစ်လာ စေရန် တမင် ဖန်တီး ထားဟန် ရှိပါသည်။ အကြောင်းမှာ KIA နယ်မြေ ထဲသို့ ဖြတ်လေးဖြတ် စစ်ဆင်ရေး တပ်မ အမြောက် အမြားကို စေလွှတ်ပြီးမှ အပစ်ရပ် ခိုင်းသည့် ပုံစံ မျိုးကြောင့်  KIO သည် အစိုးရ၏ စေတနာကို နားလည် ခဲ့ဟန် တူပါသည်။

ဤသို့ကြောင့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေးသည် တိုင်းရင်းသား တို့၏ နိုင်ငံရေး ပြသနာကို ဖြေရှင်း ပေးသည့် သဘော မဟုတ်ကြောင်း ထင်ရှား လာပါသည်။ ထိုအချိန်တွင် KIA သည် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေး ကိုသာ ဆွေးနွေး လိုကြောင်း သဘောထား လာခဲ့ ပေသည်။

အလားတူ အစိုးရ ကလည်း ဖြတ်လေးဖြတ် စစ်ဆင်ရေးမှ မြေလှန် စစ်ဆင်ရေး၊ နောက်ဆုံး အထွေထွေ စစ်ဆင်ရေး အထိ တိုက်ခိုက် လာခဲ့ ပါသည်။ စစ်ဆင်ရေး တပ်များ ကိုလည်း တိုင်းအဆင့်၊ ကစထ အဆင့် မှသည် ကကကြည်း အဆင့် ကွပ်ကဲမှု အထူး စစ်ဆင်ရေး အထိ ဖြစ်လာ ခဲ့ပါသည်။  KIA ကလည်း တိုင်းရင်းသား အရေးကို နိုင်ငံရေး အရ ဖြေရှင်း ပေးရန် တောင်းဆို နေပြီး အစိုးရ တပ်ဖွဲ့ များ၏ စစ်ဆင်ရေး အဆင့်ဆင့်ကို တုန့်ပြန် နိုင်ခဲ့ ပါသည်။

အစိုးရ တပ်များသည် ကြည်းတပ်၊ အမြောက်တပ်နှင့် ပူးပေါင်း စစ်ဆင် နေသော်လည်း မတတ်နိုင် တော့သဖြင့် နောက်ဆုံး လေကြောင်း ကိုပါ အရှက်နှင့် ကန့်သတ် စစ်ဆင်ရေး အနေနှင့် အသုံးပြု ခဲ့ရ လေတော့သည်။ သို့သော် အစိုးရသည် နိုင်ငံရေး အရ တဖက်တွင် တွေ့ဆုံ ဆွေးနွေး နေသော်လည်း စစ်ရေးကို အထူး စီမံချက်ဖြင့် တိုက်ခိုက် နေဆဲ ဖြစ်ပါသည်။   

KIO အား ဆက်လက် တိုက်ခိုက် နေမည်

အစိုးရသည် ဗကပ ကို တိုက်ခိုက် ရာတွင် အနိုင် ရရှိ ခဲ့သည့် အပြင် ဖြစ်ပေါ် လာသော UWSA ကိုလည်း အိပ်မွေ့ချ နိုင်ခဲ့ သည်ဟု ဆိုရမည် ဖြစ်ပါသည်။ အလားတူ KNU အား အနိုင် တိုက်ရာ တွင်လည်း အစိပ်စိပ် အမွှာမွှာ ကွဲထွက် စေပြီး အင်အား ချိနဲ့ သွားသည့် အပြင် အချင်းချင်း ပြသနာဖြင့် နိုင်ငံရေး အိပ်မွေ့ချ ထားနိုင် ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အလားတူ တပ်ပေါင်းစု အားကို မကိုးဘဲ မိမိ တဖွဲ့တည်း ရပ်တည် လာခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည်  လည်း တိုင်းရင်းသား နိုင်ငံရေး အားမရှိ လှသဖြင့် UWSA နှင့် အစိုးရ တပ်ဖွဲ့ကြား ပြသနာ များ၌ပင် အိပ်မွေ့ အချ ခံထား ရကြောင်း ယူဆ နိုင်ပါသည်။

ဤသို့ကြောင့် အစိုးရသည် အိပ်မွေ့ မချနိုင် သေးသော KIO ကိုမူ ဆက်လက် စစ်ဆင် နေဦးမည် ဖြစ်သည်။ သို့သော် အစိုးရ၏ တိုက်ခိုက် မှုများသည် ရပ်တန်းက ရပ်ရန် ကုလ သမဂ္ဂမှ တောင်းဆို နေသလို  အစိုးရ၏ စစ်ဆင်ရေး အကြံအစည် နှင့် ဖြစ်ပေါ် လာသော  ဒုက္ခသည် များအတွက် ကိုလည်း အမေရိကန်မှ ကူညီ ဦးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန် ကြေညာ ထားပါသည်။

နေပြည်တော် ကက ကြည်းမှ တိုက်ရိုက် ကွပ်ကဲ နေသော KIA တပ်မဟာ (၃) ၊ တပ်ရင်း (၁၂) စစ်ဆင် ရေးသည် KIA တို့၏ ၀ိုင်းပတ် ချေမှုန်း ခြင်းကို ခံခဲ့ ရသလို ပိတ်မိ နေသော နည်းဗျူဟာ အဆင့် စစ်ကြောင်း တပ်ဖွဲ့ များအတွက်  လမ်းကြောင်း ဖွင့်ပေး ပါရန် KIA အား ကကကြည်း ကိုယ်စား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်းဆို ခဲ့ရ ပါသည်။  တောင်းဆို သည့်အတိုင်းပင် KIA တပ်များက ရိုးသားစွာ လမ်းကြောင်း ဖွင့်ပေး ခဲ့ပါသည်။

သို့သော် ကက ကြည်းသည် လမ်းကြောင်း ဖွင့်ပေးသော တပ်များမှ လူနာ များကို သယ်ထုတ်ပြီး လူသူ လက်နက် ရိက္ခာ အင်အားများ ဖြည့်တင်းကာ ပြန်လည် စစ်ဆင် ခဲ့ပြန် ပါသည်။ ဤကဲ့သို့ မကျေ မနပ် စစ်ဆင်မှုကြောင့် ကချင်ပြည်နယ် မံစီ မြို့နယ်မှ ထောင်ပေါင်း များစွာ လူထုများ နေရပ်ကို စွန့်ခွာပြီး ထွက်ပြေး နေရခြင်း ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ ကချင် ပြည်သူ များမူ အစိုးရ၏ နှစ်နှစ်တာ မြေလှန် စစ်ဆင်ရေးကြောင့်  သိန်းနှင့် ချီပြီး နေရပ်ကို စွန့်ခွာကာ ဒုက္ခသည် ဘ၀ ကျရောက် နေခဲ့ ရပါသည်။ ဤသည် အစိုးရ ဖြစ်စေ ချင်သော  စစ်ဆင်ရေး ရလာဒ်ပင် ဖြစ်သည်။ အလားတူ KNU စစ်ဆင်ရေး တွင်လည်း ကရင် ပြည်သူများ သိန်းနှင့် ချီပြီး နေရပ် စွန့်ခွာ စေပြီး ဒုက္ခ ရောက်စေ ခဲ့သည်။

ဤကဲ့သို့သော စစ်ဆင်ရေး နည်းဖြင့် ပြည်သူများ ဒုက္ခသည် ဘ၀ မရောက် စေချင်လျှင် အစိုးရ အိပ်မွေ့ ချသလို နေပါ ဆိုသည့် ရည်ရွယ်ချက်များ  KNU ကိုရော KIA ကိုပါ ပညာပေး နေသလား ထင်ရ နိုင်ပါသည်။

မည်သို့ပင် ဆိုစေ အစိုးရမှ KIO အား နှစ်နှစ် ခွဲခန့် အဆက်မပြတ် စစ်ဆင် လာသည့်တိုင် ယနေ့ အထိ KIA အား အိပ်မွေ့ မချနိုင် သေးသည်ကို ပြသရာ ရောက်ပါသည်။  KIA ၏ စစ်ရေးနှင့် နိုင်ငံရေး အရ ပြတ်သားစွာ ရပ်တည် နိုင်မှုကြောင့် မြန်မာ နိုင်ငံတွင် ပထမ ဆုံးသော လက်နက်ကိုင် တိုင်းရင်းသားများ ကွန်ဖရင့် ကြီးကို ၄င်းတို့၏ ဌာနချုပ် ဖြစ်သည့် လိုင်ဇာ မြို့တွင် သမိုင်းဝင် ကျင်းပ နိုင်ခဲ့သည့် အပြင် အစိုးရ၏ နိုင်ငံရေး လှည့်ကွက် ကိုလည်း ရှောင်ရှား နိုင်ခဲ့ ပါသည်။

မျက်နှာသည် လူတို့၏ စိတ်နေ စိတ်ထားကို ဖေါ်ပြ နိုင်ပါသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ပြီးခဲ့သော နိုဝင်ဘာ (၄) ရက်နေ့က ကျင်းပသည့် မြစ်ကြီးနား မြို့မှ တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အတွက် ညှိနှိုင်း ပွဲမှ တက်ရောက် လာသော အစိုးရ ကိုယ်စားလှယ် များ၏ မျက်နှာ ပေါက်သည် မ ကြေနပ်မှု များစွာနှင့် ဒေါသ ပေါက်ကွဲ နေပုံ ပေါက် နေကြောင်း သိသာ နိုင်ပါသည်။

ဤသို့ကြောင့် တိုင်းရင်းသား အရေး အတွက် ဦးသိန်းစိန် အစိုးရ တို့သည် ငြိမ်းချမ်း ရေးကို တကယ် တည် ဆောက် နေသော အစိုးရ တရပ် ဖြစ်နိုင် ပါ၏ လောဟု ယုံမှား သံသယ ဖြစ်နေ ခဲ့ပါသည်။ (အဆိုးမြင်တာ ထက် အမှန်ကို တင်ပြနေခြင်း ဖြစ် ပါသည်။ )

(ဖော်ပြပါ ဆောင်းပါး၌ ပါရှိသည့် အကြောင်းအရာ များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

ရွှေဟင်္သာ 

Wednesday, November 6, 2013

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ



တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင်ကို ပြောလိုက်တယ်။

နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။

“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးက တော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့ ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။

အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ ကြတယ်။

ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲမှာ နေတဲ့ သူပါ။ သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို လိင်အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။

သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတရုံမှာ အလုပ်စလုပ်ခဲ့တာ ၈ လ ကျော် လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။

“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ် တာကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင် သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန် ထောက်ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။

ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အ လုပ်သမတွေ အတွက်က လမ်းဘေးလိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ်လို့ သူက ဆက်ပြောတယ်။

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င် အနှိပ်ခန်း တွေ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ် ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက် သေးဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။
နောက်တယောက် ထပ်ခေါ်သွားတယ်။ ကျနော်က ခေါင်းတွေလိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ် ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် လိင်အလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။

သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့အပြင် တခါတခါ တာမွေ လမ်းဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။

“တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်းထဲ ရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင် မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေလမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင်အလုပ်သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှမဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။

အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရ အောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ လိင်အလုပ် သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက် မှုပြုလုပ် နေတဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ လိင်အလုပ်သမတွေကို စီမံချက်နဲ့ အများ အပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း လိင်အလုပ်သမတွေ အပေါ် ဥပဒေကို အ ကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။

“တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှ ပေးမှာမဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကားမှုတွေလည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ၀ိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။

ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်းအပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေးများကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိ သော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြော ပါတယ်။

အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင်တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ၀င်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။

ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင်လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။

အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစုက ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။

“မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ်မ လဲ” လို့ သူက ဆိုတယ်။

မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။

တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက်သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။

“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေ ရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီက ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။

အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ်ရုံ တွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။

ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။

ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ အဲဒီလို ငွေကြေးတိုက်ရိုက်ယူတဲ့ လိင်အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။

အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ်တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

တချို့ အနှိပ်ခန်းက လိင်အလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။

“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သလိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။

လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများစုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြတယ်လို့ သူက ဆက်ပြောတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ်ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင်အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“တကယ်တော့ လိင်အလုပ်သမတွေ တော်တော်များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက် တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲမှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

ဧရာဝတီ

Monday, November 4, 2013

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးသို့


နှစ်ပေါင်းများစွာ လက်နက်ကိုင်ထားခဲ့သည် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့ တိုင်းရင်းသားတို့၏ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေး အားလုံးလက်ခံသည့် မူဘောင် ရေးဆွဲဆွေးနွေးရန် ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

ယင်းဆွေးနွေးပွဲကို သမ္မတဦးသိန်းစိန်ကလည်း ဤဆွေးနွေးပွဲမှ နိုင်ငံရေး ဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေးတည် ဆောက်ရန် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပါရှိသည့် သ၀ဏ်လွှာကို ပေးပို့ခဲ့သည်။ 

မိမိတို့ နိုင်ငံသည် လွတ်လပ်ရေးရသည့်အချိန်နှင့် တစ်ချိန်တည်းမှာပင် လူမျိုးစုမများ လက်နက်စွဲကိုင်ကာ ယင်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် ရုန်းကန်ခဲ့ကြခြင်းဖြင့် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်မှာ ရာစုနှစ်ဝက်ကျော် ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် အာဏာရ အစိုးရ အဆက်ဆက်သာ ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်းစစ်သည်မူ လျော့နည်း ချုပ်ငြိမ်းသွားသည်မရှိဘဲ ပို၍ပို၍သာ ကြီးထွားလာခဲ့သည်။ အဆိုးဝါးဆုံးရလဒ်မှာ နိုင်ငံသားအားလုံး စစ်စရိတ်ဝန်ထုပ်ဝန်ပိုးကြီးခဲ့ခြင်း မိမိ နိုင်ငံသားများ၊ သူတစ်ပါးတိုင်းပြည်များအတွင်း စစ်ပြေးဒုက္ခသည်များအဖြစ် နှစ်ပေါင်းများစွာ ခိုလှုံ နေထိုင်ရခြင်းနှင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျရခြင်း အစရှိသော ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ရသည်။ အဆိုး ရွားဆုံးရလဒ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲကာ မယုံသင်္ကာဖြစ်မှု အငြိုးအတေးကြီးမှုနှင့် သွေး စွန်းသော နာကျည်းကြေကွဲမှု ရလဒ်ဆိုးကြီးပင် ဖြစ်သည်။ 

ယခုအခါ လိုင်ဇာဆွေးနွေးပွဲမှ ရရှိသည့် အကျိုးကျေးဇူးမှာ တိုင်းရင်းသားများ မကြုံစဖူးထူးကဲစွာ စည်းလုံး စုစည်းမိကြခြင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တွင်သာ ရပ်တည်မည်ဟူသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ လိုင်ဇာကြေညာချက်ပင် ဖြစ်သည်။ ထိုသတင်းမှာ မင်္ဂလာသတင်းပင် ဖြစ်သည်။

သမ္မတ၏ သ၀ဏ်လွှာတွင် ပါရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်ဟူသော အချက်နှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရသဖြင့် အများပြည်သူ စိတ်ချမ်းသာစေသည့် သတင်းပင် ဖြစ်သည်။ 

ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားရခြင်း၏ လက်သည်တရားခံမှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အခွင့် အရေးများ ဆုံးရှုံးထိခိုက်ရခြင်းနှင့် ပြဿနာများကို လက်နက်ဖြင့် ဖြေရှင်းခြင်းတို့ပင် ဖြစ်သည်။ 

တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် နိုင်ငံတစ်နိုင်ငံအဖို့ တိုင်းရင်းသားတို့ ကိုယ်ပိုင်အခွင့် အရေးများ ပြည့်ဝစွာ အသိအမှတ်ပြုရရှိရေးသည် အရေးကြီးသည်။ ထို့ပြင် မတူကွဲပြားခြားနားသူ အချင်း ချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူသည် ပို၍ အရေးကြီးသည်။ ယင်းအချက်နှစ်ချက်အပေါ် အမှန် တကယ် ယုံယုံကြည်ကြည်ဖြင့် ရပ်တည်ဆောင်ရွက်မှသာ မိမိတို့ နိုင်ငံ ပြည်တွင်းစစ်ကြီး ချုပ်ငြိမ်းနိုင်မည် ဖြစ်သည်။ 

ယခုအခါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို သဘောတူလက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက် ကိုင်အင်အားစုများက သဘောတူခဲ့ပြီ ဖြစ်သည်။ နောက်တစ်ဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးရေး ဖြစ်သည်။ ပြည်သူတွေအားလုံး မျှော်မှန်းထားရှိသည့် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာရေးသည် နိုင်ငံရေးအရ ဆက်လက်အောင်မြင်အောင် ဆွေးနွေးခြင်းနှင့် ပြည်တွင်းစစ် ထာဝရချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရေး အပေါ်တွင် လုံးဝ မူတည်နေကြောင်း ယူဆရပေသည်။

Mizzima

Friday, October 25, 2013

အစိုးရကို အယုံအကြည်နည်းစေတဲ့ အကြောင်းများ


ပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ပြည်တွင်းပြည်ပမှာ အယုံအကြည်နည်းပါးစေတဲ့ အကြောင်းရင်းတွေကို လတ်တလောနဲ့ အခြေခံဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ပြဿနာနဲ့ ပဋိပက္ခတွေဟာ အစိုးရကို အယုံအကြည်နည်းစေတဲ့ လတ်တလောအကြောင်း ရင်းတွေ ဖြစ်ပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အဂတိလေးပါး လိုက်စားခဲ့တာဟာ အခြေခံ အကြောင်းရင်း ဖြစ်ပါတယ်။ အဂတိလိုက်စားတယ်ဆိုတာဟာ လာဘ်ပေးလာဘ်ယူတင် မဟုတ်ပါဘူး။ မ တရား လုပ်မှု၊ မမှန်မကန်လုပ်မှု၊ ကြောက်ပြီးလုပ်မှု၊ ဘက်လိုက်မှု စတာတွေလည်း ပါဝင်ပြီး အရိုးစွဲနေတဲ့ အကျင့်ဆိုးဖြစ်လို့ ပပျောက်အောင်လုပ်ဖို့ အလွန်ခက်ခဲတဲ့ ပြဿနာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းလိုက်တဲ့ကော်မရှင်ဟာ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍမှာ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရသက်တမ်း လပေါင်း (၂၀) အတွင်းမှာ ရဲတပ်ဖွဲ့ဝင် (၇၀၀) အပါအဝင် ဝန်ထမ်း (၁၇,၀၀၀) နီးပါးကို အဂတိလိုက်စားမှုနဲ့ အရေး ယူခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ Transparency International အဖွဲ့ရဲ့  အစီရင်ခံစာမှာတော့ မြန်မာဟာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

စစ်ဗိုလ်နဲ့ အခွင့်ထူးခံ ခရိုနီတွေ နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးခဲ့တဲ့ဒဏ်ကို အခုထက်ထိ ပြည်သူ တွေခံနေတုန်းပါ။ တရားဥပဒေရှိပေမယ့် စစ်ဗိုလ်တွေ ဥပဒေအထက်က နေခဲ့တဲ့အတွက် တရားစီရင် ရေးဌာနကို ပြည်သူလူထုက အယုံအကြည်မရှိပါဘူး။ ဒါကြောင့် တရားရေးဌာနမှာ အဂတိတရားလေးပါး ကင်းရှင်းဖို့ အရင်ဆုံးလိုအပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန် အယ်ဒီပါတီဝင်အချို့  လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမှု၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ စာပေစီစစ်ရေးဖျက်သိမ်းမှု စတာတွေကြောင့် နိုင်ငံရေးဘက်မှာ အသင့်အတင့် ယုံကြည်မှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးတာကို တိုးတက်မှုလို့ ဆိုနိုင်ပေမယ့် ကိုယ်စား လှယ်နေရာ (၂၅) ရာခိုင်နှုန်း စစ်တပ်က ယူထားတာကတော့ အဂတိလိုက်စားမှု ဖြစ်ပါတယ်။

ရေပန်းစားနေတဲ့ ဆွေးနွေးပွဲတွေမှာ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးလည်း ပါဝင်နေတာ တွေ့ရပါတယ်။ စစ်အုပ်စုကြီးစိုးချိန်မှာ ညီမျှမှု၊ တရားမျှတမှု၊ ကတိတည်မှု၊ နိုင်ငံရေးလွတ်လပ်မှု စတာတွေ ကင်းမဲ့နေလို့ ယုံကြည်မှု မတည်ဆောက်နိုင်တာလို့ သျှမ်းသံတော်ဆင့် က ဇန်နဝါရီလ (၁၇) ရက်နေ့က ဖော်ပြပါတယ်။ အဂတိတရားတွေကြီးစိုးလို့ ယုံကြည်မှုတည်ဆောက်လို့ မရတာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်သလို တိုင်းပြည်တည်ဆောက်ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရ ပြုပြင်ရေးလုပ်တဲ့ ပထမ (၂) နှစ်မှာ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ဒေသခံတွေ အတင်းအဓမ္မ ရွှေ့ ပြောင်းခံရကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့  လွန်ခဲ့တဲ့ မတ်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

သယံဇာတ ထုတ်ယူရေး၊ ရေအားလျှပ်စစ်၊ သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ မြေယာသိမ်းပိုက်ပြီး ဒေသခံတွေကို နှင်ထုတ်နေတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး အပစ်အခတ်ရပ်စဲထားပေမယ့် ဒေသခံတွေရဲ့  မြေယာပိုင်ဆိုင်မှုကို ကာကွယ် နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်ကြီးစိုးခဲ့တဲ့ နယ်မြေဖြစ်လို့ အစိုးရတပ် (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပုဂ္ဂလိကကုမ္မဏီ ပူးတွဲလုပ်ကိုင်တဲ့ စီမံချက်ကို ဆန့်ကျင်ဖို့မဝံ့မရဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက်ပိုင်း မြေယာသိမ်းပိုက်မှု များပြားလာပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီး သိမ်းယူတာဟာ လက်ရှိအစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

မြေယာသိမ်းယူမှုကို ကိုင်တွယ်ဖို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းထားပါတယ်။ လွန်ခဲ့တဲ့နောက်ပိုင်းမှာ ဖားအံ့နဲ့ သံတောင်ကို ဒီကော်မရှင်သွားပြီး မကျေနပ်တာကို တိုင်းကြားဖို့ အားပေးစကားပြောတာဟာ ချီးမွမ်းစရာဖြစ်ပေမယ့် ပြဿနာ မဖြေရှင်းနိုင်ပါဘူး။ ဥပဒေမဲ့ မြေသိမ်းတာကို ဟန့်တားပြီး တောင်သူလယ်သမား အကျိုးခံစားနိုင်ဖို့အတွက် အောက်တိုဘာလ (၈) ရက်နေ့က ဥပဒေပြဌာန်းပါတယ်။ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဦးဆောင်အဖွဲ့က အကောင် အထည်ဖော်မှာဖြစ်လို့ ဘယ်လောက် ထိရောက်တယ်ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

စစ်တပ်ကို မထိန်းချုပ်နိုင်တာဟာလည်း အရပ်သားတပိုင်း အစိုးရကို အယုံအကြည် ကင်းမဲ့စေတဲ့ အ ကြောင်းရင်းတခု ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေအမျိုးမျိုးကို အကောင်အထည် မဖော်နိုင်ရင် အချည်းနှီးပါ။ လတ်တလော ဖြစ်ပေါ်တဲ့ ပြဿနာနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ အတိုင်းအတာကိုလိုက်ပြီး ဦးသိန်းစိန်အစိုးရ ယုံကြည်မှုရရှိနိုင်ပါတယ်။ ဒါပေမဲ့ တဖက်သတ် လုပ်ကိုင်မှု၊ အနိုင်ကျင့်မှု၊ အခွင့်ထူးခံယူမှု၊ မတရားမှု၊ ဘက်လိုက်မှု၊ အလွဲသုံးစားလုပ်မှု စတဲ့ အဂတိတရားတွေ လိုက်စားနေသမျှ အစိုးရအ ဖွဲ့အစည်းတွေကို တိုင်းသူပြည်သားက ယုံကြည်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

VOA

Wednesday, October 16, 2013

တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်


စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင် ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။

အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာနေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)၏ ပြုပြင်ပြောင်းလဲရေး စီမံချက်များတွင်လည်း လက်ရှိကျောင်းသားများ အဓိကရင်ဆိုင်နေရသည့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေသည့် အခက်အခဲအား ဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ထားခြင်း မရှိသေးပေ။

စစ်အစိုးရသည် သူတို့အတွက် လုံခြုံရေးရှုထောင့်တစ်ခုတည်းသာကြည့်၍ မြို့ပြင်သို့ တက္ကသိုလ်နှင့်ကောလိပ်များပို့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နေရာထိုင်ခင်း၊ ခရီးသွားဝန်ဆောင်မှုတို့ကို လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်သည် ခေတ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်စေမည့်အချက် ဖြစ်နေသည်။

ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲမှုများ မည်မျှဆောင်ရွက်သည်ဆိုစေ ကျောင်းနေမပျော်သော ကျောင်းသားများအတွက် ထိရောက်သောပညာရေး ဖြစ်လာစေရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ 

“သင့်တင့်တဲ့ပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုတွေ အားနည်းတာက အဓိကပြဿနာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတွေအနေနဲ့ ညံ့ဖျင်းပြီး ရှည်ကြာတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် အိမ်၊ ဒါမှမဟုတ် ကျောင်းရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်”ဟု စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့သည့် မြန်မာသတင်းအချက်အလက် နည်းပညာကုမ္ပဏီ (MIT)၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန(၁၂)အောက်၌ တက္ကသိုလ်၊ ကောလိပ်(၁၇၀)နီးပါး တည်ထောင်ထားပြီး အများစုမှာ မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ဆောက်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများအတွက် အချိန်ကုန်၊ လူပန်းဒဏ်ကို ခံစားနေကြရသည်။ တက္ကသိုလ်နှင့် ကောလိပ်များ တောထုတ်ခဲ့ခြင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် စစ်အစိုးရလက်ထက်တွင် ဖြစ်ပါသည်။ ၁၉၉၆ ကျောင်းသားများ၏ ဆန္ဒပြမှုများအလွန်တွင်မူ မြို့တွင်းရှိ တက္ကသိုလ်အများစုကို ပိတ်ခဲ့ကာ တက္ကသိုလ်များ မြို့ပြင်ပို့သည့်အပြင် ကျောင်းသားများမစုမိစေရန် အဝေးသင်ပညာရေးစနစ်ကို ပိုမိုအားစိုက်တီထွင်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသည့်မြို့တွင်းတက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကျောင်းသားအရေအတွက် လက်ခံမှုကိုမူ အကန့်အသတ်ရှိနေဆဲဖြစ်၏။

“အဆောင်မှာနေတာ ၁၃ ယောက်ရှိတယ်။ တစ်လတစ်သောင်း ပေးရတယ်။ မပျော်ဘူး။ အဆောင်နဲ့ ကျောင်းက ဝေးတယ်။ တုတ်တုတ်နဲ့ သွားရတယ်။ မနှစ်က ကျပ်တစ်ရာပဲ ပေးရတယ်။ ဒီနှစ်က ကျပ်နှစ်ရာပေးရတယ်”ဟု မအူပင်တက္ကသိုလ်မှ အဝေးသင်ပထ၀ီဝင်ဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကပြောသည်။

တက္ကသိုလ်၊ ကောလိပ်များသည် မြို့ပြနှင့်ဝေးကွာခြင်းကြောင့် ကျောင်းကြို၊ ပို့ယာဉ် မစီးနိုင်သော ကျောင်းသား၊ ကျောင်းသူများ ခရီးစရိတ်ကုန်ကျမှုများခြင်း၊ ကျောင်းသွား၊ ကျောင်းပြန်ချိန် တစ်ရက်လျှင် အနည်းဆုံးသုံးနာရီကြာမြင့်ခြင်း၊ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိစ္စများတွင် အချိန်မီကုသနိုင်မှုမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဆိုသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး မြွေကိုက်ခံရမှုမှာ ဆေးရုံကို အချိန်မီအရောက်မသွားနိုင်ခဲ့လို့ သေဆုံးခဲ့ရဖူးပါတယ်။ တက္ကသိုလ်ဆေးပေးခန်းဆိုတာ အမည်ခံသာရှိပြီး ဆေးမရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အားကိုးလောက်စရာမရှိပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲသော တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဦးစားပေးစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ထောက်ပြကြသည်။

“ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်ရဲ့ တက္ကသိုလ်ဝင်ခွင့်မူဝါဒကို ပြောင်းလဲဖို့လိုသလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ပေးရမှာပါ။ ကျောင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းသားတွေကို ဆက်ဆံရာမှာ လုံခြုံရေးအမြင်နဲ့ ဆက်ဆံမယ့်အစား နိုင်ငံအတွက် အင်အားဆိုတာကို သဘောထားပြီး ကျောင်းသားတွေရဲ့အမြင်နဲ့ ခံစားမှုကို နားလည်တဲ့ အုပ်ချုပ်ရေးမျိုးလုပ်ရမှာပါ”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။

လက်ရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြိုသင်တန်း တက်ရောက်နေသော ကျောင်းသားအရေအတွက်သည် တစ်သိန်းခုနစ် သောင်းကျော်ရှိပြီး အဝေးသင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းတစ်သောင်းကျော်ရှိသည်။

အချိန်ပြည့်တက်ရောက်ရသော ဘွဲ့သင်တန်းတက်ရောက်သူဦးရေနှင့် အချိန်ပိုင်းတက်ရောက်ရသော အဝေးသင်တက်ရောက်သူဦးရေ ကွာခြားမှုမြင့်မားနေခြင်း၏ အဓိကအချက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုတို့ကြောင့်ဖြစ်သည်။

“ကျောင်းသွားဖို့ သားကို မနည်းရိုက်နေရတယ်။ ကျောင်းကလည်း ဘာမှပျော်စရာမရှိဘူးလေ။ ကျွန်တော် ဂျပန်မှာတက်တုန်းက တက္ကသိုလ်က မြို့နဲ့ မိုင် ၅၀ ဝေးတယ်။ ဒါပေမဲ့ လူနေစရာ၊ ပန်းခြံ၊ ခရီးသွားဝန်ဆောင်မှုတွေပြီးမှ ကျောင်းဖွင့်တယ်။ အဲဒီတော့ မြို့နဲ့ နီးခြင်း၊ ဝေးခြင်းက ပြဿနာမရှိတော့ဘူး”ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသော ကျောင်းသားဖခင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်၏ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါးပျက်စီးခဲ့ပြီး တက္ကသိုလ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်မှု မရှိတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်မေလတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပသော မြန်မာ့ပညာရေးမူဝါဒဆွေးနွေးပွဲသို့ ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် ဝေဖန်ထားသည်။

အစိုးရသစ်သည် အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ်အချို့အား အဆင့်မြင့်စင်တာများအဖြစ် သတ်မှတ်ခြင်း၊ ပညာသင်နှစ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ 

“စာအုပ်ထဲမှာပဲ ပြောင်းနေတာပါ။ တကယ်မပြောင်းဘူး။ ဘတ်ဂျက်တော့ပြောင်းတယ်။ အရင်ကမရဖူးတဲ့ အသုံးစရိတ်ရတယ်။ ပညာရေးက အစကတည်းက ထိန်းချုပ်လို့ရအောင် ခွဲထုတ်ထားတော့ ပြန်စုစည်းဖို့မလွယ်ကူး။ အချိန်ယူရမယ်။ ကျွန်တော့်ကျောင်းမှာကတော့ ကျောင်းသားတွေ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်းလက်ထက်၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှစ်ဦးအား အပြောင်းအလဲပြုလုပ်ထားသလို ပြည်ထောင်စုဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် သတင်းများ ထွက်ပေါ်နေပြီး လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်စေလျက်ရှိသည်။ 

ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင် သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၏ အဆင့်မြင့်ပညာရေးအား လေ့လာဆန်းစစ်ခြင်းအပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စနစ်၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ၊ အရည်အသွေးအာမခံခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ ပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများလိုအပ်ချက်၊ သုတေသနဆောင်ရွက်နိုင်မှု၊ နည်းပြအရာရှိများ ခန့်ထားမှု၊ အသိ အမှတ်ပြုမှု၊ လစာ၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့ရအလုပ်သမားများဆိုင်ရာ အချက်အလက်၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များကို လေ့လာဆန်းစစ်၍ ထောက်ခံအကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရသည်။

သို့သော် အဆင့်မြင့်ပညာရေးတွင် အဓိကအကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်နှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေမည့် လိုအပ်ချက်များ လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

“ကိုယ့်သားသမီးတွေ ကျောင်းသွားတဲ့အခါမှာ ပြုံးပြုံးလေးသွားပြီး ကျောင်းပြန်လာတဲ့အခါမှာ ပြုံးပြုံးလေးပြန်လာတာ တွေ့ချင်မြင်ချင်ကြမယ်လို့ ကျွန်တော် နားလည်၊ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မျှော်လင့်ရမှာတွေရှိပါတယ်။ လက်တွေ့ကျကျ ကိုယ့်သားသမီး ကျောင်းသွားရဲတာ ပြုံးပြုံးလေးပြန်လာတာ၊ အဲဒီလို အနီးစပ်ဆုံးဖြစ်လာအောင် ပြုပြင်ရမှာတွေ
ရှိနေပါတယ်”ဟု မကြာသေးမီက ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသော ဒေါက်တာစန်းလွင်က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ်များအားပြောသည်။

တက္ကသိုလ်တွင် ဘွဲ့ရရှိရန် နှစ်နှင့်ချီနေ၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘွဲ့လက်မှတ်ရရှိရေး ကြိုးပမ်းနေရသော ပညာရေးမှသည် တက္ကသိုလ်များ သီးခြားလွတ်လပ်၍ အသက်ဝင်လာပြီး တက္ကသိုလ် ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေး ဦးတည်သော ပညာရေးသို့ အလျင်အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ။

Wednesday, October 9, 2013

ဆွေးနွေးပွဲများအဖြေကို စောင့်နေကြသူများနှင့် အိမ်ပြန်ချင်တယ်ဟုအော်နေသော ကိုယ်ဝန်သည်လေး


ယခုဆွေးနွေးနေသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်ပြန် ပို့ရေး ဆွေးနွေးမှုသည် အရေးကြီးသည့် အချက်တစ်ခုအဖြစ် ပါဝင်နေသည်။ ထိုဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သည့်ငြိမ်းချမ်းရေး အမြန်ရရှိပြီး၊ နေရပ်ဇာတိများသို့ အမြန်ဆုံးပြန်လည်အခြေချနေထိုင်နိုင်ရန် ကချင်စစ်ဘေးဒုက္ခသည်များအားလုံးက မျှော်လင့်နေကြသည်။

“အသက်ရှင်နေသည့်ကာလမှာ ကိုယ့်မှာရှိတဲ့ စွမ်းအားတွေ အားလုံးနဲ့ အမျိုးသားရေးအတွက်၊ ကိုယ့်လူမျိုး အတွက် ဘုရားသခင်အလိုအတိုင်း အသက်ရှင်နေထိုင်သွားမယ်”

အစိုးရနှင့် ကေအိုင်အိုကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် နှစ်ရက်အလို အောက်တိုဘာ ၆ ရက်က ၀ိုင်းမော်မြို့နယ် မိုင်းနားကချင်နှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းတွင် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် မြင်ကွင်းဖြစ်သည်။

ယခုကျင်းပသည့် အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအပါအ၀င် ဆွေးနွေးချက်များ အဆင့်ဆင့်မှသည် စစ်မှန်သည့် ငြိမ်းချမ်းရေးအမြန်ရရှိရန်၊ နေရပ်ဇာတိများသို့ အမြန်ဆုံး ပြန်လည် အခြေချနေထိုင်နိုင်ရန်တို့ကို ထိုဆုတောင်းပွဲမှ ဒုက္ခသည်များအပါအ၀င် စစ်ဘေးဒုက္ခသည်များအားလုံး မျှော်လင့်နေကြသည်။

“ဒီဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ပေါ်လစီအရ ညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာနိုင်ရန် နေရပ်အရမ်းပြန် ချင်နေကြတဲ့ ဒုက္ခသည်တွေအတွက် အကောင်းဆုံးဖြစ်မှာပါ”ဟု ဦးနော်လာက စခန်းရှေ့ကွင်းပြင်တွင် ပြေးလွှားဆော့ကစားနေသော စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ်များကို ငေးကြည့်ရင်း ပြောသည်။

သက်ကြီးရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအ၀င် လူပေါင်းနှစ်ရာနီးပါးသည် ငြိမ်သက်စွာဖြင့် ဘုရားသခင်ကို ချီးမွမ်းတေးသီချင်း သီဆိုနေကြသည်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားသော အစိုးရနှင့် ကေအိုင်အိုတို့ကြား ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ လူဦးရေ တစ်သိန်းကျော်မှာ နေရပ်ကိုစွန့်ခွာ၍ ဒုက္ခသည်စခန်းများတွင် တိမ်းရှောင်နေကြရသည်။

၂၀၁၃ ခုနှစ် မေလနှောင်းပိုင်းက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့၊ မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။ အပစ်အခတ် လျှော့ချရေး၊ နေရပ်စွန့်ခွာဒုက္ခသည်များကို ပြန်လည်နေရာချထားရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရေး အပါအ၀င် အချက်ခုနစ်ချက်ကို သဘောတူညီမှုရရှိခဲ့သည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက မန်စီ၊ မချမ်းဘောမြို့နယ်နှင့် ပန်ဝါဒေသတို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ မြင့်တက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ ယာယီကယ်ဆယ်ရေးစခန်းများတွင် လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အခက် အခဲများ ကြုံတွေ့လာရပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ခံစားနေကြရသည်ဟု ကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့များကဆိုသည်။

“သမီးက တရုတ်နိုင်ငံကို ခေါ်ရောင်းစားခံရတယ်။ ဒီစခန်းမှာနေရင်းနဲ့ တစ်နှစ်ကျော်ကြာပြီ”ဟု မိုင်းနားစိန် ဂျိုးဇက် RC စခန်းမှ အသက် ၆၀ အရွယ် ဒေါ်လဇိန်ထုက ကချင်ဘာသာစကားဖြင့် မပွင့်တပွင့်ပြောသည်။

ဒေါ်လဇိန်ထုသည် တိုက်ပွဲများကြောင့် ဇာတိဂါရာယန်ကျေးရွာကို စွန့်ခွာ၌ မိုင်းနားစခန်းတွင် တိမ်းရှောင် နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်သည်။ အသက် ၆၀ ကျော်အရွယ် ဒေါ်လဇိန်ထု၏ ခင်ပွန်းမှာလည်း မကြာခဏ အဖျားရောဂါခံစားနေရသဖြင့် စခန်းမှတိုက်ကျွေးသည့် ဆေးဝါးများအပေါ် မှီခိုအားထား နေရသည်ဟု ဆိုသည်။

မကြာခဏ ဖျားနာတတ်သော ဒေါ်လဇိန်ထု၏ခင်ပွန်းမှာ ဆေးဝါးများကြောင့် ထူထူထောင်ထောင် ပြန်ဖြစ် လာသော်လည်း ၎င်းတို့၏ အသက် (၂၁)နှစ်အရွယ် သမီးမှာမူ တရုတ်နိုင်ငံတွင် မည်သို့ကြုံတွေ့ နေရသည်ကို မသိနိုင်။ သမီးကို တရုတ်နိုင်ငံသို့ခေါ်၍ ရောင်းခဲ့သူမှာ ယူနန်ပြည်နယ်တွင်ရှိသည်ဟု ကြားရ သော်လည်း သက်ကြီးရွယ်အို စစ်ဘေးဒုက္ခသည်လင်မယားများမှာ ဘာမှမတတ်နိုင်ခဲ့ပါ။

အောက်တိုဘာ ၈ ရက်တွင် စတင်သည့် အစိုးရနှင့် ကေအိုင်အို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ နေရာချထားရေးအတွက် မြေပုံရေးဆွဲရေးအပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတို့ကိုလည်း သုံးရက်ကြာ ဆွေးနွေးမည်ဖြစ်သည်။

လတ်တလောတွင် စစ်ဘေးဒုက္ခသည်စခန်းများ၌လည်း အချိန်ကြာသည်နှင့် ဒုက္ခသည်ဦးရေ တိုးပွားလာပြီး အခက်အခဲများကို ကြုံတွေ့နေရသည်။

ထို့ကြောင့် ဒုက္ခသည်များ နေရပ်ပြန်ပို့မည်အရေး ဆွေးနွေးမည့် ယခုမြစ်ကြီးနားဆွေးနွေးပွဲမှ အဖြေတစ်ခု ကို သူတို့မျှော်လင့်နေကြခြင်း ဖြစ်သည်။

“လိင်မှုဆိုင်ရာနဲ့ လူမှုရေးပြဿနာတွေရှိတယ်။ တချို့ဆို စိတ်ဒဏ်ရာရနေလို့ အရက်သောက်ပြီး ဖြေကြတယ်။ တချို့က အခန်းအောင်းပြီး နေကြတယ်”ဟု ၀ိုင်းမော်မြို့နယ် မိုင်းနားနှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းမှ တာဝန်ခံဦးနော်လာက ဒုက္ခသည်စခန်းများတွင် ကြုံတွေ့နေရသည့် အခြေအနေ ကို ပြောပြသည်။

မိုင်းနားနှစ်ခြင်းခရစ်ယာန် စစ်ဘေးဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၂၅၀၀ ကျော် ခိုလှုံနေကြရသည်။ ထိုအထဲတွင် မူလတန်းမှ တက္ကသိုလ်အဆင့် ကျောင်းသား ၇၀၀ ကျော် ပါဝင်သည်။

ဒုက္ခသည်များ ခံစားနေရသည့် စိတ်ဒဏ်ရာများကို ကုစားနိုင်ရန် စခန်းများတွင် ၀တ်ပြုဆုတောင်းပွဲများကို ပုံမှန်ပြုလုပ်နေရသည်ဟုလည်း တာဝန်ခံများကဆိုသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၀တ်ပြုဆုတောင်း နေကြသည့်အပြင် နေ့စဉ် လစဉ်တိုင်း စစ်ပွဲပြီးဆုံးနိုင်ရန်အတွက် ၀တ်ပြုဆုတောင်းနေကြသည်။

“တစ်ရက်သုံးကြိမ် ဆုတောင်းကြတယ်။ ငြိမ်းချမ်းရေးရဖို့။ အိမ်ပြန်နိုင်ဖို့”ဟု ဦးနောလာကဆိုသည်။

ထို့အပြင် လဆန်းပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် ပြုလုပ်လျက်ရှိသော ခရစ်တော်၏ညစာစားပွဲ (ပွဲတော် မင်္ဂလာ) ရက်အပြီး နောက်တစ်ရက်တိုင်းတွင်လည်း ငြိမ်းချမ်းရေးအတွက် တစ်နေ့လုံး အစာရှောင် ဆုတောင်းကြသည်။

“စစ်ပွဲပြန်ဖြစ်ကတည်းက အသင်းတော်တွေ ဒုက္ခသည်စခန်းတွေမှာ တစ်လတစ်ကြိမ် အစားရှောင် ဆုတောင်းကြတယ်။ အဲဒီနေ့ဆိုရင် ကျွန်တော်တို့ ရေပဲသောက်တယ်”ဟု စစ်ဘေးဒုက္ခသည်များ ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းကြပုံကို ဦးနော်လာကပြောပြသည်။

စစ်ဘေးဒုက္ခသည်အများစုမှာ မိမိတို့နေရပ်ဇာတိများသို့ ပြန်လိုကြသည်။ လုပ်ကိုင်စားသောက်ရန်အတွက် ၎င်းတို့၏ရပ်ရွာများတွင်သာ အဆင်ပြေသည်ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ ကျေးရွာများတွင် အစိုးရစစ်တပ်များ နေရာယူထားခြင်း၊ မိုင်းပြဿနာနှင့် နေအိမ်များ ပျက်စီးနေခြင်းတို့ကြောင့် ဒုက္ခသည် များ အိမ်ပြန်ရေးမှာ အလှမ်းဝေးနေဆဲဖြစ်သည်။

“ကိုယ့်ဒေသမှာပဲ ပိုအဆင်ပြေတယ်။ လွတ်လပ်တယ်”ဟု မိုင်းနားနှစ်ခြင်းဒုက္ခသည်စခန်းမှ ကိုယ်ဝန်ရှစ် လလွယ်ထားသော အသက်(၂၀)အရွယ် မဇေနောက ၎င်း၏ဆန္ဒကို တိုးညင်းစွာပြောပြသည်။

မဇေနောသည် လွန်ခဲ့သည့်သုံးလခန့်က လုံခြုံရေးအခြေအနေအရ ဇာတိဆဒုံမြို့နယ် အင်ဝန်တောင် ကျေးရွာမှ လာရောက်ခိုလှုံနေခြင်းဖြစ်သည်။ အိမ်ပြန်ရန် အလှမ်းဝေးသော အခြေအနေတွင် ၎င်း၏ရင် သွေးငယ်ကို ဒုက္ခသည်စခန်းမှာပင် မွေးဖွားရတော့မည်ဖြစ်သည်။

“အိမ်ပြန်ချင်တယ်၊ ရွာပြန်ချင်တယ်”ဟု မဇေနောက တတွတ်တွတ်ဆိုပါသည်။ ။

ဓာတ်ပုံ- အေးမြကျော်
ရေးသားသူ- အောင်ခိုင်၊ မရန် 

Credit...7Day News 

Tuesday, October 8, 2013

မြန်မာစစ်ခေါင်းဆောင်တို့သည် တိုင်းရင်းသားတော်လှန်ရေးများနှင့်ပတ်သက်၍ ငြိမ်းချမ်းမှုကို ရေရှည်ထိန်းသိမ်းထားလိုဟန် မရှိ


 ကားလ်မာ့ခ်စ်(Karl Marx) က သူ၏ ကွန်မြူနစ်ပါတီဝါဒကျမ်း(၁၈၄၈ ခုနှစ်)တွင် “ လက်ရှိကာလ အထိဖြစ်တည်နေသော လူ့အဖွဲ့အစည်း သမိုင်းသည် လူတန်းစားများ၏ တိုက်ပွဲသမိုင်း ဖြစ်နေ၏ ” ဟု ရေးသားထား၏။ ယင်းသို့သော သုံးသပ်ချက်မှာ  မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများရှိ တိုင်းရင်းသား လူတန်းစားတို့၏ အရေးပါမှုနှင့် ချိန်ထိုးကြည့်ပါက တစ်ဝက် တစ်ပျက်သာ မှန်ကန်ခြင်းရှိ၏။ ယခုအခါ ဤတိုင်းရင်းသားများ၏ လူမှုဘ၀ အရေးအရာတို့သည် နိုင်ငံရေး ကစားကွက်လေလောဟု ပညာရှင်များစွာ အဖို့ စဉ်းစားစရာဖြစ်လာသည်။ ကရင်၊ ကချင်၊ မွန်၊ ရှမ်း နှင့် အခြား တိုင်းရင်းသားတို့မှာ AK-47 သို့မဟုတ် M16 လက်နက်များ ကိုင်စွဲ၍ ဆက်လက် တိုက်ပွဲဝင်ရသည့် လမ်းကြောင်းသို့ရောက် ရှိနေသည်။ ၂၀၀၅ ခုနှစ်မှ စ၍ သူတို့သည် ရန်ကုန်နှင့်နေပြည်တော်ရှိ ၄င်းတို့၏ တစ်ယူသန် ရန်သူ့ခြေဖျားအောက်မှ တစ်ဖက်သတ်အနိုင်ယူ ၀န်းရံထားမှုကို အားမတန်မာန်လျှော့ ခံယူနေရပေသည်။

၁၉၄၈ ခုနှစ်လွတ်လပ်ရေးကာလကပင် တိုင်းရင်းသားလက်နက်ကိုင်စစ်ပွဲများမှာ အဆက်မပြတ် ကြိုကြားကြိုကြား ပွင့်အံဖြစ်ပေါ်နေခဲ့သည်။  ဗမာလူမျိုး မဟုတ်ဆိုသောအမြင်၊ ပြည်သူ့အရေးနှင့်စစ်ရေး နှစ်မျိုးလုံးတွင် ဗမာလူမျိုးတို့ လွှမ်းမိုးကြီးစိုးထားသည့် အစိုးရမှ သက်ဆိုင်ရာပြည်နယ်တို့၏ သဘာဝ အရင်းအမြစ်များကို ချုပ်ကိုင်ထားခြင်း၊ တန်းတူညီမျှ အခွင့်အာဏာအားငြင်းပယ်မှုတို့က ယင်းစစ်ပွဲတို့၏မောင်းခလုတ် ဖြစ်သွားစေခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ် ကာလအတိုင်း စစ်တပ်၏ အရေးပါမှုကို ထိပ်တန်းတင်ဆဲ။ ကွာခြားသည်မှာကား စစ်ဗိုလ်ချုပ်များက ၄င်းတို့၏လက်ဝါးကြီးအုပ် အုပ်ချုပ်ရေးကို ရာစုနှစ်တစ်ဝက် လွန်သည်အထိ လက်ဝေခံထားကြသည်။ ဗြိတိသျှတို့အုပ်စိုးခဲ့စဉ်က မြန်မာနိုင်ငံသည် “ကမ္ဘာ့ဆန်အိုးကြီး” အဖြစ် ကမ္ဘာ့ပို့ကုန်ထက်ဝက်မျှ ထုတ်လုပ်တင်ပို့ခြင်းဖြင့် ၀င်ငွေကောင်းမွန်ခဲ့သည်။ မြန်မာဗိုလ်ချုပ်ကြီးများ လက်ထက်တွင်မူ မြန်မာနိုင်ငံကို ပလိုင်းပေါက်နှင့် ဖားကောက်ဘ၀သို့ တွန်းပို့လိုက်သည်။ ၄င်းမှာ ကမ္ဘောဒီးယား၏မျိုးသုဉ်း သတ်ဖြတ်မှုခေတ်လွန် အခြေအနေထက်ဆိုးသော အနေအထားဖြစ်နေ၏။

ဗိုလ်ချုပ်နေ၀င်း လက်အောက်ခံဖြစ်စေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်ခံဖြစ်စေ စစ်အာဏာပိုင်တို့သည် တိုင်းရင်းသားတော်လှန်ရေးများနှင့် ပတ်သက်၍ ငြိမ်းချမ်းမှုနှင့် မျှတမှုကို ရေရှည်ထိန်းသိမ်းထားလိုဟန် မရှိချေ။ ငြိမ်းချမ်းရေး သဘောတူညီမှုများ၌ အမြဲတစေ အာဏာရှင်ဆန်ဆန် ပြုမူလာခဲ့ကြသည်။ စစ်အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး အုတ်မြစ်ချပြီးနောက် တစ်နှစ် ၁၉၆၃ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းသည် ဗမာမဟုတ်သည့် တိုင်းရင်းသားတော်လှန်ရေးအုပ်စုများကိုသာမက ဗမာကွန်မြူနစ်လက်နက်ကိုင် အုပ်စုနှင့် အသက်မပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လူသိရှင်ကြား ပြုလုပ်ခဲ့သည်။ အမြင်မတူညီသည့် အချို့အုပ်စုများ လက်ခံလာသည့်အခါ ရန်ကုန်အစိုးရသည် ၄င်းတို့အပေါ် လူရာမသွင်းသောမူဝါဒဖြင့် ဆက်ဆံခဲ့ကြသည်။ ဗမာမဟုတ်သော တိုင်းရင်းသားလူ့အဖွဲ့အစည်းများအပေါ် ဗဟိုအစိုးရ၏အာဏာတည်မြဲရန် ဗိုလ်ချုပ်သန်းရွှေမှ စစ်အင်အားစုထံ အဖန်တလဲလဲ ညွှန်ကြားခဲ့ပြန်သည်။ ၄င်းမှာ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးအတွက် မဟုတ်သည့်အပြင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စံနစ်၏အစိတ်အပိုင်း တစ်ရပ်ဖြစ်နေသည်။

“ အမျိုးသားညီညွတ်ပေါင်းစည်းရေးကို အောင်မြင်သည်အထိ တည်ဆောက်ကြဖို့၊ ပြည်ထောင်စုပြိုကွဲ စေမည့် အတွေးအမြင်အယူအဆ မှန်သမျှကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ် ” ဟု စစ်တပ်ဆေး တက္ကသိုလ်စာသင်ခန်းမတစ်ခုတွင် သူက ပြောကြားခဲ့သည်။

သို့အားဖြင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်လာသည့်တိုင်အောင် လက်နက်ကိုင်ပဋိပက္ခများကို သက်ဆိုးရှည်နေစေခဲ့သည်။ နေပြည်တော်ကိုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့တို့သည် ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလမှစ၍ အင်အားအရရော နိုင်ငံရေးအနေအထားပါ ထင်ထင်ရှားရှား အပြောင်းအလဲဖြစ်ကုန်၏။ ကချင်၊ ချင်း၊ ၀၊ နာဂတောင်တန်းဒေသများ၊ အခြားဒေသတို့နှင့်သီးခြားဖြစ်နေသော ရခိုင် ကမ်းမြှောင် ဒေသတစ်ခွင်၌ ပဋိပက္ခများ ပိုမို ကျယ်ပြန့်လာသည်။

ရှမ်းပြည်တပ်မတော်(SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ နှင့် ကရင် အမျိုးသားတပ်ပေါင်းစု အပါအ၀င် လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများသည် မိုင် ၁၅၀၀ မျှရှည်လျား သော ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်၌ ဆက်လက်တပ်စွဲဖြန့်ကျက်ထားကြ၏။ ၄င်းဧရိယာမှာ အရှေ့ဖျား ရှိ ရှမ်းတောင်တန်းမှသည် ထိုင်းနိုင်ငံမြောက်ဖက်နယ်စပ် ကရင်နီဒေသ၊ ၄င်း၏အောက်ဖက် တနင်္သာရီ ကမ်းရိုးတန်းအပြင် ထိုင်းနိုင်ငံ၏ Tak နှင့် Kanchanburi ပြည်နယ်များနှင့်ကပ်လျက် သံလွင်မြစ် တစ်ဖက်ကမ်းရှိ ကရင်နယ်ပယ်များအထိ ကျယ်ပြန့်သည်။

ဗမာမဟုတ်သည့်လူ့အဖွဲ့အစည်းများသည် နိုင်ငံ့လူဦးရေ ပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိနေကြသည်။ လွတ်လပ်ရေး ရရှိသွားခြင်းက မိမိတို့မှာ ဗြိတိသျှအုပ်စိုးမှုမှ လွတ်မြောက်၍ ဗမာလူများစု၏ ဖျစ်ညှစ် ဆုပ်ကိုင်မှုအတွင်း တဖန် ကျရောက်သွားသည်ဟု အမြင်ရှိနေကြ၏။ ကွင်းလုံးကျွတ်လွတ်လပ်ရေး မရခင်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်ရေး၏ ပင်မ အသက်ဖြစ်သော – မိမိညီနောင် တိုင်းရင်းသားများကို ယဉ်ကျေးမှု၊ အာဏာ နှင့် လူမျိုးရေးတွင် တန်းတူညီမျှမှု ရှိစေမည်ဟု ကတိက၀တ် ပေးခဲ့ကြသည်။ သို့သော် လူထုနှင့်စစ်တပ် နှစ်ရပ်လုံးရှိ အမျိုးသားရေး ၀ါဒီများက လွတ်လပ်ရေးရပြီး ကာလတွင် ဤအခြေခံစည်းမျဉ်းကို ချိုးဖျက်ခဲ့ကြသည်။ သီးခြားအုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းခွင့်ကို သဘောတူထားလင့် ကစား ၄င်းတို့မှာ လူတစ်စုတည်း၏ အကျိုးအမြတ်ကိုသာဖြစ်ထွန်းစေသည့် နိုင်ငံ တော်ဖွဲ့စည်းပုံ အသစ်အား အဓမ္မ လက်ခံစေခြင်း ခံလိုက်ရပေ၏။

၁၉၄၇ အခြေခံဥပဒေတွင် လွတ်လပ်ရေးရပြီးနောက် ရှမ်းနှင့် ကရင်နီတို့ကို ၁၀ နှစ် အစမ်းကျင့်သုံးစေမည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသားတို့၏ အဓိက ရည်ရွယ်ချက်များမှာ မြန်မာပြည်ထောင်စု ဟူသော ခေါင်းစဉ်အောက်ဝယ် မှေးမှိန်ခဲ့ရသည်။ သို့သော် ၁၉၈၀ ခုနှစ် များအလွန်မှစတင်ကာ နိုင်ငံအတွင်းအပြင်ဖွံ့ဖြိုးရေးက တိုင်းရင်းသားတို့၏မူလခံစားခွင့်ကို ပြန်လည်ရယူရန် တွန်းအားပေးခဲ့ပေသည်။ နိုင်ငံပြင်ပရှိ ပထ၀ီနိုင်ငံရေးတန်းညှိခြင်းများ အနက် လက်နက်ကိုင်ဗမာပြည် ကွန်မြူနစ်အဖွဲ့ကို တိုက်ထုတ်ရန် မြန်မာစစ်တပ်အတွက် အနောက်တိုင်း၏ စစ်အေးကာလ ကျားကန်ထောက်ပံ့မှုက မြန်မာနိုင်ငံ၌ ပြည်တွင်း စစ်ဖြစ်ပွားမှုကို သက်ဆိုးရှည်စေခဲ့သည့် အကြောင်း တစ်ရပ်ဖြစ်သည်။ သမိုင်းကြောင်း ရန်သူဖြစ်သော ထိုင်းနိုင်ငံ၏ နိုင်ငံရေး အငြိုး နှင့် စီးပွားရေး စားကျက်လုခြင်းများ၊ ၁၉၇၀ နှစ်များအတွင်း ဗမာပြည်ကွန်မြူနစ် ပါတီအား စစ်ရေးနှင့်အယူအဆအရ ခိုင်မာစွာ ထောက်ပံ့ခြင်း၊ မအောင်မြင်သော ဆိုရှယ်လစ် စစ်အုပ်ချုပ်ရေးကာလ အတွင်း ပြည်တွင်း မှောင်ခိုဈေးကွက်၊ နယ်စပ်ဖြတ်ကျော် မှောင်ခို လုပ်ငန်းများတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အ ကြီးမားဆုံး ဘိန်းဖြူထုတ်လုပ်သည့် တိုင်းပြည်တစ်ခု ဖြစ်လာခဲ့၏။

ပဋိပက္ခများအကြား မြန်မာတိုင်းရင်းသားတို့၏စီးပွားရေးအခြေအနေမှာ ကုန်ထုတ်လုပ်ခြင်းအပေါ် ထိန်း ချုပ်ရန် အားထုတ်မှုများ၊ လုပ်အားခ အငြင်းပွားမှုများ၊ အလုပ်အကိုင် အခြေအနေများကြောင့် မျှတမှု ကင်းမဲ့နေသည်။ တိုးတက်ဖို့အလားအလာ နည်းပါးလျက်ရှိသည်။ စင်စစ်၌ အကြောင်းတရားမှန်မှာ ဤစစ်ပွဲများပင် ဖြစ်သည်။ ယခုအခါ ဗိုလ်ချုပ် မျိုးဆက်သစ်များအောက်ဝယ် မတရား အမြတ်ကြီးစား အာဏာပိုင်တို့သည် စီးပွားဖြစ်ထွန်းရာ သို့မဟုတ် အချက်အခြာကျရာ နယ်မြေများကို ၄င်းတို့၏ လိုအပ်ချက်အရ အကြွင်းမဲ့ထိရောက်စွာ ခြယ်လှယ်ထား လိုကြပေသည်။ KIA နှင့် KNU ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေး အုပ်စုများအဖို့ ဘေဂျင်းနှင့် ဘန်ကောက်ထံမှ ပြည်ပ အထောက်အပံ့များ ခန်းခြောက် ကုန်သဖြင့် အခြေအနေ ဆိုးရွားနေဆဲဖြစ်ရသည်။ တိန့်ရှောင်ဖိန်လက်ထက် အိမ်နီးချင်း အင် အားကြီး တရုတ်နိုင်ငံ (နှင့်) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ချောင်ဗာလစ် ယုံချိုင်ယု လက်ထက် ထိုင်း စစ်တပ်တို့သည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းကပင် ရန်ကုန်အား ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သယံဇာတများကိုနှိုက်ယူမည့်စီးပွားရေးဆက်ဆံမှု၊ လက်နက်အရောင်းအ၀ယ်၊ နယ်စပ် ကုန်သွယ်ရေးတို့ကို အသုံးချလျက် အာဆီယံအတွင်း ဈေးကွက် ဖန်တီးရေးအလို့ငှာ အပြန်အလှန် စီးပွားရေးပူးပေါင်း လုပ် ဆောင်မှုကို အစီအစဉ် တကျ ဖော်ဆောင်လာခဲ့ကြသည်။

နယ်စပ်ဒေသများအပါအ၀င် တိုင်းရင်းသား နယ်ပယ်တို့မှာ နိုင်ငံ့နယ်မြေ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ စစ်အေးခေတ်လွန် ရည်မှန်းချက်သစ်အတွက် မဟာဗျူဟာအရ – စီးပွားရေးအရ ယင်းဒေသများတွင် စစ်ပွဲအများအပြား ဖြစ်လာအောင် ခင်းကျင်းထားခြင်းဟု ဆိုရလိမ့်မည်။ ယင်းဒေသများ၌ ၀င်ငွေ စီးကြောင်းဖြစ်သည့် မြေပေါ်မြေအောက် သဘာဝ သယံဇာတများ တည်ရှိ နေ၍ဖြစ်၏။ ဗမာ မဟုတ်သည့် အခြား တိုင်းရင်းသား အပေါ်ထားရှိသော စစ်တပ်၏ လူမျိုးကြီးဝါဒအား အဆုံးသတ် မသတ်ကို တပ်အပ် မသိရှိနိုင်သေး။  လန်ဒန်၊ ပဲရစ်၊ ဇူးရစ်ခ်ျ၊ နယူးယော့ခ်၊ တိုကျို၊ ဆိုးလ် အစရှိသော စွန့်ဦးဖက်စပ်အရင်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အမြင်၌လည်းကောင်း၊ ဥရောပ သမဂ္ဂနှင့် ၄င်းအခြေပြုဖွံ့ဖြိုးရေးအေဂျင်စီများ၏ အမြင်၌လည်းကောင်း မြန်မာနိုင်ငံရှိ စစ်မက်ဇုံများက ဗျူဟာ မြောက်နေရာများဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး အကျိုးအမြတ်ဖြင့် မြေရိုင်းနယ်သစ်များအား ထွင်းဖောက်နိုင်ချေရှိသေးကြောင်း တွေ့မြင်လာကြသည်။ တစ်ချိန်တည်းမှာပင် စစ်အေးကာလ အာဆီယံရှိ တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး အုပ်စုက ဗဟိုထိန်းချုပ်မှုဖြင့်လည်ပတ်နေသော တရုတ်နှင့် ဈေးကွက် ယှဉ်ပြိုင်သူများအဖြစ် အသွင်ကူးပြောင်းနေသည်။ တောင်အာရှ နှင့် အရှေ့တောင်အာရှ ပေါင်းကူးနယ်မြေ တစ်ခုဖြစ်နေသည့် မြန်မာနိုင်ငံသည် အာဆီယံ၏မဟာစီးပွားရေး အကွက်အကွင်းအတွက် လက်မလွှတ်နိုင်ဖွယ် အချက်အခြာဒေသ ဖြစ်လျက်ရှိပေသည်။
ပြင်ပနိုင်ငံများ၏ စီးပွားရေး အခွင့်အလမ်းများ ကြီးမားလှသည်ဖြစ်၍ ပဋိပက္ခအကြား နစ်မြုပ်နေသည့် မြန်မာလူ့ အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံလူ့ အခွင့်အရေး နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အလားအလာ ကဲ့သို့ နိုင်ငံရေးတိုးတက်မှု ဖြစ်ထွန်းစေလိုကြသည်မှာ ရှည်ရှည် ဝေးဝေးစဉ်းစားနေစရာပင် မလိုအပ်တော့ချေ။ သာဓကအားဖြင့်ဆိုရသော် လွန်ခဲ့သော ၂၅ နှစ်ခန့်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်၏အဆိုအရ အာဆီယံမှဆောင်ရွက်ဆဲ အစီအမံများအတွက် ဒေါ်လာ ၅၅၀ ဘီလီယံကို အနောက်တိုင်း အုပ်စုတို့၏ကျောထောက်နောက်ခံဖြင့် ရရှိခဲ့၏။ အရှေ့တောင် အာရှတစ်ခွင်၌ တစ်ခု တည်းသော စွမ်းအင်ဈေးကွက်ကြီး ဖန်တီးနိုင်ရန် အလို့ငှာဖြစ်သည်။ ယင်းဈေးကွက်သစ်တွင် မြန်မာနိုင်ငံကဲ့သို့ စက်မှုစီးပွား အနိမ့်ကျဆုံးသောဒေသတွင်းမှ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပြီး စက်မှု စီးပွား အရှိန်အဟုန်ကောင်းလာသော တရုတ်နှင့်ထိုင်းသို့ တင်ပို့မည်ဖြစ်သည်။ လတ်တစ်လော ဆွေးနွေးချက်များအောက်ရှိ အလားတူ လျာထားချက် ၂၄ မျိုးမှ မမှန်းဆနိုင်သည့် အကျိုးစီးပွားကို မျှော်မှန်းထားကြသည်။

နယ်ခံတိုင်းရင်း နှင့် လက်နက်များ

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကပင် မြန်မာနိုင်ငံကို မဟာဗျူဟာမြောက်ဒေသအဖြစ် ပြည်ပ အင်အားစုများက အမြင်ထားရှိခဲ့ကြ၏။ အရှေ့တောင်အာရှ စီးပွားရေးအတွက် တရုတ်နှင့် အိန္ဒိယ ဖက်သို့လမ်းပေါက်သော နောက်ဖေး တံခါးအဖြစ်လည်းကောင်း၊ ဖက်ဆစ် ဂျပန်အတွက် စစ်ဆင်နေရာ အဖြစ်လည်းကောင်း၊ ဥရောပစီးပွားရေး အင်အားစုများအတွက် အချက်အခြာကျ ဆိပ်ကမ်းဒေသ အဖြစ်လည်းကောင်း၊ သယံဇာတသိုက်ကြီးနှင့်ဈေးကွက် သစ်ဖော်ဆောင်နိုင်သည့် အကွက်အကွင်း အဖြစ်လည်းကောင်း အမြင် အသီးသီး ရှိနေခဲ့ကြ၏။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ဦးနေ၀င်း၏ အာဏာရှင်စံနစ် ကျဆုံးသော ၁၉၈၈ ခုနှစ်ထိ ယင်းနယ်နမိတ်များကို စစ်ခေါင်းဆောင်များမှ တိုက်ရိုက် ထိန်းချုပ်မှုအားဖြင့်လည်းကောင်း၊ ကိုယ်ပိုင်လွတ်လပ်ရေးကြိုးပမ်းသူ တိုင်းရင်းသား အဖွဲ့တို့ကို တိုက်ခိုက်ခြင်းအားဖြင့် လည်းကောင်း စည်းရိုးခတ်ထားခဲ့သည်။ ယင်း စစ်အေးခေတ်ကာလအတွင်း ထိုင်း၊ အိန္ဒိယ နှင့် တရုတ်ကဲ့သို့ အိမ်နီးချင်း အင်အားစုများက ဆန့်ကျင်ရေးအုပ်စုတို့နှင့် မဟာမိတ်ဖွဲ့ခဲ့သည် သို့မဟုတ် ကိုယ်စီအကျိုးအမြတ်ဖလှယ်နိုင်ရေး အတွက် ထောက်ပံ့ကူညီခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကား တရုတ်နှင့်ထိုင်းတို့၏တန်ပြန်ဗျူဟာမှထွက်ပေါ်လာသော မိမိတို့၏အတိုင်းအဆမဲ့ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရယူရေးရည်ရွယ်ချက် ဖြစ်သည်။ ယခုသော် KIA ကဲ့သို့ တရားဝင်ဆန့်ကျင်ရေးအင်အားစုများ၊ ၀ပြည်နယ်ညီညွတ်ရေးတပ်ကဲ့သို့ ကနဦးပိုင်းမူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူးသူအဖွဲ့များက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ရွေးချယ်ခဲ့ကြသည်။ ဗန်ကောက် နှင့် ဘေဂျင်းက ၄င်းတို့ကိုအသုံးချလျက် ဆန့်ကျင်ရေး ဗျူဟာသစ်ကို အစားထိုးခဲ့ပေသည်။ ထိုင်းနိုင်ငံအနေနှင့် မူးယစ်ဆေးဝါးဇုံများမှ ၀င်ငွေဖြောင့်နေသည်။ သို့သော် မူးယစ်ဆေး လုပ်ငန်းနှင့်ကင်းရှင်းနေခဲ့သည့် KNU နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ SSA အုပ်စု စသည့်အဖွဲ့များမှာမူ လက်ရှိတွင် တမဟုတ်ချင်းရေပန်းစားလာသော အစိုးရ၏အပစ်အခတ်ရပ်စဲရေးထက် လက်နက်စွဲကိုင်တော်လှန်ရေး လမ်းကြောင်းကို ဆက်လျှောက်ရန် ဆုံးဖြတ်ထားကြ၏။ ယင်း အပစ်အခတ်ရပ်စဲရေး ဟူသည်မှာ ငြိမ်းချမ်း ရေးနှင့်ပြန်လည်သင့်မြတ်ရေးဖက်ကို ရှေ့ရှုဆင်ယင်သည့် ခြေလှမ်းမျိုးမဟုတ်၊ တိုင်းရင်းသားများအကြား လိုလျှင်လိုသလို ခွဲခြားအုပ်ချုပ်ခြင်းမူဝါဒ၏ အစိတ်အပိုင်း တစ်ရပ်သာဖြစ်သည်ဟု သူတို့မှ အမြင် ရှိကြသည်။

၎င်းတို့အဖို့ ထိုင်း၊ တရုတ်အစိုးရတို့နှင့် ရေရှည်ဆက်ဆံရေးမှာ ရုတ်ခြည်းဖြတ်တောက်ခံရ၏။ စစ်အေးခေတ်အလွန်တွင် စီးပွားရေးအခြေပြု ဦးတည်ချက်အသစ်ဖြစ်လာသည်၌ ထိုအချက်ကို ပို၍ရှင်းလင်းသွားစေသည်။ နှစ်ဖက်မျှ အကျိုးဖြစ်ထွန်းသော သဘာဝသယံဇာတနှင့် စွမ်းအင်စီးကြောင်း၊ ဈေးကွက်သစ်များ ခိုင်မာရေး ဟူသည့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆနှင့် လိုဘများက တစ်စစဖြင့် တိုင်းရင်းသားအာဏာပိုင်များအပေါ် ထင်ထင်ရှားရှား လွှမ်းမိုးလာသည်။ တစ်ယူသန် ဆိုရှယ် လစ်စံနစ်ကိုထူထောင်ခဲ့သော ဦးနေ၀င်းနှင့်၎င်း၏အမွေခံတို့သည် စစ်တပ်မှလွဲ၍ မည်သည့်အရပ်သား မည်သည့်အုပ်စုကိုမျှ စိတ်ချယုံကြည်မှု မထားရှိခဲ့ချေ။ သို့ဖြစ်ရာ ဦးနေ၀င်း၏ တစ်ပါတီဆိုရှယ်လစ် စံနစ်ပြိုလဲလေသော အခါ အကျင့်ပျက်ခြစားမှု၌အရိုးစွဲနေသည့် စစ်အရာရှိတိုင်းက ဆိုရှယ်လစ် စံနစ်မှ ဖယ်ခွာပြီး အရင်းရှင်စံနစ်သို့ဦးတည်ခြင်းကို ပို၍၀မ်းသာ အားရဖြစ်ခဲ့ကြသည်။ ၁၉၈၈ သွေးမြေကျ အရေး အခင်းပြီးသည်နှင့် မျိုးဆက်သစ်ဗိုလ်ချုပ်အုပ်စုများသည် နိုင်ငံပြန်လည် ထူထောင်ရေး နှင့် ဘဏ္ဍာဖြည့်တင်းရေး နည်းတစ်ရပ်အနေဖြင့် တံခါးဖွင့် ၀ါဒကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည်။

တံခါးဖွင့်ခြင်း၏နောက်ကွယ်တွင်

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ချောင်ဗာလစ် ယုံချိုင်ယု လက်အောက်ခံစစ်တပ်နှင့် အနီးကပ် ဆက်ဆံရေးရှိသော ထိုင်းကုမ္ပဏီ ၃၅ ခုကို ဒေါ်လာသန်း ၁၂၀ တန်ကြေးရှိ သစ်ထုတ်လုပ်ခွင့် သဘောတူ စာချုပ်ချုပ်ခြင်းဖြင့် နိုင်ငံ၏ အရင်းရှင် လမ်းသစ်ကို အဆောတလျင် စတင်လိုက်သည်။ ရှေ့ဆက်၍ ကျောက်မျက်နှင့် ငါးဖမ်းခွင့်ပေးခဲ့သည်သာမက ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကိုလည်း ဖွင့်လှစ်ခဲ့၏။ မြန်မာ့ဈေးကွက် လိုအပ်ချက်ထက်ကျော်လွန်ကာ ကျွန်းသစ်၊ သတ္ထု၊ လယ်ယာနှင့်စိုက်မျိုးထွက်ကုန် တင်သွင်းခွင့်ကို တရုတ်မှ ရရှိခဲ့ပြန်သည်။ နိုင်ငံတကာစီးပွားရေးတံခါးဖွင့်ဟမှုမှာ မြန်မာ ဗိုလ်ချုပ်တို့၏ ပင်တိုင်ဆုံးဖြတ်ချက်များသာ ဖြစ်၏။ စီးပွားရေးခံစားခွင့်၊ အောင်မြင်မှု၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်သစ်၊ လူတန်းစားအခြေခံ ပြည်တွင်းနိုင်ငံရေး တို့အားဖြင့် လှိမ့်ဝင်လာသော အကျိုးအမြတ်အားလုံးမှာ စစ်တပ်ကောင်းကျိုး သက်သက်သာ ဖြစ်ရလေသည်။

၁၉၈၈ ခုနှစ်တွင် အစိုးရပြိုလဲသော်လည်း စစ်တပ်၏အခန်းကဏ္ဍက အရေးပါအရာရောက်နေဆဲသာ။ တဖန် နယ်စပ်တစ်ကြောရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၂၀ ခန့်နှင့် ညီညွှတ်မှု တည်ဆောက်ရေးကို ပြည်တွင်းမြန်မာ လူများစုအားဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်၏အလျင် လက်ဦးမှုရယူရန် စစ်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၈၉ နှင့် ၁၉၉၉ ခုနှစ်ကာလအတွင်း အတိုက် အခံတိုင်းရင်း သား အုပ်စုများအနက် ၁၇ ဖွဲ့မှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီလိုက်ကြသည်။ ဤသဘောတူညီချက်များမှာ တိုးတက်ဖွံ့ဖြိုးရေးကိုသာမက တိုင်းရင်းသားခေါင်းဆောင်တို့၏ ကိုယ်ကျိုးစီး ပွား လမ်းကြောင်းဖြောင့်ဖြူးစေမည်ဟု အကြောင်းပြခဲ့ကြသည်။

ဤကာလအတွင်း အတိုက်အခံတိုင်းရင်းသားအုပ်စုများအတွက် လက္ခဏာသုံးရပ် ဖြစ်ပေါ်လာသည်။

ပထမအချက်မှာ – ကျားကန်ပေးထားသည့်အိမ်နီးချင်းနိုင်ငံများမှ စစ်ရေးနှင့်အယူအဆဆိုင်ရာ အထောက်အပံ့များ ဆုံးရှုံးသွားသည်။ ၄င်းနောက် စစ်မြေပြင်၌ KIA အပေါ် အသာစီးရမှုများရှိလာသည်။ ဤအချက်က စစ်အစိုးရ၏အမာခံရန်သူများအဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်အား လက်မ ခံဖွယ်ဖြစ်ရသည်။

ဒုတိယအချက်မှာ – အတိုက်အခံခေါင်းဆောင်များသည် မိမိတို့၏ကိုယ်ပိုင်နယ်မြေများ၌ စီးပွားရေးလုပ်ကိုင်ခွင့်အထူးအခွင့်အရေးပေးထားရာ အလျင်အမြန် ကြွယ်ဝချမ်းသာလာကြသည်။ ၄င်းသဘောတူညီချက်များက အတိုက်အခံတိုင်းရင်းသားလူ့အဖွဲ့အစည်းများအတွင်း လူတန်းစားသစ် တစ်ရပ်ကို ဖြစ်ပေါ်အမြစ်တွယ်လာစေသည်။ သို့ဖြင့် အဖွဲ့အုပ်စုများအကြား အက်ကြောင်းထစေခြင်းဖြင့် စစ်အာဏာပိုင်များ အမြတ်ထွက်ခဲ့သည်။

တတိယအချက်မှာ – သွေးကွဲမှုမျက်နှာစာနှစ်ရပ် ဖြစ်ပေါ်လာစေသည်။ စစ်အစိုးရ ဆန့်ကျင်သည့် လက်နက်ကိုင် တိုင်းရင်းသား အုပ်စုများအကြားရှိ သွေးကွဲမှု (နှင့်) အောင်မြင်နေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ နှင့် အပစ်အခတ်ရပ်စဲထားသော အုပ်စုများအကြားရှိ သွေးကွဲမှုတို့ ဖြစ်ကြသည်။

၁၉၈၈ အရေးအခင်းဖြိုခွဲမှုကိစ္စကတည်းက အနောက်တိုင်းသည် မြန်မာနိုင်ငံအား ရှုံ့ချကာ နှစ်ပေါင်း ၂၀ မျှ ပိတ်ဆို့ခဲ့သည်။ ၄င်းနောက်တွင် မြန်မာ့စီးပွားရေးနှင့်နိုင်ငံရေးပုံဟန်များကြောင့် အနောက်တိုင်း၏ စိတ်ဝင် စားမှုကို ဗိုလ်ချုပ်များမှ ရယူနိုင်ခဲ့ပြီး၊ အာရှဒေသစီးပွားရေး အခွင့်အလမ်းနှင့် ကမ္ဘာ့ရေနံကော်ပိုရေးရှင်းများ အားဖြင့် ဟောင်းလောင်းပေါက် နိုင်ငံ့ဘဏ္ဍာတွင်းထဲ ဒေါ်လာဘီလီယံများစွာ ဖြည့်သွင်းပေးနိုင်ခဲ့သည်။ နေပြည်တော်မှလည်း ပြည်တွင်းရှိ တော်လှန်သူများ၊ သဘောထားကွဲလွဲသူများနှင့်ဆက်ဆံရေးဗျူဟာကို အစီအစဉ်ပြောင်းလဲလိုက်လေသည်။ ၁၉၈၉ ခုနှစ်မှသည် ယခုနှစ်အစောပိုင်းအထိ အတိုက်အခံဗမာများကို ချေမှုန်းနေရာမှ ဗမာမဟုတ်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်းဖြင့် အနားသတ်ခဲ့သည်။

ယခုသော် နေပြည်တော်၏ငြိမ်းချမ်းရေးစည်းမျဉ်းအတိုင်းလက်ခံရန် ငြင်းဆိုသည့် အပစ်အခတ်ရပ်စဲမှု သဘောတူထားသောအဖွဲ့ဖြစ်စေ ဆက်လက်ရှင်သန်နေသောအဖွဲ့ဖြစ်စေ မည်သည့်တိုင်းရင်းသား အုပ်စုကိုမဆို အပြီးတိုင်ချေမှုန်းရန် ဗိုလ်ချုပ်များက ဆုံးဖြတ်ထားပေသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လတွင် ကိုးကန့်ဒေသရှိ အပစ်အခတ် ရပ်စဲထားသောဒေသခံ တရုတ်တိုင်းရင်းသားအဖွဲ့- မြန်မာအမျိုးသားဒီမို ကရက်တစ်တပ်ပေါင်းစုအား တိုက်ခိုက်ခဲ့သည်။ ကိုးကန့်လူမျိုး ၃ သောင်းခန့်မှာ ဒုက္ခသည်များအဖြစ် တရုတ်နိုင်ငံတွင်းသို့ တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် စစ်အာဏာပိုင်များသည် KIO နှင့် ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်၍ ကချင်ပြည်နယ် ဧရာဝတီမြစ်ပေါ်ရှိ တရုတ်-မြန်မာ ရေအားလျှပ်စစ်စီမံကိန်းဒေသများမှ KIO တပ်ဖွဲ့များမှန်သမျှကို ရှင်းလင်းခဲ့ပြန်သည်။

တစ်ကျော့ပြန်ဗျူဟာ

စစ်အာဏာရှင်တို့၏ ဤဗျူဟာလမ်းကြောင်းသစ်သည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက် ပွဲနောက်တွင် ချမှတ်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ၄င်း၌ ဗမာလူများစုတို့အတွက် နိုင်ငံရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်လိုက်ခြင်းလည်း ပါဝင်သည်။ ရွေးကောက်ပွဲမတိုင်မီနှင့်နောက်ပိုင်း ဗမာမဟုတ်သည့် တိုင်းရင်းသားတို့၏အသံများ ပိုမိုမှေးမှိန်သွားစေရန် နှင့် ၄င်းအုပ်စုများအတွင်းအပြင်၌ နိုင်ငံရေး သဘောထားအက်ကြောင်း ဆက်လက်ကြီးထွားလာစေရန် ယင်းဗျူဟာက ဆောင်ကြဉ်းထားသည်။ ၁၉၉၃ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အတွင်း အပစ်အခတ်ရပ်ဆိုင်းထားသည့်အုပ်စုများနှင့် ဗမာမဟုတ် သည့်အခြားတိုင်းရင်းသားကိုယ်စားလှယ်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဟူသော မက်လုံးဖြင့် အမျိုးသား လွှတ်တော်ထဲ ဆွဲသွင်းခဲ့၏။ သို့သော် လွှတ်တော်သည် စစ်တပ်၏ ၂၀၀၈ အခြေခံဥပဒေအောက်မှ စည်းမျဉ်းနှင့်လမ်းညွှန်ချက်များကို ချမှတ်ကျင့်သုံးအသက်သွင်းနေပေသည်။

လက်တွေ့တွင် ၄င်းတို့၏ရည်မှန်းချက်များနှင့်အရေးအရာများကို စစ်တပ်နှင့်၎င်း၏စိတ်ကြိုက် ရွေးချယ် ကိုယ်စားလှယ်များက  လျစ်လျူရှုထားခဲ့ကြ၏။ သို့သာမက ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလများ၌ အပစ်အခတ်ရပ်စဲအုပ်စုများ (၄င်းတို့နှင့်ဆက်နွှယ်နေသည့် ခေါင်းဆောင်များ)အား ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကို ဗဟိုစစ်ဌာနချုပ်မှ ငြင်းဆန်ခဲ့သည်။ ၀နယ်မြေ နှင့် အခြားအပစ်အခတ်ရပ်စဲဒေသများတွင် တရားဝင်မဲပေးခွင့်ရှိသူအများအပြားကို စစ်အစိုးရမှ မဲထည့်ခွင့်မပြုခဲ့ချေ။ လုံခြုံရေး အားနည်းသည်ဟူသော အကြောင်းပြချက်ဖြင့် ထိုနယ်ပယ်များ၌ ရွေးကောက်ပွဲကို မကျင်းပရန် ညွှန်ကြားခဲ့သည်။

သမိုင်းကြောင်းတစ်လျှောက် ဗြိတိသျှကိုလိုနီတို့သည် ပြည်မတိုင်းရင်းသား(အထူးသဖြင့် ဗမာလူများစု) နှင့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ စသော တောင်တန်းဒေသသားတို့ မပေါင်းစည်းနိုင်စေရန် စီမံထားခဲ့သည်။ ယနေ့စစ်တပ်သည်လည်း ဗမာလူမျိုးနိုင်ငံရေးသမား၊ အတိုက်အခံများနှင့် ဗမာမဟုတ်သူတို့ သွေးစည်းသွားစေမည့် မည်သည့်ကြိုးပမ်းချက်ကိုမဆို တားဆီးထားခြင်းဖြင့် “ ခွဲခြားအုပ်ချုပ်ရေး ” ဟူသော ကိုလိုနီစံနစ်ဟောင်းကိုပင် တစ်ကျော့ပြန် အသက်သွင်းနေပေသည်။ ဒေါ်စုကြည်သည် နေအိမ် အကျယ်ချုပ်မှလွတ်မြောက်လာပြီး များမကြာမီ တိုင်းရင်းသားပေါင်းစုံ၏ အကျိုးစီးပွားကို အခြေတည်သည့် ဖက်ဒရယ်အစိုးရစံနစ်အား ထူထောင်ရန် စတင်လုံးပန်းခဲ့သည်။ နိုဝင်ဘာလ လယ်ပိုင်းက ဒေါ်စုကြည်သည် စစ်တပ်နှင့် တိုင်းရင်းသားများပြဿနာကိုထောက်ပြပြီး အထပ်ထပ်တင်ပြသော်လည်း – လူနည်းစုတိုင်းရင်းသား အုပ်စုများမှ သူမ၏ ရင်ကြားစေ့ရေးကြိုးပမ်းချက်ကို ထောက်ခံကြိုဆိုကြသော်လည်း နေပြည်တော်က ဥပေက္ခာပြုထားခဲ့သည်။

သြဂုတ်လတွင် သမ္မတဦးသိန်းစိန်က မိမိ၏အရပ်သားတစ်ပိုင်းအစိုးရသည် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့သင့်မြတ်ရေး ဖော်ဆောင်မည့် အစိုးရ ဟု ကြေညာလျက် လက်နက်ကိုင် အတိုက်အခံတိုင်း ရင်းသား အုပ်စုများထံသို့ ငြိမ်းချမ်းရေးစကားကို ကမ်းလှမ်းခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို နေပြည်တော်ရှိ ဗဟိုအစိုးရထက် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ထိတွေ့ဆက်ဆံမှုပြုကြရန်သာ တိုက်တွန်းခြင်းက ထူးခြားနေပေသည်။ “ တိုင်းရင်းသား လူမျိုးစုငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့သင့်မြတ်ရေး ” ဟူသည်မှာ ဒေသဆိုင်ရာနှင့်ဒေသတွင်း အုပ်စုများဆိုင်ရာကိစ္စသာ ဖြစ်ကြောင်း (နိုင်ငံတော်နှင့် မသက်ဆိုင်သလို) မီးစိမ်းပြလိုက်သည့် စစ်အစိုးရ၏ရပ်တည်ချက်အစီအမံသစ်တစ်ရပ်ကို ပြက်ပြက်ထင်ထင် တွေ့မြင်လိုက်ရလေသည်။ သို့တစေ စစ်တပ်၏နိုင်ငံရေးစည်းဝိုင်းအတွင်း အလုပ်လုပ်ရန် သဘောတူသော တိုင်းရင်းသားပါတီများအဖို့တော့ ထိုခေါင်းစဉ်မှာ အကောင်းဆုံးအနေအထား ဖြစ်နေ ပေသည်။

ပါလီမန်လွှတ်တော်ပိုင်းဆိုင်ရာစာရင်းဇယားကိုကြည့်လိုက်ပါကလည်း ထူးခြားနေပြန်၏။ လွှတ်တော်အမတ်နေရာ အားလုံးအနက် စစ်တပ်၏ ပါဝင်မှုက ၂၅ ရာခိုင်နှုန်းအထိ ရှိနေ၏။ စစ်အစိုးရ လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) တစ်ခုတည်းက အမတ်နေရာ ၁၁၅၄ တွင် ၈၈၃ နေရာ (၇၆.၅ ရာခိုင်နှုန်း) အထိရယူထား၏။ ဗိုလ်ချုပ်နေ၀င်း၏ စစ်အစိုးရဟောင်းမှ ဆင်းသက်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၃ နေရာဖြင့် ဒုတိယအဆင့်၌ ရှိနေသည်။ ဗမာ မဟုတ်သည့် တိုင်းရင်းသားလူ့အဖွဲ့အစည်းများအပေါ် တစညပါတီ၏ သဘောထားကလည်း USDP ထက် မလျော့ပါလေ။ စစ်အစိုးရ၏ လွှမ်းမိုးခြင်းမခံရသော ဗမာမဟုတ်သည့်တိုင်းရင်းသား ပါတီနှစ်ခုသာရှိ၏။ ၄င်းတို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) နှင့် ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ(RNDP) တို့ဖြစ်ကြသည်။ SNDP က အမတ်နေရာ ၅၇ နေရာ၊ RNDP မှ ၃၅ နေရာ အသီးသီး ရရှိထားကြ၏။ သို့သော် ၄င်းတို့၏ မျှော်လင့်ချက် နှင့် အရေး ကိစ္စများသည်လည်း စစ်တပ်မှ မှတ်တမ်းတင်မှုသာရှိပြီး အရေးတယူဆောင်ရွက်ပေးခြင်း မရှိပါလေ။

မြန်မာဗိုလ်ချုပ်များအတွက် စိတ်လှုပ်ရှားစရာနေ့ရက်များ ဖြစ်လာပေပြီ။ လက်ရှိတွင် ၄င်းတို့မှ လက်ခံထားသည့် ပြည်တွင်းပြည်ပ သာမက တိုင်းပြည်၏စီးပွားရေးနှင့် ပညာရှင်အသိုင်းအ၀ိုင်း၏ ထောက် ခံမှုကိုရရှိနေသော ၄င်းတို့၏အနီးကပ်ဆုံးရန်သူ ဒေါ်စုကြည်နှင့်NLD အား ရှုံးနိမ့်ခဲ့လျှင် နေပြည် တော်၏နှစ်ပါးသွားအစီအစဉ်မှာ အပြောင်းအလဲ ဖြစ်ရပေတော့မည်။ ဤအတောအတွင်း တရုတ်ကို မလိုလားသော အနောက်တိုင်းနှင့်အာဆီယံ၏ စီးပွားရေးနှင့်အစီအမံများမှာ ဗိုလ်ချုပ်များ၏အကြိုက်ဖက်သို့ စုဆုံလျက်ရှိနေ၏။ တစ်ခါ တောင်တရုတ်ပင်လယ်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် ကျွန်းနိုင်ငံအုပ်စုတို့သည် အနောက်တိုင်း(အလားတူ ၀ါရှင်တန်)နှင့် ကျယ်ကျယ်ပြန့်ပြန့် လက်တွဲညီညီ ပွဲခင်းနေခြင်းမှာ မိမိတို့၏အင်အားနှင့်ဓနကြီးထွားမှုအပေါ် ချိန်ခွင်လျှာညှိနေခြင်းဟု တရုတ်မှ မပြောဆိုယုံတမယ် ဖြစ်နေ၏။ မြန်မာဗိုလ်ချုပ်များ ပီကင်း၏ဗျူဟာစက်ကွင်းဖက်သို့ ထပ်မံမယိမ်းယိုင် သွားအောင် အာဆီယံနှင့်ဝါရှင်တန်နှစ်ရပ်လုံးမှ တူညီစွာ အာရုံထားနေပုံရ၏။ တိုင်းရင်းသား တော်လှန်ရေး များ ပွင့်အံလာခဲ့စဉ်ကတည်းက နှစ်ပေါင်း ၆၀ အတွင်း ယခုအချိန်သည် စစ်တပ်အဖို့ ဗမာမဟုတ်သည့် အတိုက်အခံအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုလိုက်ရန် ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံး အနေအထား၌ ရောက်နေပါသည်။ လူနည်းစုဝင်များ၏အခွင့်အရေးပေးရန်မှာ မငြင်းသာတော့လေပြီ။

** ဆောင်းပါးရှင် မောင်ဇာနည်သည် Free Burma Coalition (1995-2004) ၏ တည်ထောင်သူဖြစ်ပြီး၊ London School of Economics ၏ Department of International Development ၌ ၂၀၁၁-၁၃ ဧည့်သည်တော်အဖွဲ့ဝင် တစ်ဦးဖြစ်၏။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ သူရေးသားသည့် စာအုပ်တစ်အုပ်ကို ယေးလ်တက္ကသိုလ်မှ များမကြာမီ ပုံနှိပ်ထုတ်ဝေတော့မည် ဖြစ်ပါသည်။

( ဤဆောင်းပါးသည် စာရေးသူ၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အလ်ဂျဇီးရား၏အာဘော် မဟုတ်ပါ )
မောင်ဇာနည်၏ Neutralising Myanmar’s ethnic rebellions ဆောင်းပါးကို “ သာကီ ထက်ကောင်း ” မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။