KIO နှင့် မြန်မာ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေး အဖွဲ့ တို့ ယမာန်နေ့ (၁၃.၅.၂၀၁၄)ရက်နေ့ က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ တိုက်ပွဲ လျှော့ချရေး အတွက်ဆွေးနွေးသဘောတူ အပြီး ယနေ့ တိုက်ပွဲ ပြန်လည် ဖြစ်ပွား နေပြီဖြစ်ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၂) ဒေသ ဖြစ်သော "နမ့်မောပါ" ဘက်သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် (တပ်ရင်းအမည်စုံစမ်းဆဲ) နှင့် KIA,ဦးဆောင်ကာ တိုင်းရင်းသားများ အားလုံးပါဝင် ဖွဲ့စည်းထားသော(F.U.A) ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် တို့ ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားနေ ကြောင်း သတင်းရရှိပါသည်။
ဤဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် (မြောက်ပိုင်းစစ်ဒေသ)တွင် KIA(ကချင်),TNLA(ပလောင်),MNDAA(ကိုးကန့်တိုင်းရင်းသား),SSA/SSPP(ရှမ်း) တို့ ပါဝင်ကြောင်းသိရှိရပါသည်။
တိုက်ပွဲမှာ ယခု သတင်းရေးသားနေ ချိန် (၁၄.၅.၂၀၁၄)ရက်နေ့ ညနေ(၀၃း၃၀)အချိန်ထိ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ် ကြောင်း KIA, တပ်မဟာ (၄) ရှေ့တန်းအရာရှိများထံ မှ သတင်းပေးပို့လာပါသည်။
0 comments:
Post a Comment