အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေး ဒု ဝန်ကြီးက လွှတ်တော်မှာပြောကြားခဲ့တာနဲ့ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်ရင် အနှောက်အယှက်ဖြစ်နိုင်တာမှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာ နည်ခေါင်း ဆောင်ကြီးတွေကို သတိရကြောင်းပြသတာကတော့ အနှောက်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆိုလိုက်ပါတယ်။
"သူတို့လည်း အချက်ပြတယ်။အဲလိုအချက်ပြရင် လမ်းသွားလူတွေက ငြိမ်ငြိမ်သက်သက်လေးနဲ့ သတိရ ခြင်း အထိမ်းအမှတ် လုပ်ကြတာပဲ၊ဘာမှတော့ အနှောင့်အယှက် ဖြစ်တယ် မထင်ဘူး"RFA က ပုံမှန်ထုတ် လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ပတ်သက်ပြီး မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။တဆက်တည်းမှာပဲ အာဇာ နည်ခေါင်း ဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှု မခံခဲ့ရဖူးဆိုရင် မြန်မာပြည်ရဲ့အခြေအနေဟာ ခုလိုဆိုးဝါးနေမှာ မဟုတ်ဖူးဆိုတဲ့အမြင်ကို သူ သဘောတူလက်ခံကြောင်းလည်း ပြောပါတယ်။
"သဘောတူတယ်ဆိုတာက လွတ်လပ်ရေးရကာစ နိုင်ငံတစ်နိုင်ငံမှာ ရှေ့တန်းက ခေါင်းဆောင်တွေ ကျသွားတယ်ဆိုတာ နိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်မှုတော့ ရှိမှာပါ၊အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးနောက်ပိုင်းမှာ ခေါင်းဆောင်မှု ပေးနိုင်တယ် ဆိုတော့ အိန္ဒိယနိုင်ငံဟာ တော်တော် အခြေအမြစ် ခိုင်သွားတယ်"ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မိမိ အပါ အဝင်ပြည်သူ တရပ်လုံး အနေနဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ကြဖို့ ပြောကြားခဲ့တာဖြစ်တဲ့အတွက် နှစ်သက်သဘောကျမိတယ်လို့ လည်းပြောဆိုပါတယ်။
Ref: RFA
0 comments:
Post a Comment