ဟိန္ဒားမိုင်းသည် တနသာင်္ရီတိုင်းဒေသကြီး မေတ္တာမြို့နယ်ခွဲတွင် တည်ရှိပြီး ထားဝယ်မှ (35)မိုင် ခန့် အကွာ တွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော သတ္တုမိုင်းလည်းဖြစ်သည်။ လွတ်လပ်ရေးမရမီ အင်္ဂလိပ် အုပ်ချုပ်စဉ် ကာလကပင် အင်္ဂလိုဘားမား ကုမ္ပဏီမှ စနစ်တကျ တည်ဆောက်ခဲ့သော မိုင်းလည်းဖြစ်သည်။ ကိုယ်ပိုင်ရေအားလျှပ်စစ်၊ရေပေးဝေမှုစနစ်နှင့် စနစ်ကျသော ရေဆိုးထုတ်စနစ်၊ ရေတံခါးများဖြင့် တည် ဆောက်ထားသည်။ သတ္တုသန့်စင်လုပ်ငန်းမှ ထွက်လာသော ရေဆိုးများကို ရေတံခါးဖြင့်ထိန်းပြီး ရေစစ် ကန်တွင် အနည်ထိုင်စေပြီး ပြန်လည်အသုံးပြုသည့်စနစ်တို့ကို အသုံးပြုခဲ့သည်။ သဘာဝချောင်းများ မပျက် စီးစေရန်နှင့် ရေဆိုးများချောင်းအတွင်းသို့ စီးမ၀င်စေရန်ဖြစ်သည်။ နှစ်စဉ် ခဲမဖြူ (Tin) တန်ချိန် ရာပေါင်း များစွာ ထုတ်လုပ်ရရှိခဲ့သည်။
၁၉၉၉ ခုနှစ်မှစပြီး ထိုင်းနိုင်ငံသာပိုင် Myanmar Pongpipat Company မှ ဟိန္ဒားသတ္တုမိုင်းအား လွှဲပြောင်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထိုအချိန်မှစပြီး ဟိန္ဒားမိုင်း၏ သဘာဝပတ်ဝန်ကျင်နှင့် လူနေမှုပတ်ဝန်ကျင် အခြေ အနေများ ပြောင်းလဲခဲ့ရသည်။ Myanmar Pongpipat Company သည် ထိပ်ပိုင်းအားဏာပိုင်များနှင့် အပေးအယူလုပ်အာ ၄င်းတို့ကုမ္ပဏီအကျိုးအမြတ်ရရှိရေးသာ အဓိကထားပြီး လုပ်ဆောင်ခဲ့သည်။ ဒေသဖွံ့ ဖြိုးရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးကို အလေးမထားခဲ့ပေ။
ွှThit Htoo Lwin
သတ္တုသန့်စင်လုပ်ငန်းမှထွက်လာသော စွန့်ပစ်မြေနှင့် ရေဆိုးများကို အများပြည်သူသုံး ချောင်းများ အ တွင်းသို့ တိုက်ရိုက်စွန့်ပစ်ခဲ့သည်။ ထို့ကြောင့် ဟိန္ဒားပတ်ဝန်ကျင်ရှိ ချောင်းရိုးများမှာ စွန့်ပစ်မြေများကြောင့် အနည်ပို့ခြင်း၊ စွန့်ပစ်ရေဆိုးများကြောင့် ဒေသခံများ ချောင်းရေ သုံးမရခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ ဒေသခံများမှ သက်ဆိုင်ရာသို့ မကြာခဏ တိုင်ကြားသော်လည်း ထိရောက်သော ဖြေရှင်းမှုမရှိခဲ့ပါ။
ဟိန္ဒားတွင် ဒေသခံများ မှီခိုအားထားရသော သတ္တုတွင်းဆေးရုံ တစ်ရုံရှိခဲ့ပါသည်။ ဓာတ်မှန်ခန်း၊ ခွဲစိတ် ခန်းနှင့် အတော်အတန်ပြည့်စုံသော ဆေးရုံတစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် ယိုးဒယားကုမ္ပဏီ လက်ထက်တွင် သတ္တုတွင်းဆေးရုံမှာ ဆေးမရှိ၊ ဆရာဝန်မရှိ၊ လူနာမရှိနှင့် ယိုးယွင်ပျက်စီးနေသော အဆောက်အဦး သာရှိတော့သည်။ ခေတ်အဆက်ဆက် ရေ၊မီးနှင့် ကျန်းမားရေးစောင့်ရှောက်မှု အပြည့်အ၀ရရှိခဲ့သော ဟိန္ဒားမိုင်းသည် ယခုအခါတွင် ရေနှင့်မီးမှာ မရေမရာနှင့် ကျန်းမားရေးအတွက် (၃၅)မိုင်ခန့်ဝေးသော ထားဝယ် သို့ သာအားထားနေရသည်။
ယိုးဒယားကုမ္ပဏီမှာ ဟိန္ဒားမိုင်းမှ အကျိုးအမြတ်များဖြင့် ၄င်းတို့နိုင်ငံတွင် အဆင့်မြင့် ဟိုတယ်ကြီးများ ပိုင်ဆိုင်ကာ ကြွယ်ဝချမ်းသာလာသော်လည်း ဟိန္ဒားမိုင်းအတွက်မှာ ၄င်းတို့တည်ဆောက်ထားသော အဆောက်အဦး ကောင်းကောင်းမရှိပါ။ အင်္ဂလိုဘားမားလက်ထက်က အဆောက်အဦးများနှင့် သတ္တုတွင်း ၀န်ကြီးဌာနလက်အောက်ရှိစဉ်က အဆောက်အဦးများသာရှိသည်။ ဒေသခံဝန်ထမ်းများနှင့် နိုင်ငံခြား သားဝန်ထမ်းများ၏ လစာနှင့် ခံစားခွင့်တို့မှာ များစွာကွာဟပြီး ဒေသခံများမှာ ယိုးဒယားတို့၏ အနှိမ်ခံဘ၀ အဖြစ်သာ လုပ်ကိုင်နေကြရသည်။
ကြားသိရသည်မှာ Myanmar Pongpipat Company သည် မြန်မာနိုင်ငံသို့ပေးသွင်းရမည့် အခွန်အခများကို နည်းမျိုးစုံဖြင့် ရှောင်တိမ်းခဲ့သည်။ ဒီဇယ်ဆီတင်သွင်းရာတွင်လည်းကောင်း၊ ယာဉ်စက်အပိုပစ္စည်းများ တင်သွင်းရာတွင်လည်းကောင်း၊ စက်ဆီချောဆီနှင့် လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းရာတွင်လည်းကောင်း၊ အခွန်အခများကို အပြည့်အ၀မသွင်းဘဲ ရှောင်တိမ်းခဲ့သည်။ အတွင်း သတင်းအရ Myanmar Pongpipat Company သည် ၄င်းတို့အချိုးကျရရှိသော ခဲမဖြူ (Tin) များပြည်ပ သို့တင်ပို့ရာတွင် မြန်မာနိုင်ငံသို့ပေးဆောင်ရမည့် အခွန်အခများကို သတ်မှတ်နှုန်းအတိုင်းမဟုတ်ဘဲ ကမ္ဘာ ခဲဈေး (ပေါက်ဈေး) အောက် များစွာလျှော့ချပြီး ဈေးနှုန်းသတ်မှတ် အခွန်ဆောင်ခဲ့သည်ဟု ကြားသိရသည်
မြန်မာနိုင်ငံအပေါ်တွင် သစ္စာမရှိသော၊ ဒေသအကျိုးမပြုသော ယိုးဒယားကုမ္ပဏီအား သက်ဆိုင်ရာမှ စစ် ဆေး အရေးယူသင့်ပါသည်။ တာဝန်သိသူ တာဝန်ရှိသူ မြန်မာနိုင်ငံအကျိုး ဒေသအကျိုးသယ်ပိုးထမ်းရွက်လိုသူ မည်သူမဆို ဆယ်နှစ်ကျော်ကြာ ဟိန္ဒားမိုင်၏ အခြေအနေ အမှန်ကို ဖော်ထုတ်အရေးယူပေးနိင်ပါရန် အသိပေးတင်ပြအပ်ပါသည်။
ဟိန္ဒားဒေသခံတစ်ဦး
0 comments:
Post a Comment