အခြေခံ ဥပဒေကို ပြင်မလား၊ အသစ်ရေးမလား" ဆိုတာကို တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ် ချက် တစ်ခုတည်း မရလို့ လူထုဆန္ဒခံယူပွဲ (Referendum) လုပ်ဖို့ လိုမယ်လို့ NLD က ကြေငြာတဲ့ အပေါ် အသံလေးတွေ ထွက်လာပါတယ်။ တတိယ အုပ်စု ပညာတတ် (နာမည်ကြီး စာရေးဆရာ) ဆိုသူတွေရဲ့ အသံတွေပါ ကြားလာရပါတယ်။NLD ဟာ လူထုကို ဦးဆောင်ဖို့ ... လူထု နောက်ဆွဲ လုပ်ဖို့ မဟုတ်ဘူး၊ လူထုကို ဦးမဆောင်နိုင်ရင် ... ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့ ... စတဲ့ ဘာဘာညာညာပေါ့။ NLD ရဲ့ ပြောဆိုချက်ဟာ ... ဘောင်းဘီချွတ်တွေနဲ့ စစ်တပ် စိတ်ကြိုက် ရွေးချယ်စရာ ဖြစ်တဲ့ "အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်ရေး" မပါဘဲ ... အာဏာရှင်ပုံပြောင်း ဘောင်းဘီချွတ်တွေ မဖြစ်စေချင်တဲ့ "ပြင်မလား၊ အသစ်ရေးမလား" .. ဆိုတဲ့ ရွေးချယ်မှုကိုပဲ ပေးထားပြီး လူထုကို လှုပ်နှိုးစေတဲ့ ကိစ္စ ဖြစ်လို့ ဆန့်ကျင်တယ်လို့သာ မြင်မိပါတယ်။ ဒီနေရာမှာ ဆရာ့ ဆရာကြီးတွေ မေ့နေတာက ... ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံး သဘောတရား ဖွင့်ဆိုချက် ဖြစ်တဲ့ ပြည်သူက အုပ်ချုပ်ရတယ် "Rule by the People" ဆိုတာကို မေ့နေကြပုံရပါတယ်။ NLD က တိုင်းပြည်ရဲ့အရေးကြီးဆဲ့ ဆုံးဖြတ်ချက်ဖြစိတဲ့ အခြေခံဥပဒေကိစ္စမှာ သူတို့ သင့်တော်တယ်ထင်တာကို လုပ်ချင်တိုင်းလုပ်တာဟာ ဒီမိုကရေစီ မဟုတ် ပါဘူး။ ဦးသိန်းစိန် အစိုးက လုပ်ချင်ရာ လုပ်တာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ပြည်သူက ဖြစ်စေချင် တာကို အကောင်အထည် ဖေါ်တာသာ ဒီမိုကရေစီ ဖြစ်ပါတယ်။တိုင်းပြည်ရဲ့ ကံကြမ္မာဖြစ်တဲ့ နိုင်ငံ တစ်ခုလုံးရဲ့ အုပ်ချုပ်ရေး ပုံစံကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိပ်အချက်အလက်တွေကို ပြည်သူတွေက နားမလည် မတတ်ကျွမ်းလို့ ပါဝင် လုပ်ဆောင်မှု မပေးနိုင်ရင်တောင်မှ ... ဘယ်လို ဖြစ်သင့်တယ်၊ ဘယ်သူတွေပါဝင်ပြီး ဘယ်လို ရေးဆွဲသင့်တယ်၊ ပြင်သင့်လား၊ အသစ်ရေးသင့်လား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြည်သူက လွတ်လပ် မျှတတဲ့ သဘောထား ခံယူပွဲ (free and Fair referendum) နဲ့ ဆုံးဖြတ်ပေးတာသာ အကောင်းဆုံး ဖြစ်ပါတယ်။ဒီလို လုပ်ခြင်းအားဖြင့် ... ရလဒ်က ဘယ်လိုပဲ ရလာလာ ... (အခြေခံ ဥပဒေကို မထိချင်တဲ့ လက်တဆုပ်စာ လူတန်းစားကလွဲရင်) ... ပြည်သူ အများစုနဲ့ တိုင်းရင်းသားတွေ အားလုံးက ... ပြည်သူတွေထဲက လာတဲ့ အများသဘောတူ ဆုံးဖြတ်ချက် သဘောထား ဖြစ်လို့ ကျေနပ်လက်ခံပြီး .. အဲဒီ ဆုံးဖြတ်ချက် အပေါ်မှာ မျှမျှတတ လုပ်ကိုင် ဆောင်ရွက်သွားရင်ဖြင့် .. သာမန် နိုင်ငံရေး သဘောထား ကွဲလွဲမှုကနေ အနှစ် ၆၀ ကျော်ကြာတဲ့ ပြည်တွင်းစစ် ရပ်သွားနိုင်တဲ့ အထိ ... နိုင်ငံရေး ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။ ဒါကြောင့် NLD ရဲ့ ဆန္ဒခံယူပွဲ လုပ်ပြီး ပြည်သူကို မေးရမယ် ဆိုတာ ... လူထု နောက်ဆွဲ လုပ်တာ မဟုတ်ဘဲ ... ဒီမိုကရေစီ ကျကျ လူထုကို ဆုံးဖြတ်ခိုင်းပြီး .. ရလာတဲ့ ဆုံးဖြတ်ချက် အပေါ်မှာ နည်းပညာပိုင်းမှာသာ လူထုကို နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေက ဦးဆောင်မှု ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ လူထု သဘောထားနဲ့ ကင်းကွာပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံရေး ပါတီတွေ၊ အစိုးရတွေက လုပ်ချင်ရာ လုပ်တာကို "နိုင်ငံရေး ဦးဆောင်မှု ပေးတယ်" ဆိုပြီး ပြည်သူက အကုန် လက်ခံနေ ရမယ်ဆိုရင်ဖြင့် ... မြန်မာပြည်မှာ "ဒီမိုကရေစီ" ဖေါ်ဆောင်နေတယ်ဆိုတာ လူကြားကောင်းအောင် ပြော နေတဲ့ "Lip Service" သာ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။
(ကိုထိုက်)
0 comments:
Post a Comment