Pages

Wednesday, September 18, 2013

ထိုင်းစစ်ဘက် အဆင့်မြင့်ရာထူး နေရာအပြောင်းအလဲ ပြုလုပ်မည့် စာရင်းကို ဘုရင်က အတည်ပြုပေးခဲ့ခြင်း


 
ထိုင်းစစ်ဘက် အဆင့်မြင့် ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်မည့် အမည်စာရင်းကို ဘုရင်က စက်တင် ဘာ ၁၅ ရက်နေ့တွင် အတည်ပြု ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အပြောင်းအလဲ ပြုလုပ်သည့် အမည်စာရင်း တွင် ရာထူးနေရာ အသီးသီးသို့ ရွှေ့ပြောင်း ခန့်အပ် သည့် စစ်ဘက် အဆင့်မြင့် အရာရှိ ၈၆၁ ဦး ပါဝင်သည်။ ကာကွယ်ရေး ဆိုင်ရာ ဒုတိယ အမြဲတမ်း အတွင်း ဝန် ဗိုလ်ချုပ်ကြီး နီပတ်သွန်လက် ကို အမြဲတမ်း ကာကွယ်ရေး အတွင်းဝန် အဖြစ် လည်းကောင်း ၊ ကာကွယ်ရေး ဒုတိယ အမြဲတမ်း အတွင်းဝန် ဗိုလ်ချုပ်ကြီး ပရာစွတ်ချိုင် ကာဆမ်ဆန့် အား ကာကွယ်ရေး ဆိုင်ရာ အကြံပေး အရာရှိချုပ် အဖြစ် လည်းကောင်း ၊ လက်ထောက် ရေတပ် ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ် ကြီး ပိုးဝပ်စီရိုဒွန် နှင့် ကြည်းတပ် အထူး အကြံပေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဆူရာဆက် ကန်ချာနာရတ် တို့ အား ကာကွယ်ရေး ဒုတိယ အမြဲတမ်း အတွင်းဝန်များ အဖြစ် လည်းကောင်း ၊ ရေတပ် ဦးစီးချုပ် ၏ အကြံ ပေး အရာရှိချုပ် ရေတပ် ဗိုလ်ချုပ်ကြီး အမ်မွန်သက်နာ ဘန်းချန်း အား ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် လည်းကောင်း ၊ ဒုတိယ ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး နရွန်ပီပတ် တန်နာစိုင်းအား ရေတပ် ဦးစီးချုပ် အဖြစ် လည်းကောင်း ၊ လက်ထောက် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စီရီချိုင်ဒီ တက် ကူး အား ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် အဖြစ် လည်းကောင်း ၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ဥဒွန်ဒက်စီ တာဘူထရာ အား ဒုတိယ ကြည်းတပ် ဦးစီးချုပ် အဖြစ် လည်းကောင်း ၊ ကြည်းတပ် ဆိုင်ရာ အထူးကျွမ်းကျင် ပညာရှင် ဗိုလ်ချုပ်ကြီး ချက်ချိုင်ဆရီ ကာလာယာ နှင့် အမှတ်(၁) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်ဘော ခွန်ချာရာ တို့အား လက်ထောက် ကြည်းတပ် ဦးစီးချုပ်များ အဖြစ် လည်းကောင်း ၊ ဒုတိယ ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အက်ဆာရာ ကဒ်ပိုး အား စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် လည်းကောင်း အသီးသီး ခန့်အပ် ခဲ့ကြောင်း သိရှိရသည်။

Ref...MMForward 

0 comments:

Post a Comment