Pages

Sunday, September 29, 2013

သုံးမြွာပူးမိန်းကလေးများအား ပခုက္ကူဆေးရုံကြီးတွင် အောင်မြင်စွာမွေးဖွား


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီး သားဖွားမီးယပ်ကုသဆောင်တွင် စက်တင် ဘာ ၂၇ ရက် နံနက်ပိုင်းက သုံးမြွှာပူးမိန်းကလေးများအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ ကြောင်းသိရ သည်။ စက်တင်ဘာ ၂၇ ရက် နံနက်တွင် ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာအုပ်စု သင်္ဘောကုန်းကျေးရွာနေ ဦးအောင်ကျော်သူ၏ဇနီး ဒေါ်သင်းသင်းအေးမှ ပခုက္ကူပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ကုသဆောင်တွင် နံနက် ၉ နာရီ ၃၅ မိနစ်က ပထမမိန်းကလေးကို ငါးပေါင်ဖြင့်လည်းကောင်း၊ ဒုတိယမိန်းကလေးကို နံနက် ၉ နာရီ ၃၆ မိနစ်တွင် သုံးပေါင် ၁ဝ အောင်စဖြင့်လည်းကောင်း၊ တတိယမိန်းကလေးကို နံနက် ၉ နာရီ ၃၇ မိနစ်တွင် လေးပေါင်ဖြင့်လည်းကောင်း ပခုက္ကူဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ဒေါက်တာ ဒေါ်အေးအေးသင်းက အောင်မြင်စွာဖြင့် မိခင်နှင့် ကလေးသုံးဦးစလုံး ကျန်းမာစွာမွေးဖွား ပေးနိုင်ခဲ့သည်။ သုံးမြွှာပူးမိခင်ဒေါ်သင်းသင်းအေးအား ပခုက္ကူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအေးနှင့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ ဆေးလူမှုဆက်ဆံရေးမှူးနှင့်ဝန်ထမ်းများက ပိတ်အနှီး စနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်(မန်းတက္ကသိုလ်)
သတင်းနှင့်မီဒီယာကွန်ယက်

0 comments:

Post a Comment