Pages

Thursday, September 19, 2013

မင်းသမီးဒိုင်ယာနာသေဆုံးမှုတွင် ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကို စူးရှသည့် အလင်းရောင်ဖြင့် ထိုးခဲ့ခြင်းက အဓိကကျနေ

  ၁၆ နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ဗြိတိန်မင်းသမီး ဟောင်း ဒိုင်ယာနာ ယာဉ်တိုက် သေဆုံးရခြင်း၏ အဓိကအချက်မှာ သူမ ယာဉ်မောင်းဖြစ်သူ၏ မျက်နှာကို လုပ်ကြံသူများ က စူးရှသည့် အလင်းရောင်ဖြင့် ထိုးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့သော ဗြိတိန် လေတပ်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟောင်းဖြစ်သူက ပြောကြားခဲ့သည်ဟု“ဒေးလီးမေးလ်သတင်း စာ” က စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

 ၁၉၈၁ ခုနှစ်တွင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ သားတော်ချားလ်စ်မင်းသားနှင့်လက်ထပ်ကာ ၁၉၉၆ ခုနှစ်တွင် ကွာရှင်းခဲ့သူ ဒိုင်ယာနာသည် သေဆုံးသည့်နေ့တွင် သူမ၏ချစ်သူ အီဂျစ် သန်းကြွယ်သူဌေး ဒိုဒီ နှင့် အတူ ၎င်းတို့ ခေတ္တတည်းခိုသော ပြင်သစ်နိုင်ငံ၊ Champs Elysees အရပ်သို့ ပြန်လာစဉ် ဥမင်လိုဏ် ခေါင်း တစ်ခုအတွင်း ယာဉ်တိုက်မှု ဖြစ်ပွားကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေ့ မှာ ၁၉၉၇ ခုနှစ်၊ သြဂုတ် ၃၁ ရက် ဖြစ်ပြီး ပါပါရာဇီများကို ရှောင်ရှား လို သည့် ဒိုင်ယာနာနှင့် ဒိုဒီတို့စုံတွဲသည် ပါရီမြို့ရှိ Ritz ဟိုတယ်မှ အနက်ရောင် မဆေးဒီးစ်ကားဖြင့် ထွက်ခွာ လာခြင်း ဖြစ်သည်။ ကားရှေ့ခန်းတွင် ယာဉ်မောင်း ဟင်နရီပေါလ်နှင့် ဒိုဒီ၏ သက်တော်စောင့် ထရီမာရီးစ် ဂျုံးစ်တို့ လိုက်ပါလာပြီး နောက်ခန်းတွင် ၎င်းတို့စုံတွဲ စီးနင်းခဲ့ခြင်းဖြစ်သည်။ Pont d'Alma ဥမင်လိုဏ် ခေါင်းထဲအ၀င်တွင် ဗြိတိန်လေတပ် အထူးတပ်ဖွဲ့ဝင်နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်က သူမတို့ ကားကို ကျော်တက်ခဲ့ပြီး နောက်မှ လိုက်ပါလာသူက ယာဉ်မောင်း ပေါလ်၏မျက်နှာကို စူးရှလွန်းသည့် အလင်း ရောင် တစ်ခုဖြင့် ထိုးခဲ့သောကြောင့် ပေါလ်မှာ ကားကို မထိန်းနိုင်တော့ဘဲ ဘေးနံရံအား ပြင်းပြင်း ထန်ထန် ၀င်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒိုင်ယာနာ၊ ဒိုဒီနှင့် ပေါလ်တို့ သေဆုံးခဲ့ပြီး သက်တော်စောင့် ရီးစ်ဂျုံး တစ်ဦး သာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ယာဉ်တိုက်မှုဖြစ် ပြီးပြီးချင်း ဆိုင်ကယ်သည် ဒိုင်ယာနာ၏ ကား ဘေးနား ပြန်လှည့်လာခဲ့ပြီး တစ်ဦးက နောက်ခန်းထဲသို့ သေချာကြည့်ကာ လုပ်ကြံမှုအောင် မြင်ကြောင်း အချက်ပြခဲ့သည်ဟု ဆိုသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ လုပ်ကြံမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ သူ N အမည်ရ ဗြိ တိန် လေတပ်အထူးတပ်ဖွဲ့ဝင်၏ ဇနီးဟောင်းဖြစ် သူက သူမ၏ခင်ပွန်းပြောကြားခဲ့သည်များကို ၂၀၁၃ ခုနှစ် ၊ သြဂုတ်လအတွင်း ရဲတပ်ဖွဲ့ဝင်များအား ပြောကြားခဲ့ရာ စကော့တလန်ယာ့ဒ် အနေဖြင့် ပြန်လည် စုံစမ်း စစ်ဆေးမှု များ ပြုလုပ်ရတော့မည် ဟုလည်း သိရသည်။

Automobile Journal

0 comments:

Post a Comment