ကရင် လူမျိုးများ၏ တစ်ခုတည်းသော တပ်ဖွဲ့အဖြစ်ရပ်တည်ရန် ကရင် လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ၂၀၁၅ တွင် အပြီးသတ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း DKBA မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်သက် က ပြော သည်။ ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်းရန်အတွက် ဆေနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၂၀၁၅မတိုင်မီတစ်ခုတည်းသော ကရင်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့ စည်း နိုင်ရေး ကြိုးပမ်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာ၉ရက် က မီဒီယာများနှင့်တွဆေုံ့စဉ်ပြော သည်။
ဗိုလ်မှူးချုပ် ကျော်သက်က ''အခုတော့ပြန်ပေါင်းဖို့ ကျွန်တော်တို့စပြီး ညှိနှိုင်းနေပါပြီ။ ဒီလိုပူး ပေါင်းလိုက်ရင် ကရင်ပြည်နယ် မှာ အခုလိုတပ်ဖွဲ့လေးငါးဖွဲ့ရှိတော့ မှာ မဟုတ်ဘူး။ တစ်ဖွဲ့တည်းရှိတော့မယ်။ ပူးပေါင်း ပြီးရင် လက်ရှိမှာလုပ်ဖို့လိုအပ်နေတဲ့ မြေမြှုပ် မိုင်းရှင်းလင်းခြင်းနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။ ယင်းသို့ကရင်လက်နက် ကိုင်အဖွဲ့များ ပူးပေါင်းရန် အတွက် DKBA အနေဖြင့် အသင့်ရှိနေ ပြီဖြစ်ပြီး တပ်ဖွဲ့ အား လုံးပူးပေါင်းပါက နိုင်ငံတော်၊ ကရင်လူထုနှင့် ငြိမ်းချမ်းရေးအတွက် များစွာအရေးပါလာမည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်မှူးချုပ်ကျော်သက်က ဆို သည်။
လက်ရှိ ရပ်တည်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အားလုံးမှာ KNU မှ ခွဲထွက်ခဲ့ခြင်းဖြစ် ပြီးခွဲထွက် ချိန်က ရာထူးအနိမ့်ဖြင့် ခွဲထွက်ခဲ့သော်လည်း ယခုအချိန်တွင် သက်ဆိုင်ရာတပ်ဖွဲ့များ၌ ရာထူးအမြင့်ဖြင့် ရပ် တည်နေသူ အချို့ရှိနေသည့်အတွက် ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းပါက ရာထူးနေရာခွဲဝေမှု အတွက် အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း KNU မှ ဗဟိုအလုပ် အမှုဆောင် စောသမိန်ထွန်းက ဩဂုတ်လ အတွင်းက ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်က ပြောခဲ့ဖူးသည်။KNU ၏ပြော ကြားထားချက်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ကျော်သက်က ''ရာထူးကိစ္စက ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အချင်းချင်း ညီညွတ်ဖို့ပဲလိုတယ်'' ဟု ပြောသည်။
ကရင်ပြည်နယ်တွင် KNU/ KNLC, KNU/KNLC(PC), DKBA, DKBA ကလို့ထူးဘောတပ်ဖွဲ့၊ နယ်ခြား စောင့်တပ် BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့ KTPF တို့ အခြေပြုတပ်စွဲထားကြကြောင်း သိရသည်။
လင်းအောင်
Ref..yangonmedia
0 comments:
Post a Comment