ဖွဲ့စည်းအပြီး နှစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် (MNHCR) မှ တရားဝင် သတင်းဝက်ဘ်ဆိုဒ် www.mnhrc.org.mm ကို ယခုလ ၁၈ ရက်နေ့က လွှင့်တင်လိုက်ပြီဖြစ်သည်။
MNHCR မှာ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ သဘောတရားများအား အခြေခံကာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဌာန်းချက်ပါ နိုင်ငံသားအခွင့်အရေးများအား အကာအ ကွယ် ပေးရန်နှင့် မြှင့်တင်ရန်တို့အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။
ဖော်ပြပါ ရည်မှန်းချက်များအား အကောင်အထည်ဖော်ရန်အတွက် MNHCR အနေဖြင့် အကျဉ်းထောင် များသို့ သွားရောက်ကြည့်ရှုခြင်း၊ ပဋပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ကချင်ပြည်နယ်ကဲ့သို့သော် ဒေသများရှိ လူအခွင့်အရေး အခြေအနေများအား သွားရောက်ကြည့်ရှုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု အဆို ပါ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ထို့အတူ အစိုးရအဖွဲ့အစည်းများ၊ လူမှု့အခြေပြု လူထုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့များနှင့် ဆက်စပ် လုပ်ကိုင်ကာ လူ့အခွင့်အရေးအခြေအနေများ မြှင့်တင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထား သည်။
မဇ္ဈိမသတင်းဌာန
0 comments:
Post a Comment