ဧပြီလ ၅ ရက် တွင်ကျင်းပမည့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းရွေး ချယ်ခြင်းအား စတင်လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထား သည်။
အဆိုပါရွေးကောက်ပွဲမှာ အမေရိကန် ဦးဆောင်သော စစ်ပွဲအားအဆုံးသတ်ရန်အတွက် သမ္မတ ဟာ မက်ကာဇိုင်း၏ နေရာအားဆက်ခံမည့် ပြိုင်ဆိုင်မှုတစ်ခုအတွက် စာရင်းပေးသွင်းခြင်း ဖြစ်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြသည်။
လာမည့်နှစ် ဧပြီလ ၅ ရက်တွင် အဆိုပါရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်သည်။ ယင်းမှာ ၂၀၀၁ ခုနှစ် တွင် တာလီဘန် စစ်ခေါင်းဆောင်များအား ဖြုတ်ချပြီးနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဒီမိုကရေ စီနည်းလမ်းတကျ အာဏာလွှဲပြောင်းမည့် ရွေးကောက်ပွဲလည်းဖြစ်သည်။
ထို့အပြင် အဆိုပါရွေးကောက်ပွဲမှာ နိုင်ငံတကာမှ ၁၃ နှစ်ကြာဝင်ရောက် ထိန်းသိမ်းခြင်း၊ ဘီလီယံနှင့်ချီ သော ဒေါ်လာများထောက်ပံ့ခြင်းတို့အပေါ် စမ်းသပ်မည့် ရွေးကောက်ပွဲတစ်ခုအဖြစ်လည်း ရှုမြင်ထားကြ သည်။
“ခုချိန်ထိတော့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လျှောက်လွှာလာ ယူသွားတာ ၂၇ ယောက်ရှိပါပြီ။ တစ်သီးပုဂ္ဂလတွေပါသလို ညွှန့်ပေါင်းပါတီနဲ့ နိုင်ငံရေးပါတီတွေက ပါတီဝင်တွေလည်း ပါ ၀င်ပါတယ်” ဟု လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် (IEC) ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် Noor Mohamm ad Noor က ပြောကြားလိုက်သည်။
သမ္မတဖြစ်နိုင်သည်ဟု ယူဆသူများ အားလုံးအနေဖြင့် IEC တွင် အောက်တိုဘာလ ၆ ရက်မတိုင်မီ လာ ရောက် စာရင်းပေးသွင်းရမည်ဖြစ်သည်။ အတည်ပြုထားသည့် သမ္မတလောင်းစာရင်းအား နိုဝင်ဘာလ ၁၆ ရက်တွင် နောက်ဆုံးထား ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။
သမ္မတအဖြစ် ၀င်ရောက်အရွေးခံမည့် သူများအနေဖြင့် အသက် ၄၀ ပြည့်ပြီးသူ၊ ရာဇ၀တ်မှု ကျူးလွန်ထားခြင်း မရှိသူ၊ ထောက်ခံသူများ ရှိသည်ဆိုသည်ကို သက်သေပြနိုင်မည့် မဲပေးသူတစ်သောင်း၏ ကတ်များအား ပြနိုင်သူဖြစ်ရမည်ဖြစ်သည်။ ထို့အတူ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ ကိုလည်း အာမခံ ငွေအဖြစ်ပေးသွင်းရမည်။
ယခုကဲ့သို့ တင်းကျပ်သည့် စည်းမျဉ်းသတ်မှတ်ချက်များအား ရေးဆွဲထားခြင်းမှာ “ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်ကို ကန့်သတ်ဖို့ပါ” ဟုလည်း Noor ကဆိုသည်။
၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၄၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မသမာမှုများ လည်း ပေါ်ပေါက်ခဲ့သည်။
Mizzima - News in Burmese
0 comments:
Post a Comment