Pages

Friday, September 27, 2013

မင်းကင်းမြို့ရှိ စာသင်ဝိုင်းတစ်ခုမှ ကလေးငယ်များအား မစင်ပုံးများ စွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို


 
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့ စာသင်ဝိုင်း တစ်ခုမှ အထက်တန်း အဆင့် ကျောင်း သားလေးများအား ကျောင်းသူ ကျောင်းသား ဆရာဆရာမများ၏ အပေါ့အပါး ထည့်ထားသော ပုံးများအား အလှည့်ကျ စနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းစာသင်ဝိုင်းတွင် ပညာသင်ကြားနေသော ကျောင်းသားလေး တစ်ဦး ကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံး သယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူ တွေတော့ မပါပါဘူး။ ကျောင်းသားတွေ ကိုယ့်အလှည့်ကျနဲ့ ကိုယ်ပစ်ရတာပါ။ တစ်ဖွဲ့ကို (၈) ယောက်ဖွဲ့   ထားပါတယ်။ နောက်ပြီး သားတို့က အဲဒီ စာသင်ဝိုင်းကို တစ်နှစ်ကို သုံးခါခြောက်သောင်းကျပ် သွင်းရတယ်။ အားလုံးပေါင်း တစ်သိန်းရှစ်သောင်းပါ။သားတို့ ဒါတွေကို မလုပ်ချင်ဘူးဆိုရင်လည်း အိမ်က အငေါက်ခံရမှာ စိုးလို့ပါလို့ ပြောခဲ့သည်။

ကျောင်းသား မိဘတစ်ဦးကတော့ ဒီကိစ္စသူ့ဆရာတွေ သွားပြောရင်လည်း သားသမီးတွေရဲ့ ပညာရေးအတွက်က စိုးရိမ်ရတယ်လေ။ ဒါကြောင့် ကိုယ့်သားသမီးကို မလုပ်စေချင်ပေမယ့်လည်း သား သမီး ပညာရေးကို ထောက်ထားပြီး ဒီအတိုင်းပဲ နေကြရတာပေါ့လို့ ပြောသည်။

၎င်းကိစ္စအား ကျောင်းသား  များ ကျောင်းသား မိဘများကပညာရေး ထောက်ထားကာ နှုတ်ဆိတ်နေသော် လည်း ဒေသရှိ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် အထက်ချင်းတွင်း ဒေသလူငယ်များ ကွန်ယက်မင်း ကင်းမြို့လူငယ်များအနေဖြင့် မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး ILO ချင်း/စစ်ကိုင်း ကိုယ်စားလှယ်သို့ ပါတိုင်ကြားထားပြီးILO ဒေသကိုယ်စားလှယ် အနေဖြင့် မင်းကင်းမြို့ မြို့နယ်အုပ်ချုပ်ရေးသို့ ပြေလည်စေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ပြောဆိုခဲ့သည်။

အဆိုပါ ကလေးငယ်များအား မစင်ပုံးများစွန့်ပစ်ခိုင်းသည့် စာသင်ဝိုင်းမှာ မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှိ ထူးချွန်အောင်စာသင်ဝိုင်းဖြစ်ပြီး ၄င်းကိစ္စအား ကျောင်းသားများနှင့် မိဘများမှ မပြောရဲပဲ ရှိနေသော်လည်း မင်းကင်းလူငယ်များမှ လုံးဝမကျေနပ်ပဲ မြို့နယ်အနေဖြင့် တားဆီးအရေးယူခြင်း ပြုလုပ်မပေးပါက သက် ဆိုင်ရာဌာနများ အထိ စာတင်တိုင်ကြားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ မစင်ပုံးများကို ညစဉ် အလှည့်ကျတာဝန်ဖြင့် ချင်းတွင်းမြစ်အတွင်း သို့ လည်ေးကာင်း ဆင်လည် တောင်ခြေ ရှိ တောစပ်အနီးသို့ လည်းကောင်း စွန့်ပစ်နေကြသည် ဟုလည်းသိရပါသည်။

မင်းကင်း စစ်နိုင်

ThanLarWaddy Times 

0 comments:

Post a Comment