ချို့တဲ့သောမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီး သင်ကျောင်းများမှ ကလေးငယ်များကို ဆင်းရဲမွဲတေမှု လျှော့ ချရေးရန်ပုံငွေဖြင့် အာဟာရတိုက်ကျွေးပေးရေး အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်လိုက် သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ဆင်းရဲနွမ်းပါးသော မူလတန်း ကျောင်းများမှ ကလေးငယ်များကို စဉ်ဆက်မပြတ် အာဟာရ တိုက်ကျွေးခြင်း အစီအစဉ်ကို ဆင်းရဲနွမ်းပါး မှု လျှော့ချရေးရန်ပုံငွေမှ စီစဉ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုအား တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ ခြင်း ဖြစ်သည်။
ယင်းအဆိုကို အမျိုးသားဒီမိုကရေစီအင်အားစု မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးကျော်နှ င့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည် ကြည်မာနှင့် ဦးကျော်မြင့်အောင်တို့က ဝင်ရောက် ဆွေးနွေးခဲ့သည်။
ဒေါ်ကြည်ကြည်မာ၏ ဆွေးနွေးမှုတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရန်ပုံငွေမှ ကလေးငယ်များအား အာဟာရ တိုက်ကျွေးခြင်း အစီအစဉ်ကို ဆောင်ရွက်ပါက မူလရည်မှန်းချက် အားနည်းသွားမည်စိုးသဖြင့် ဒေါက်တာ ညိုညိုသင်း၏ အဆိုအား မှတ်တမ်းတင်ပေးရန် ပြောကြားသည်။
ဦးကျော်မြင့်အောင်၏ ဆွေးနွေးမှု တွင် ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံ မူလတန်းကျောင်းနှင့် ဘုန်း တော်ကြီး သင် ပညာရေးကျောင်းများ၌ ကျောင်း သားဦးရေ ၆ သိန်းကျော်ရှိရာ တစ်ပတ် လျှင် ၃ ရက်ခန့် အာဟာရတိုက်ကျွေးမှုကို စဉ်ဆက်မပြတ် ပြုလုပ်ပါက တစ်လလျှင် ငွေကျပ် သိန်းပေါင်း ၂၆၂၈ဝ ကုန် ကျနိုင်ရာ ဒေါက်တာ ညိုညိုသင်း၏ အဆိုကို မှတ်တမ်းတင်ထားရန် ပြောကြား သည်။
လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းကလည်း ယင်းအဆိုကို မှတ်တမ်း တင်ထားရှိရန် ဖြေကြားသဖြင့် ဒေါက်တာ ညိုညိုသင်းက အတည်ပြုနိုင်ရေး အတွက် မဲခွဲဆုံးဖြတ်ရန် ဆန္ဒပြုခဲ့ရာ လွှတ်တော်တွင်း အင် အားကြီး ပါတီဖြစ် သောပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက် ခဲ့သည်။
”ဝန်ကြီးပြောတဲ့ ၆ သိန်းလုံးကို ကျွေးခိုင်းတာ မဟုတ်ဘူး။ အဲဒီထဲက အာဟာရမပြည့်တဲ့ တစ်သိန်း ဒါမှမ ဟုတ် ငါးသောင်းလောက်ရှိနိုင်တဲ့ ကလေးတွေကို ကျွေးခိုင်းတာ။ လုပ်ချင်ရင် လွှတ်တော်ရုံး မြေနေရာကို ငှားထားတာ သိန်း ၃ဝဝ ရတယ်။ ဒါကိုခေါင်းစဉ် ပြောင်းပြီးသုံးလို့ ရတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းကမူ ဆင်းရဲချို့တဲ့မှုမှာ ကန့်သတ်ရန်ခက်ကြောင်း၊ အကန့်အသတ် ဖြင့်ကွက်၍ဆောင်ရွက်၍ မရကြောင်း၊ ဒဂုံ (၁)နှင့် လသာ(၂) တို့တွင်မူ ဘုန်း ကြီးကျောင်းများ၌ နေထိုင် သော ချို့တဲ့သည့် ကျောင်းသားများရှိကြောင်း ပြော သည်။
ဒေါက်တာ ညိုညိုသင်း၏ တင်ပြမှုတွင် ခဝဲခြံ မျက်မမြင် ကျောင်းသို့ရောက်ရှိသော မျက်မမြင်များ၏ ၄၆ ရာ ခိုင်နှုန်း မသန်စွမ်းမှု ဖြစ်ပွားရခြင်းမှာ အသက်ခုနစ်နှစ်အတွင်း အာဟာရ မပြည့်မီခဲ့၍ ဖြစ်သည်ဟု ပါရှိ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ရန်ပုံငွေ မှာ ကျပ်သန်း ၁ဝဝဝ ရရှိထားကြောင်း လူမှုရေး ဝန်ကြီးထံမှ သိရသည်။
ဝေမာထွန်း
0 comments:
Post a Comment