Pages

Wednesday, September 25, 2013

ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘေးလ်ကို ခေါ်ယူ အားဖြည့်လိုက်နိုင်ခြင်းက ဈေးတန်လှပါတဲ့လို့ ဆိုလိုက်တဲ့ ပီရက်


ရီးရလ်မက်ဒရစ် ကလပ်၏ ဥက္ကဌဖြစ်သူ ဖလော့ရန်တီနို ပီရက်ဇ်က ဘာနေဗျူးရှိ ရီးရဲလ်ကလပ် အသင်း အတွက် ဘေးလ်ကို ဈေးပိုမိုပေးရပြီး စပါးအသင်းထံမှ ၀ယ်ယူခဲ့ရခြင်းဟု မခံစားမိကြောင်း ပြောကြားခဲ့ ပါသည်။  လာလီဂါမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြင့် ရီးရဲလ်အသင်းက ဝေးလ်တိုက်စစ်မှုးကို ယူရို ပေါင် သန်း ၁၀၀ နဲ့ ကစားသမားခေါ်ယူမှု ပိတ်သိမ်းခါနီးမှာ ခေါ်ယူအားဖြည့်ခဲ့တာပါ။ ဒီ့အတွက်လည်း သူ့အပေါ် ၀ါရင့်နည်းပြများနှင့် ကစားသမားဟောင်းများက ဝေဖန်နေကြတာကို ကြားမိကြမှာပါ။ သူတို့ရဲ့  ခေါင်း ဆောင်ကြီး ပီရက်ဇ်ကတော့ ဘေးလ်ကို ဈေးသက်သာစွာဖြင့် ၀ယ်ယူနိုင်ခဲ့တယ်လို့ ထင်မြင်နေ ကြောင်းလည်း သုံးသပ်ထားပါသေးသည်။ အဖြူရောင်တပ်သားများ အသင်းဥက္ကဌ ပီရက်ကတော့ " ဘေးလ်ဟာ ရီးရဲလ်အသင်းကို တန်ရာ တန်ကြေးအသင့်အတင့်နဲ့ ရောက်လာခဲ့တဲ့သူပါ " ဟု ပြောကြား ခဲ့ပြီး။

 " မက်ဒရစ်အနေနဲ့ အမြော်မြင်ကြီးစွာနဲ့ အကောင်းဆုံးကစားသမားတစ်ဦးကို လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။ ဘေးလ်ဟာ ဒီနွေရာသီမှာလည်း အကောင်းဆုံးခြေစွမ်းနဲ့ ကစားပြ အစွမ်းပြနေတဲ့သူပါ။ ကျွန်တော်တို့ သူ့ကို ရရှိဖို့အတွက် (၂) ကျော်ကြာအောင် စောင့်ဆိုင်း ကြည့်ရှု့ နေခဲ့တာပါ ဟုပြောကြားခဲ့ပါသည်။ တော့ တင်ဟန် စပါးအနေနဲ့ ဘေ်းလ်ကို မရောင်းချင်ပါဘူး။ မန်ချက်စတာကလည်း ထပ်မံကမ်းလှမ်းတယ်လို့ ကြားမိခဲ့ပြီးနောက်မှာ ငွေကြေးအလုံအလောက်နဲ့ အပြိုင်အဆိုင် ခေါ်ယူကမ်းလှမ်းနိုင်ခဲ့တာပါ။ သူ့ရဲ့ ငယ်စဉ် အိမ်မက် ဖြစ်တဲ့ ရီးရဲလ်မှာကစားချင်တဲ့ စိတ်ကူး ကလည်းရှိနေတော့ ရီရဲလ်အသင်းကို သူရွှေးချယ်လာ ခဲ့တာပါ" ဟု ထပ်ပြီးသူက ပြောဆိုခဲ့ပါသည်။

ဘေးလ်အနေဖြင့် ပွေဆော်ဦးပွဲဖြစ်သည့် ဗီလာရီးရဲလ်အသင်းနှင့်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းနိုင်ခဲ့ပါသည်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဂီတာဖေးကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာတော့ ပေါင်မှာ ထိခိုက်ဒဏ်ရာပြဿနာရှိခဲ့တာမို့ လွဲ ချော်ခဲ့ရပါသည်။ ထပ်မံပြီးလည်း ဗုဒ္ဒဟူးနေ့မှာ ကန်ရအုံးမယ့် Elche (အီချယ်)အသင်းနဲ့  ပွဲစဉ်ကိုလည်း လွဲချော်အုံးမှာပါ။ မက်ဒရစ် ဒါဘီပွဲဖြစ်တဲ့ အက်လတီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာတော့ ကောင်းမွန်လာနိုင်ပြီး ပွဲထွက်ကစားနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ဖော်ပြထားတာကို တွေ့မြင်ခဲ့ရပါသည်။


0 comments:

Post a Comment