မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ရှိ တရနာကျေးရွာတွင် ရွာလည်ခေါင်ရှိအိမ်ကို ဓါးပြ တိုက်သော ရုပ်ရှင် ဆန်ဆန် အမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဓါးပြမှုကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်နယ်အဆင့်တာဝန်ရှိသူများကပါ အနီးကပ်ကြပ်မတ် ဆောင်ရွက် နေပြီး ပ(၇၈)/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာပုဒ်မ (၃၉၂)အရကျိုက်မရောမြို့နယ် မြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက် နေကြောင်းမွန်ပြည်နယ်ရဲတပ်ဖွဲ့ ၊ဒုတိယ ပြည်နယ်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး ၀င်းဗိုလ် ကပြောသည်။
စက်တင်ဘာ(၂၃)ရက် ညနေ ၆နာရီခန့် အချိန်က တရနာကျေးရွာရှိ အိမ်တွင် မညီညီဝင်း တစ်ဦးတည်း ဘုရာ ရှိခိုးနေစဉ် မျက်နှာဖုံးစွပ်ထားသော လူ(၄)ဦးမှ အိမ်တွင်းသို့ဝင်ရောက်ပြီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားသောအိမ်သည်တရနာ ကျေးရွာ၏ အလယ်ခေါင်လောက်တွင်ရှိနေပြီး အနီးအနားတွင် တရနာ ဈေးအပါအ၀င်လူနေအိမ်များစွာရှိနေပြီး ညနေလူစီကားနေသောအချိန်တွင်ဖြစ်ပွားခဲ့သည်ဟု ရွာခံ တို့က ဆိုသည်။
အဆိုပါဓါးပြတိုက်ခံရသောအိမ်သည်ကုန်စုံပစ္စည်းများရောင်းချသောအိမ်ဖြစ်ပြီးညနေပိုင်းအိမ်ပိတ်တံခါးစေ့ထားချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မညီညီဝင်းကတော့ ခုစကားမပြောနိုင်သေးပါဘူး။ သူဖြစ်ဖြစ်ခြင်း ပြောပြထားတာကတော့ လူလေးယောက်ပါမျက်နှာ ဖုံးရယ်လက်အိပ်တွေရယ် စွပ်ထားပါတယ်။ သူဘုရားရှိခိုးနေတာကို နောက် ကနေ ကန်လိုက်ပြီး ပစ္စည်းတွေကို တောင်းတယ်လို့ပြောတယ်။ သူ့နောက်ကနေတစ်ခုခုနဲ့ ထောက်ထား တယ်။ ဘာလဲဆိုတာကိုတော့ သူသေချာ မသိဘူးလို့ပြောပါတယ်။မညီညီဝင်းကတော့ ရင်ဘတ်ကို တစ်ချက်နဲ့ ကျောဘက်ကိုတစ်ချက်အ ကန်ခံလိုက် ရပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့မရှိတော့ပါဘူး။ ပစ္စည်းတွေကတော့ပါသွားတာပေါ့။” ဟု မညီညီဝင်း ၏ အစ်ကို ဦးသန်းဟိန် ကပြောသည်။
မညီညီဝင်း၏ခင်ပွန်းဖြစ်သူ ဦး ကျော်သန်း သည် အခင်းဖြစ်ပွားချိန် အိမ်၏ မျက်စောင်းထိုး မလှမ်းမကမ်း တွင် ရှိနေခဲ့ပြီး အိမ်ထဲတွင်ဓါးပြတိုက်မှုဖြစ်ပွားနေသည်ကိုမသိပဲ ဓါးပြတိုက်ပြီးသောအခါ ဓါးပြများအိမ်မီးကို ပိတ်လိုက်သဖြင့်မိမိအိမ် လျှပ်စစ်ရှော့ဖြစ်သည်ဟု ထင်ပြီး၊ အိမ်ရှေ့အရောက်တွင် ဇနီးဖြစ်သူ မညီညီဝင်းမှ ဓါးပြ ဟု အော်သံကြားမှ အိမ်တွင်းဝင်ရန်ကြိုးစားခဲ့ကြောင်း၊ သို့သော်လည်း အိမ် တံခါးကိုဖွင့်၍မရတော့ပဲ ကန်ဖွင့်မှ ပွင့်သွားခဲ့ပြီးနောက် ရွာမှလူများ ရောက်လာပြီး ဓါးပြများကို လိုက်လံရှာဖွေကြသော်လည်း တွေ့ရှိခြင်းမရှိခဲ့ ကြောင်း ပြောဆိုသည်။
“အိမ်ရဲ့အနောက်ဖက်မှာချောင်းကလေးတော့ရှိတယ်။ အဲ့ချောင်းကိုဖြတ်ပြီးထိုးထားတဲ့တံတားနားမှာပဲ ကျွန်တော့်အိမ်ရှိနေတယ်။ အဲဒီအချိန်ကျွန်တော် အိမ်ရှေ့မှာ မိတ်ဆွေတွေနဲ့ စကားပြောနေတယ်။ ဓါးပြလို့
အော်သံကြားတဲ့အချိန် ကျွန်တော်တို့ လိုက်ရှာကြတာပဲ ဓါးပြကလေးယောက်တောင်လေ ဒါပေမဲ့ ကျွန် တော်တို့ အားလုံး ဘယ်သူမှ မတွေ့ကြဘူး။အိမ်ရှေ့ ကထွက်ဖို့ဆိုရင် အိမ်ရှေ့မှာ လူ တွေရှိနေတယ်။ နောက်ဖေးချောင်းထဲကနေလည်း ပြေးတယ်ဆိုရင်လည်း ကျွန်တော်တို့ တွေ့နိုင်တယ်။ ရွာကလူတွေအားလုံ စဉ်းစားရကြပ်နေတယ်။”ဟု တရနာ ကျေးရွာအုပ်ချုပ်ရေးမှုးဦးသန်းအောင်ကပြောသည်။
တရနာကျေးရွာသည် အိမ်ခြေ (၂၃၀၀)ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး အဆိုပါဓါးပြမှုသည်လည်း နှစ် ပေါင်းများစွာအတွင်း တစ်ကြိမ်သာဖြစ်ခဲ့ဖူးကြောင်း၊ ဓါးပြတိုက်၍ပါသွားသောပစ္စည်းများမှ ရွှေ (၄၇)ကျပ် သားကျော်နှင့်ငွေကျပ်(၃၇)သိန်းဖြစ်ကြောင်း ကိုကျေးရွာမှတာဝန်ရှိသူတို့ထံမှသိရသည်။
ထိုသို့ ဓါးပြမှုတွင် ဓါးပြများကို ဖမ်းမိရန်ကြိုးပမ်းနေပြီး ဓါးပြတိုက်သည့်နေရာတွင် မည်သည့်သဲလွန်စမှ မ တွေ့နိုင်ဖြစ်သည့် အလွန်ထူးဆန်းသော အမှုဖြစ်နေကြောင်း၊ ရဲတပ်ဖွဲ့အနေနှင့် အနီးအနားပတ်ဝန်းကျင်များ
ဓါးပြများသွားနိုင်သည့် နေရာများကိုမှန်းဆပြီး ကြည့်ရှု့စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။
0 comments:
Post a Comment