Pages

Monday, September 23, 2013

UWSA နဲ့ ငြိမ်းချမ်းရေးကော်မတီတို့ အချက် ၂ ချက် ဆွေးနွေးမယ်


ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ တွေ့ဆုံတဲ့အခါ အချက် နှစ်ချက်ကို ဆွေးနွေးသွားမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့က ပြောပါ တယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ဒီကနေ့မှာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ပန်ဆန်းဌာနချူပ်ကိုသွားရောက်ပြီး ၀ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

UWSA ၀ တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က သန်းခေါင်စာရင်းကိစ္စအပြင် ဒေသဖွံ့ဖြိုးရေး ကိစ္စ တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပြပါတယ်။

ဟုတ်တယ် ဦးသိန်းဇော် လာမယ်၊ ဘယ်သူတွေပါမယ်ဆိုတာ မသိဘူး၊ လာမယ်ဆိုတာ နှစ်ခုရှိတယ် တစ်ခု က သန်းခေါင်းစာရင်း ကောက်ဖို့ ကိစ္စ လာရှင်းပြ လာဆွေးနွေးမှာ ဖြစ်တယ်လေ၊ နောက်တခုက ပြည်မက လုပ်အား ပြည်မက ဒီအလုပ်လက်မဲ့လုပ်အား ၀ ဒေသမှာ လာပြီးတော့ အလုပ်လုပ်ဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကူညီလုပ်ဖို့ ကိစ္စ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချူပ်မှာ ဒီကိစ္စတွေကိုနှစ်ဖက်ထပ်မံဆွေးနွေး ဖို့ သဘောတူထားချက်အတိုင်း ဦးသိန်းဇော် ခေါင်းဆောင်တဲ့အဖွဲ့ လာရောက်ကြတာ ဖြစ်တယ်လို့ လည်း ဦးအောင်မြင့် က ဆက်ပြောပါတယ်။

UWSA ၀ တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၂ ဆိုပြီး ကိုယ်ပိုင်အုပ်ချူပ်ရေးအသွင်နဲ့ နယ်မြေဖွံ့ ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရက သတ်မှတ်ပေးထားတဲ့အဖွဲ့ ဖြစ်တဲ့အကြောင်း အေဘီစီ ရေဒီယို သြစတြေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

0 comments:

Post a Comment