Pages

Monday, September 16, 2013

မက္ကဆီကို နိုင်ငံတွင် မုန်တိုင်းနှစ်ခု ဝင်ရောက်တိုက်ခတ် ၁၄ ဦး သေဆုံး


 
 မက္ကဆီကိုနိုင်ငံတွင် Ingrid ဟာရီကိန်း မုန်တိုင်းနှင့် Manuel အပူပိုင်းမုန်တိုင်း နှစ်ခု တိုက်ခတ်ခဲ့မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည် ဟု စက်တင်ဘာ ၁၅ ရက်တွင် ဒေသတွင်း အရာရှိများက ပြောကြားသည်။

မုန်တိုင်းဒဏ်ကြောင့် ဟီဒါဂို၊ ပူဘလာနှင့် ဂွါရီယိုပြည်နယ်များတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြေပြိုကျမှုများ၊ မော်တော်ယာဉ် မတော်တဆမှုများ စွာ ဖြစ်ပွားခဲ့ရပြီး သေကျေပျက်စီး မှုများလည်း ဖြစ်ပေါ် ခဲ့ရကြောင်း မြို့ပြ ကာကွယ်ရေး အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် ဗယ်ရာခရုဇ် ပြည်နယ်၌ လည်း လူပေါင်း ၅၃၉၇ ဦးမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရပြီး ၎င်းတို့အနက် ၃၅၉၇ ဦးမှာ ဒုက္ခသည် စခန်းများတွင် သွားရောက် ခိုလှုံနေရကြောင်း ဒေသတွင်း အာဏာပိုင်များက ထပ်လောင်း ပြော ကြားသည်။ မက္ကဆီကိုနိုင်ငံ အမျိုးသား မိုးလေဝသဌာန၏ ပြောကြားချက်အရ Ingrid မုန်တိုင်းသည် စက် တင်ဘာ ၁၄ ရက်တွင် မက္ကဆီကို ပင်လယ်ကွေ့ အလွန်၌ ဟာရီကိန်း မုန်တိုင်း အဆင့်နံပါတ် (၁) သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမုန်တိုင်းဒဏ်ကြောင့် အနောက်ပိုင်း ပြည်နယ်များဖြစ်သော ဗယ်ရာခရုဇ်နှင့် တ မောလီပက်စ်တို့တွင် မြေပြိုကျမှုများ ထပ်မံ ဖြစ်ပွားနိုင်သည်ဟု သိရသည်။

Ref...MMG
 

0 comments:

Post a Comment