ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကင်တားနားအား ရာထူးသက် တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ယင်း သို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ''သူ့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူအဖြစ် တာဝန်သက်တမ်းကို ထပ်မံတိုး မပေးတော့တာလို့ သိရပါတယ်။
သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''အရင် စစ်အစိုး ရလက်ထက်ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေထဲဝင်ကြည့်တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန် သွားတယ် စတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေး တယူ လုပ်ခဲ့တာ မရှိဘူး။ ကင်တားနားကြောင့်လဲ ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာမဟုတ်ပါဘူး။ အခုချိန်ကျတော့ လူ့အဖွဲ့ အစည်းဟာ ပွင့်လင်းလာပြီဆိုတဲ့အချိန်မှာ ကင်တားနားအနေနဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေကို မရိုမသေလုပ်တယ်၊ ဘက်လိုက် မှုတွေရှိတယ်ဆိုပြီးတော့ သူ့ကို ပြောဆိုကြတာတွေရှိတော့ ကုလသမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင်တယ်။ နောက် သူ့ရဲ့သက်တမ်း ကုန် တာလဲ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။
ကင်တားနားသည် မြန်မာနိုင်ငံ၏နောက်ဆုံးဆယ်ရက်ကြာ ခရီးစဉ်အတွင်း ဩဂုတ်လအတွင်းက မိတ္ထီလာ မြို့သို့ရောက်ရှိစဉ် ဒေသခံများက သူ၏လမ်း ကြောင်းအား ပိတ်ဆို့ကာ ယင်း လိုက်ပါစီးနင်းလာသော ကားအား ဝိုင်းဝန်းထုနှက်ခဲ့ကြကြောင်း ဩ ဂုတ်၂၁ရက်တွင် ရန်ကုန်လေဆိပ်၌ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင်ပြောကြားခဲ့ပြီး ယင်းပြော ကြားချက်အား ပြန်ကြားရေးဝန် ကြီးဌာနဒုတိယဝန်ကြီးဦးရဲထွဋ် က ယင်း၏ပြောကြားချက်သည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများက ယင်းအား အေးချမ်း စွာဆန္ဒပြရန် ရောက်ရှိနေခြင်း သာဖြစ်ကြောင်း၊ ယင်းလိုက်ပါစီး နင်းလာသောကားအား ပြည်သူများက ဝိုင်းဝန်းကန် ကျောက်သည် ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြန် လည်ရှင်းလင်းခဲ့သည်။
0 comments:
Post a Comment