Pages

Thursday, September 19, 2013

ရန်ကုန်အစိုးရအဖွဲ့ကို မကျေနပ်သော တိုင်ကြားစာ ၆၀၀ ကျော်ရှိဟု လွှတ်တော်ဥက္ကဋ္ဌဆို


   အစိုးရသစ်သက်တမ်း ပထမလပေါင်း ၃၀ အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင် ချက်များကို မကျေနပ်သောကြောင့် ပြည်သူများက တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်ကြား ပေးပို့လာ သော တိုင်ကြားစာ ၆၀၀ ကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၎င်းက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက်တွေက ထိရောက်မှု ဘယ်လောက်ရှိလဲဆိုတာ ဒီတိုင်စာတွေကိုကြည့်ရင် ပေါ်လွင် နေတယ်” ဟု ဗဟန်း မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

အဆိုပါ တိုင်ကြားစာများသည် မည့်သည် အကြောင်းအရာများကို တိုင်ကြားထားခြင်းကိုမှု ဦးစိန်တင်ဝင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

“ပြည်သူတွေအတွက် အခက်အခဲတွေကို ကျေလည်အောင် လုပ်ဆောင်ပေး သင့်တယ်” ဟု တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်း ပြောဆိုသည်။

အဆိုပါ တိုင်ကြားစာများကို ပြန်လည် ဖြေရှင်းပေးနိုင်ရန် အစိုးရအဖွဲ့အနေနှင့် တိုင်ကြားစာ စိစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ အဆိုပါ တိုင်ကြားစာများ နှင့် ပတ်သက်ပြီး ပြည်သူများ၏ လိုချက်ကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းပေးသင့်ကြောင်း ၎င်းကအကြံပြု ပြောကြားသည်။

အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှုကို သက်သေနှင့်တကွ တိုင်ကြားနိုင်ပါက အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်အတွင်း ပြောကြားထားသည်

0 comments:

Post a Comment