စစ်ကိုင်းမြို့ ပိုးတန်းရပ် ဖောင်တော်ပဲ့ ဘုရားအနီး ဧရာဝတီမြစ်ကမ်းနားလမ်း မြစ်အတွင်းမြေထိန်းကျောက် စီနံရံမှာ ရေလှိုင်းကြောင့်အိပဲ့ရာမှ လမ်းပလက်ဖောင်းနှင့် လက်ရန်းများ ပြိုကျမှုဖြစ်ပေါ်ကြောင်း မင်းလမ်းရပ်ကွက် ရေတင်စက် ရုံမှ သိရသည်။
''စက်တင်ဘာ၁၂ရက် ည ပိုင်းမှာပြိုကျတာပါ။ အဲ့ဒီနားမှာ သင်္ဘောကြီးတစ်စင်း ဖြတ်ခုတ် သွားတယ်လို့သိရတယ်။ အဲ့ဒီက ရိုက်တဲ့ရေလှိုင်းဒဏ်ကြောင့် မြေထိန်းကျောက်စီနံရံ အိပြီးပဲ့ကျတယ်။ လမ်းပလက်ဖောင်းအောက် ကမြေသားတွေ ပဲ့ကျသွားတယ်။ ပလက်ဖောင်းမှာရှိတဲ့ လက်ရန်းတွေလဲ ပျက်စီးမှုဖြစ်ပေါ်တယ်'' ဟု အဆိုပါနေရာတွင်သဲအိတ် များဖြည့်တင်းနေသော အလုပ်သမားတစ်ဦးက ပြော သည်။
ကျောက်စီနံရံအိပဲ့ပြိုကျမှု မှာ ပေ၃ဝခန့်ရှိသည်။ ဧရာဝတီ မြစ်ရေမှာ စစ်ကိုင်းမြို့၏စိုးရိမ် ရေမှတ်အထက် ရောက်ရှိနေသည့် အပြင် စစ်ကိုင်းမြို့နှင့် တစ်ဖက် ကမ်းရှိ ဒုဋ္ဌဝတီမြစ်ရေမှာ စိုးရိမ်ရေ မှတ်အထက် လွန်ခဲ့ သည့်သုံးရက်ခန့်က စတင်ရောက်ရှိနေသဖြင့် စစ်ကိုင်းမြို့နေရာတွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ ခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေမှာ လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်၍ ရေတိုးမှုအနည်းအကျဉ်းသာရှိခဲ့ရာ ယခု နှစ် တွင် ရေတိုးမှုအများဆုံး ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ်ရေကြီး မှုကြောင့် ကမ်းနားလမ်း မြေထိန်း နံရံအထိ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ပျက်စီးစပြုနေပြီ ဖြစ်သော ကမ်းနားလမ်းကျောက်စီ မြေထိန်းနံရံကို ရေတိုက်စားမခံရ ရန်အတွက် ဝါးဝင်းထရံများ ကာရံ ၍ သဲအိတ်များချကာ ပိုးတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့ မှ ဆောင်ရွက်လျက်ရှိသည်။
လှိုင်ထွေးအောင် ၊ မန္တလေး
Ref..Y M G
0 comments:
Post a Comment