Pages

Thursday, September 19, 2013

ဆီးရီးယားစစ်တပ် ရဟတ်ယာဉ် ပိုင်းလော့ကို သူပုန်တပ်များ ခေါင်းဖြတ်သတ်


 
Daily Mail သတင်းစာက ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ် ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။

တူရကီ လေတပ်က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော ဆီးရီးယားစစ်ဘက် ရဟတ်ယာဉ်မှ ပိုင်းလော့ကို ဆီးရီးယား သူပုန်တပ်များက ခေါင်းဖြတ်လိုက်ကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက လေပိုင် နက် ကျူးကျော်လာမှုကို အတန်တန် သတိပေးနေသည့်ကြားမှ ရှေ့တိုးလာသည့် ဆီးရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မိမိတို့ ပစ်ချခဲ့ကြောင်း၊ ယင်းရဟတ်ယာဉ်သည် ဆီးရီးယားဘက်ခြမ်းတွင် ပျက်ကျသွားကြောင်း တူရကီက ကြေညာခဲ့သည်။ ဒေသတွင်း သတင်းဌာန အချို့က F-16 တိုက်လေယာဉ် တစ်စင်း၏ ပစ်ချမှုကြောင့် မီးလောင်ပေါက်ကွဲကာ ပျက်ကျသွားသည့် ရဟတ်ယာဉ်ပုံကို ထုတ်လွှင့် ပြသခဲ့ ကြသည်။ ယခုအခါ Daily Mail သတင်းစာက ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။

ပျက်ကျမှု ဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာတွင် လေယာဉ်မှူး အဝတ်အစားနှင့် ဦးခေါင်းမဲ့ အလောင်းတစ် လောင်းကို စွန့်ပစ်ထားသော ဓာတ်ပုံများ ထွက်ပေါ်လာပြီး ယင်းနှင့် မနီးမဝေးတွင် ပိုင်းလော့၏ ဦး ခေါင်း ပြတ် ရှိနေသည်ကို တွေ့ရသည်။ ဆီးရီးယား သူပုန်အဖွဲ့ထဲမှ တစ်ဦးဦးက ရိုက်ကူးထားသည်ဟု ယူဆရ သော ဗီဒီယိုသည် အင်တာနက်ပေါ် ရောက်ရှိလာခဲ့ပြီး ၎င်းသည် တူရကီလေတပ်က ပစ်ချခဲ့သည့် လေ ယာဉ်မှူး ဟုတ်မဟုတ် တိတိကျကျ အတည်ပြုရန် ခက်ခဲနေဆဲဟု သိရသည်။

Weasel Zippers ဝက်ဘ်ဆိုက်ကမူ လေယာဉ်မှူးကို သူပုန်များက ဖမ်းဆီးကာ ခေါင်းဖြတ်ခဲ့ခြင်းဟု အခိုင် အမာ ဖော်ပြခဲ့သည်။ ရဟတ်ယာဉ် ပျက်ကျသွားသည့် နေရာနှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေသော် လည်း ဆီးရီးယားရှီ အယ်လ်အက်ရက်ဒ် တောင်တန်းများအနီးတွင် ဖြစ်နိုင်ကြောင်း သတင်းများက ရေးသား ခဲ့သည်။ တူရကီ ဝန်ကြီးချုပ် ရီဆက်တေယစ်ပ် အာဒိုဂန်ကမူ မိမိတို့ လေတပ်၏ လုပ်ရပ်ကို ကာကွယ် ပြောဆိုသွားသည်။ "ကျွန်တော်တို့ လေပိုင်နက်ကို ကျူးကျော်လာတဲ့အတွက် လိုအပ်သလို လုပ်ခဲ့ တာပါ။ တစ်ဖက်နယ်နိမိတ်ထဲမှာ ဘာတွေဖြစ်တယ် ဆိုတာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး"ဟု အာဒိုဂန်က ဆိုသည်။ ဆီးရီးယား စစ်တပ်ကလည်း တူရကီ၏ F-16 တိုက်လေယာဉ်များသည် မိမိတို့၏ ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း အတည်ပြုခဲ့ပြီး တူရကီ၏ လုပ်ရပ်သည် နှစ်နိုင်ငံကြား နယ်နိမိတ် ပြဿနာကို ပိုမိုတင်း မာအောင် ကြံဆောင်ခြင်းဟု စွပ်စွဲထားသည်။

Planet Myanmar

0 comments:

Post a Comment