Pages

Sunday, September 29, 2013

တောင်ငူခရိုင်တွင် သေမှုသေခင်းဖြင့် သေဆုံးသူ ၁၀၃ ဦးမြောက် တွေ့ရှိ


 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာနယ်မြေ ရဲစခန်းအပိုင် ဂုံမင်းကွင်းကျေးရွာအုပ်စု ၏မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ဗိုလ်မှူးတောင်ကြောပေါ်၌ ပုပ်ပွ နေသည့် လူသေအလောင်းအားတွေ့ရှိ သဖြင့် ဆွာရဲစခန်းမှ သေမှုသေခင်း အမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီခန့်က (၆)မိုင်ရွာသား သုံးဦးသည် ဝါးခုတ်ရန် တောထဲသို့ သွားကြရာ ဗိုလ်မှူးတောင်ကြောပေါ်ရှိ လှည်းလမ်းပေါ်၌ သာဂရမြို့ သရက်ကုန်းရွာနေ ဦးသိန်းလွင် (၅၇)နှစ်၏ ပုပ်ပွနေသောအလောင်းအား တွေ့ရှိကြသဖြင့် ရွာသို့ပြန်လာပြီး ရာအိမ်စုမှူး ကိုထွန်းထွန်းထံ ပြော ပြကြရာကိုထွန်းထွန်းက ဆွာနယ် မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ် သောင်းစံနှင့်အဖွဲ့သည် သက်သေများ အားခေါ်၍ သွားရောက်စစ်ဆေးခဲ့ပြီး ဦးသိန်းလွင်မှာ လွန်ခဲ့သည့်ငါးလခန့်က မိန်းမဖြစ်သူနှင့်ကွဲကာ ဂုံမင်းကွင်း ကျေးရွာအုပ်စုမြောက်ဘက် တစ် မိုင်ခန့်အကွာရှိ ဗိုလ်မှူးတောင်ကြောပေါ်တွင် သွားရောက်နေထိုင်ခြင်းဖြစ်ပြီး ယခုသေဆုံးမှသာ အလောင်း အားတွေ့ရှိရခြင်းဖြစ်ကြောင်း သိရ သည်။

ရေတာရှည်မြို့နယ်တွင် ယခုသေ ဆုံးသူသည် သေမှုသေခင်းဖြင့်သေဆုံး သူ ၂၀ ဦးမြောက်ဖြစ်ပြီး တောင်ငူ ခရိုင် အနေဖြင့် သေမှုသေခင်းဖြင့်သေဆုံးသူ ၁၀၃ ဦးမြောက်ဖြစ်ကြောင်း သိရ သည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment