Pages

Wednesday, September 18, 2013

ချင်းပြည်နယ် မြွေတောင်ဖားတောင်မှ နီကယ်များ ကုမ္ပဏီတစ်ခုက တရားမဝင်ခိုးထုတ်ခြင်းများရှိခဲ့ဟု စွပ်စွဲ


ချင်း ပြည်နယ် မြွေတောင်ဖားတောင်မှ နီကယ်များကို ကုမ္ပဏီတစ်ခုက တရားမဝင် ခိုးထုတ်ခြင်းများရှိခဲ့ ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ ကိုကျော် သက်ဝင်းက ထုတ်ဖော်ပြောကြား သည်။
လက်ရှိတွင်လည်း အဆိုပါ ဒေသ၌ နီကယ်ထုတ်ယူမည့်စီမံ ကိန်းတစ်ခုကို မြောက်ပိုင်း သတ္တု တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သည့် မိုင်းနင်းကုမ္ပဏီ မှ အကောင်အထည်ဖော်ရန် စီ စဉ်လျက်ရှိကာ ကင် ဘိုကုမ္ပဏီ မှာမူ ယခင်ကတည်းက နီကယ် တရားမဝင်ခိုးထုတ်နေခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ထုတ်ယူမှု များကို ဒေသခံများပင် သိရှိခြင်း မရှိခဲ့ကြောင်း ယင်းကဆိုသည်။

''ဒီလိုထုတ်နေခဲ့တာကို အစိုးရက သိမသိတော့ မသိဘူး။ သူတို့ထုတ်တာ ဒေသခံတွေတောင် မသိဘူး။ ၂၀၀၅-၂၀၀၆ ခုနှစ် လောက်ကထုတ်တာပါ။ ညပိုင်း မှာ ကွန်တိန်နာတွေနဲ့ထုတ်တာ ပါ။ နောက်ပိုင်းမှာ ဒေ သခံတွေ ရိပ်မိသိရှိလေ့လာတာတွေကြောင့် ဆက်ပြီးမထုတ်ကြတော့တာပါ'' ဟု ကိုကျော်သက်ဝင်းက ထပ်မံ ပြောသည်။

ယင်းခရိုမိုက်ထုတ်ယူမှုကို တရုတ်ကုမ္ပဏီမှ ထော်လာဂျီတစ် စီးလျှင် ငွေကျပ် ၃၀၀၀ဝပေး၍ ဝယ်ယူ ကြောင်း၊ မင်းလှကျေးရွာ ဥက္ကဋ္ဌမှ အလုပ်သမားရှာဖွေပေး မှုများပြုလုပ်ခဲ့သည်ကိုတွေ့ရှိရ ကြောင်း၊ လက်ရှိ တွင် ခိုးထုတ်ယူ နေခြင်းများ မရှိတော့ကြောင်း သိရသည်။

ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က ''အဲဒီလိုမျိုး တရားမဝင်တူးဖော်နေတယ်ဆို တဲ့သတင်းတွေကို အတည်ပြုဖို့ ခက်ခဲပါတယ်။ ၂၀၀၆ခုနှစ်မှာ အဲ ဒီကုမ္ပဏီက သတ္တုတူးဖော်ဖို့အ တွက် အစမ်းတူးပြီး နမူနာ ယူခဲ့တာ တွေရှိပါတယ်''ဟု ပြောသည်။

လက်ရှိနီကယ်ထုတ်ယူမှု စီမံကိန်းလုပ်ဆောင်မည့် မိုင်းနင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ယခင်က တရုတ်ကုမ္ပဏီတစ်ခုမှ မြွေတောင်တွင် ဦးစွာ စမ်းသပ်တူး ဖော်ရှာဖွေမှုများ ပြုလုပ်ခဲ့ဖူး ကြောင်း၊ ယင်းကုမ္ပ ဏီမှာ လျှပ်စစ် အခက်အခဲကြောင့် ရှာဖွေရေးများ ပြုလုပ်ပြီး ရုပ်သိမ်းသွားခဲ့ကြောင်း ကို ဒေသခံရွာ သား များ သိရှိကြကြောင်း ပြောသည်။

''အရင်ကုမ္ပဏီလုပ်သွား တာနဲ့ ကျွန်တော်တို့ကုမ္ပဏီကိုမှား ပြီးပြောနေကြတာပါ။ အဲဒီကုမ္ပဏီ နာမည်က ခင်ပေါင်ကုမ္ပဏီဆို လားပဲ။ ရွာသားတွေ အကုန်သိပါ တယ်။ သူတို့တောင် ဝင်အလုပ် လုပ်ခဲ့ကြသေးတယ်။ အဲဒီကုမ္ပဏီ လုပ်ခဲ့တဲ့ ခြေရာလက်ရာတွေကျန် ခဲ့သေးတယ်။ မသိဘဲ နားစွန်နား ဖျားကြားပြီးတော့ ပြော နေတာ။ အဲဒီဒေသကလူမဟုတ်လို့ပါ''ဟု ယင်းကဆက် လက်ပြောသည်။

Ref....Yangon Media Group

0 comments:

Post a Comment