ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့်မင်းဘူးမြို့ပေါ် ရပ်ကွက်တချို့ ရေနစ်မြုပ်ခဲ့ရကြောင်း သတင်းရရှိ သည်။ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ မန်းဆည်ရေလွှတ်မှုကြောင့် ယခုကဲ့သို့
ရေကြီးရခြင်းဖြစ်ပြီး နှစ်ပေါင်းခုနစ်နှစ် ခန့် အတွင်း ယခုကဲ့သို့
ရေကြီးမြင့်မှုနှင့် ကြုံတွေ့ခဲ့ ရခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
”လွန်ခဲ့တဲ့ နှစ်ရက်လောက်က တည်းက ရေစတက်လာတာ။ ညက တော့ အသံချဲ့စက်နဲ့
လိုက်အော်တယ်၊ ဆည်က ရေမနိုင်လို့ နည်းနည်းချင်း ဖောက်ချမယ် လို့ပြောတယ် ” ဟု
ရေဘေးသင့် ပြည်သူတစ်ဦးက ပြော သည်။
မြစ်ရေကြီးမြင့်မှု နောက်ထပ်သုံးရက် ကြုံတွေ့နိုင်သေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အချို့ အိမ်များမှာနေထိုင်၍ရသဖြင့် သွားလာရေး လွယ် ကူနိုင်ရန် ကိုယ်ပိုင်လှေများ၊ အငှားလှေ များဖြင့် သွား လာနေကြရသည်။
”ရေတက်တာက ကိုင်းစိုက်တောင် သူတွေအတွက်တော့ ကောင်းတယ်ဗျ၊ နုန်းလည်း
တင်တယ်၊ ကြွက်ရန် လည်းကင်းပြီးသားဖြစ်တာပေါ့၊ ကုန်းပေါ်နေသူတွေ
ကတော့ဒုက္ခပေါ့ဗျာ” ဟု ရေလုပ် သားတစ်ဦးက ‘တော် ရာကို ပြောင်းနေ ရမယ့်ဘဝပါ’ဟု
အော်ဟစ်ရင်းရှင်းပြ နေခဲ့သည်။
မင်းဘူးမြို့ ဓာတ်တော်ကုန်းဓမ္မာ
ရုံ၊ ချမ်းသာကြီးကျောင်းဝင်းနှင့်အထက ကျောင်းဝင်းများတွင် ရေဘေးဒုက္ခသည်
စခန်းများ ဖွင့်လှစ်ထားရှိပြီး မိသားစု ၂ဝဝ
ဝန်းကျင်ပြောင်းရွှေ့ထားကြောင်းသိရသည်။
”ကျွန်တော်တို့
ဒီမှာအိမ်သာတွေ စတင်ဆောက်လုပ်ထားပြီးပါပြီ။ စည် ပင်က သောက်သုံးရေဂါလန် ၆ဝဝ
လောက် ပို့ဆောင်ထားပါတယ်။ စည်းကမ်းတကျ နေထိုင်နိုင်အောင် ကျွန်တော်တို့
ဘုရား ဂေါပကနဲ့ ပြည် သူ့ ရဲများက လုံခြုံရေးပါ တာဝန်ယူစောင့်
ရှောက်ပေးနေပါတယ်” ဟုဆယ်အိမ်မှူး ဦးထွန်းမြင့်က ပြော ပြခဲ့သည်။
ရေဘေးသင့် ရပ်ကွက်များတွင် နေထိုင်သူအများစုမှာ လက်လုပ်လက် စား နှင့်သဲ၊
ကျောက်လုပ် သားများ နေထိုင်သည်ဖြစ်၍ သောက်သုံးရေဖူလုံ သော်လည်း လုပ်ငန်းများရပ်နားထားရသဖြင့် ဝင်ငွေမရရှိသော ကြောင့် စားဝတ် နေရေး အခက်တွေ့လျက်
ရှိကြောင်း သတင်းရရှိသည်။
ဦးမင်း
Popular Myanmar News Journal
0 comments:
Post a Comment