ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့နယ်ခွဲ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် ပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ(၂၆)ရက် နံနက်(၁၁)နာရီ တွင် ပေါ့အင်ကျေးရွာအုပ်စု၊ ထီရွေး- ထီရဲုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း ထွန်း၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်းနှင့် ဦးခွန်အောင်နိုင်ဦးတို့က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)
0 comments:
Post a Comment