Pages

Sunday, September 29, 2013

တောင်ကြီးတွင် ဆေးတက္ကသိုလ်တည်ဆောက်ပေးမည်


မြန်မာနိုင်ငံ၏တောင်တန်းဒေသ တစ်ခုဖြစ်သောရှမ်းပြည်နယ်(တောင် ပိုင်း)ဒေသ၌ ဆေးတက္ကသိုလ်ကြီး တစ်ခု တည်ဆောက်ဖွင့်လှစ်သွားရန် စီစဉ်နေ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာ ဦးစီး ဌာနက ကြေညာ ချက် တစ်ရပ်ထုတ်ပြန်ထားသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)ကို တည်ဆောက်ဖွင့်လှစ်သွားရန် စီစဉ် နေပြီဖြစ်ကြောင်း၊ ဆေးတက္ကသိုလ် (တောင်ကြီး) တည်ဆောက်မည့် လုပ်ငန်းခွင်တွင် အဓိကအားဖြင့် ပင်မ ဆောင်ကြီးအပြင် အမှုထမ်းနှင့် အရာ ထမ်းဝန်ထမ်းအိမ်ရာများပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ကျန်းမာ ရေးဝန်ကြီး ဌာန ဆေးသိပ္ပံပညာဦးစီးဌာနမှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ယခုထက် ပိုမိုမြှင့် တင်သွားရန် စီစဉ်လျက်ရှိရာ တစ်ဖက် မှတိုင်း ဒေသကြီးနှင့် ပြည်နယ်များ ရှိဆေးရုံများအတွက် ဆေးဝါးဘတ် ဂျက်များတိုး မြှင့်ချပေးလျက်ရှိသည့် အပြင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ဆရာဝန်များ မွေးထုတ် ပေးသွားရန်ပြင်ဆင်လျက်ရှိသည်။
ဆေးတက္ကသိုလ်(တောင်ကြီး)ကို တည်ဆောက်ဖွင့်လှစ်လိုက်ခြင်းဖြင့် တောင်တန်းဒေသနေ ကျောင်းသား ကျောင်းသူများ ဆေးတက္ကသိုလ်သို့ အိုးမကွာအိမ်မကွာ တက်ရောက်နိုင် တော့မည်ဖြစ်သည်။
ဤဒေသ၌ ဆေးတက္ကသိုလ်ဖွင့် လှစ်နိုင်ခြင်းကြောင့် တောင်တန်း ဒေသနေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း ပိုမိုတိုးတက် ရရှိလာနိုင်သည်။ ဆေးတက္ကသိုလ် ဆင်းဆရာဝန် အများအပြား ဤ ဒေသ၌ ပေါ်ထွန်းလာနိုင်သည်။
မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် များကို ရန်ကုန်၊ မန္တလေး၊ မကွေး စသော မြို့ကြီးများ၌ ဖွင့်လှစ် သင်ကြားလျက်ရှိရာမှ တောင်တန်း ဒေသတွင် ဆေးတက္ကသိုလ်ကြီးတစ်ခု ပေါ်ထွန်းလာမည်ဖြစ်သည်။ ယခု ကဲ့သို့ မြန်မာနိုင်ငံတွင် ဆေးတက္က သိုလ်တစ်ခု တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ် လိုက်ခြင်းကြောင့် ဆရာဝန်ဘွဲ့ရများ ပိုမိုများပြားလာကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို ပေးနိုင်တော့မည်ဖြစ်သည်။

သတင်းမှတ်စု-ကြံတိုင်းအောင်
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 

0 comments:

Post a Comment