၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူနေ အိမ်အောက်ထပ်ရှိ ၎င်းတို့ ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် မြန်မာ အမျိုးသား ပုံသဏ္ဍာန်၊ အသက်(၅၀)နှစ်ခန့်ရှိ လူတစ်ဦး ရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာ အရုပ်ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ်
အဆိုပါအမျိုးသားမှ ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာ သော ပလပ်စတစ်အိတ်ဖြူဖြင့် ပတ်ထားသည့် ချွန်ထက်သော အရာဖြင့် ထိုး၍ ထွက်ပြေးသွားကြောင်း၊ ဒေါ်ခိုင်သဇင်မျိုးမှ သူခိုးဟုအော်ပြီးနောက်မှလိုက်စဉ် ဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်ကျော်ခန့်၌ ရပ်ထား သည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့ တက်ကာမောင်းနှင်ထွက်ပြေးသွားကြောင်း၊ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကု သနေရသောကြောင့် ဒေါ်ခိုင်သဇင်မျိုးမှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ တောင်ဥက္ကလာပ မြို့မရဲစခန်း (ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
0 comments:
Post a Comment