ဒီဇာတ်ကားက အဟောင်းလေးပါ ၁၉၉၄ အမေရိကန် လူငယ်တစ်ဦးဘ၀ ဇာတ်ကြောင်းရိုက်ထားတာပါ၊၊ Forest Gump လို့နာမည်ကြီးတယ်၊၊ အော်စကာဆုတွေရတယ်၊၊ အဲဒီထဲက ကျုပ်အကြိုက်ဆုံးအခန်း က တော့ run forest run ဆိုတဲ့ ပြကွက်လေးဖြစ်ပါတယ်၊၊ ဒူးခေါက်ကွေး မခိုင်တဲ့လူငယ်လေးနာမည်က Forest ပါ၊၊ အကူပစ္စည်းတွဲချည်ပြီးမာ့တော့မော့တော့ လမ်းလျှောက်ရပါတယ်၊၊ ကွေးမရတော့ ပြေးမရ ဘူး ပေါ့ဗျာ၊၊ကျောင်းမှာ အမြဲနှိပ်စက်ခံရတတ်တယ်၊၊ သူ့မှာ (သူ့ချစ်သူဖြစ်လာမယ့်သူငယ်ချင်းမိန်းကလေး) ရှိ တယ်၊၊ တစ်နေ့သူတို့နှစ်ယောက်လမ်းေ လျှာက်နေတုန်း ကျောင်းနေဖက် ခပ်ဆိုးဆိုးကလေးတစ်သိုက်ရော က်လာပြီး Forest ကိုခဲနဲ့ ပစ်ပေါက်ကြပါတယ်၊၊
Forest သူငယ်ချင်းက မိန်းကလေးဖြစ်နေတော့ မကူညီနိုင်ဘူး၊ ပြေးဖို့ပဲကျန်တော့တယ်၊၊ အဲဒီအချိန်မှာ မပြေးလို့မဖြစ်တော့ဘူး၊၊ မိန်းကလေးက အော်လိုက်တယ်....“ ပြေး...ဖောရက်စ်...ပြေး ” အဲဒီစကားလုံးက ကမ္ဘာကျော်သွားတယ်၊၊ မရည်ရွယ်ဘဲလျက်နဲ့ ဇွတ်ပြေးကြည့်လိုက်တော့ ခြေထောက်အထိန်းတုတ်တွေကျိုး ထွက်သွားပြီးဒူးခေါက်ကွေးလည်း ကွေးလို့ရသွားတယ်၊၊ သူမြန်မြန်ပြေးနိုင်ပြီ၊၊
နောင်အဲဒီလူငယ်က စစ်မှုတောင်ထမ်းလိုက်သေးတယ် ၊၊ အမေရိကားတောင်နဲ့မြောက် ပေါက်အောင်ပြေး နိုင်ခဲ့ တယ်၊ ၊ ဆိုလိုချင်တာက လူတွေကိုထိန်းထားတဲ့အခက်အခဲဆိုတာရှိတယ်၊၊ သို့သော် အဲဒီအခက်အခဲ ကို ကျိုးထွက်သွားစေမယ့်တွန်းအားတစ်ခု (အခြေအနေတစ်ခု) မှာ မယုံနိုင်အောင် ပြောင်းလဲသွားစေ တယ်တွန်းအားတွေကို မကြောက်ပါနဲ့၊၊ မလုပ်ဖူးတဲ့အလုပ်တစ်ခုကို လုပ်ကြည့်ဖို့မတွန့်ဆုတ်ပါနဲ့၊၊ အထူး သတိထားရမှာက အဲဒီအလုပ်က အကောင်းဘက်ကိုသွားမယ့် အလုပ်မျိုးဖြစ်သင့်ပါတယ်နော်၊၊
သူငယ်ချင်းတွေကိုလည်းအားပေး ချင်ပါတယ် “ပြေး..တယ်ရင်း...ပြေး”
0 comments:
Post a Comment