ပြီးခဲ့သည့် ဇူလိုင်လကုန် မူဆယ်တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင် တွေ့ရသည့် ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ်ရှိ တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် ( TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ကြား ယမန်နေ့ ညနေပိုင်း အချိန်တွင် ရင်ဆိုင် တိုက် ပွဲငယ် ဖြစ်ပွား ခဲ့ကြောင်း (TNLA ) ၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ပြောသည်။
“မနေ့က ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ လှုပ်ရှားစဉ် လာရောက်တိုက်ခိုက်လို့ တိုက်ပွဲပြန်ဖြစ်တယ်။ နှစ်ဖက် ထိ ခိုက်မှုတွေရှိခဲ့တယ်။ ကျနော်တို့ တပ်စခန်းတွေကို အစိုးရတပ်တွေက လာရောက်တိုက်နေမှာတော့ နောက် ထပ် တွေ့ဆုံဆွေးနွေးပွဲအတွက် ကြန့်ကြာစေလိမ့်မယ်” ဟု ၄င်းမှ ဆိုသည်။
ကျောက်မဲ မြို့နယ် စုန်ဟင်ကျေးရွာ အနီးရှိ တအာင်း (TNLA) ၂၅၆ တပ်ဖွဲ့တို့က နမ့်လန် အခြေစိုက် အစိုးရ တပ်ဖွဲ့ခမရ (၅၀၆) တပ်ဖွဲ့ တို့နှင့် ယမန်နေ့ ညနေ ၇ နာရီ အချိန်တွင် ၁၅ မိနစ်ခန့် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ သည်။
အစိုးရ တပ်ဘက်က ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ တအာင်း TNLA တပ်ဖွဲ့ ဘက်က ၁ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းလည်း ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။ ၄င်းနောက် အစိုးရ တပ်ဖွဲ့ဘက် က ပြန်လည်ဆုတ်ခွာလိုက်သောကြောင့် တိုက်ပွဲရပ်ဆိုင်းသွားပါသည်။ ဤတိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ် သက်ပြီး ရှမ်းပြည် မြောက်ပိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး အောင်သူထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။
အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် တအာင်း TNLA ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံပွဲ ကျင်းပပြီးနောက် ၂၆ ရက် အကြာမှာ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ပေါင်း (၄) ကြိမ်ခန့် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်။ တွေ့ဆုံစဉ် ကာလမှာ တအာင်း ကိုယ်စားလှယ် အဖွဲ့ ဘက်က တောင်းဆိုထားသည့် အချက် ၉ ချက် အထဲမှ နှစ်ဖက် လက်နက် ကိုင် ပဋိပက္ခ ထိတွေ့မှု လျော့ချရန် ပါရှိခဲ့သည်။
သို့သော် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက လာမည့် သြဂုတ်လ (၁၀) ရက်နေ့တွင် အပစ်အခတ် ရပ် စဲရေး လက်မှတ်ထိုးပွဲ ကျင်းပရန် နှစ်ဖက်တွေ့ဆုံစဉ် ကမ်းလှမ်းချက်များ ရှိခဲ့သော်လည်း တအာင်း ကိုယ် စားလှယ် အဖွဲ့ တို့နှင့် သြဂုတ်လ (၂၇ ) ရက်နေ့သို့ ရောက်ရှိ လာခဲ့သည့်တိုင်အောင် ပြန်လည်တွေဆုံ နိုင် ခဲ့ခြင်း မရှိပေ။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၀) ရက် နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ဦးအောင်မင်း ခေါင်ဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့် အလွတ်သ ဘောတွေ့ဆုံ ခဲ့သည်။ နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ တို့၏ ပြည်နယ် အဆင့် တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့က ရှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ သို့သော် နှစ်ဖက် ရင် ဆိုင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
Res...shannews
0 comments:
Post a Comment