Pages

Wednesday, August 28, 2013

ကယ်လီဖိုးနီးယားတောမီး အနီးအနားဒေသများသို့ပါ ကူးစက်ပျံ့နှံ့



  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ယိုဆမ်းမတီးအမျိုးသားဥယျာဉ် (Yosemite National Park) အနီးတွင် မီးလောင် ကျွမ်းလျက်ရှိရာ ကြီးမားသည့် မီးတောက်များမှာ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိနေပြီး ယခုအခါတွင် ဧရိယာစတုရန်းမိုင် ၂၃၀ ခန့် အတွင်းတွင် လောင်ကျွမ်းလျက်ရှိနေသည်ဟု တာဝန်ရှိသူ များကဆိုကြောင်း သြဂုတ် ၂၇ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

မီးလောင်မှု၏ အကျိုးဆက်တစ်ခုအဖြစ်၊ ဆန်ဖရန်စစ္စကို (San Francisco) သို့ ရေအားလျှပ်စစ် ဓာတ် အားနှင့်ရေများ ဖြန့်ဖြူးပေးaနသည့် အဓိကရေလှောင်ကန်ကြီး တစ်ခုပေါ်သို့လည်း ပြာများ အလုံးအရင်း ဖြင့်ကျရောက်လာခဲ့သည်။

ထို့ကြောင့် ရေများအား အောက်ဘက်ဒေသရှိ ရေလှောင်ကန်များဆီသို့ ပြောင်းရွှေ့နေကြောင်းနှင့် ဖြန့် ဝေနေသည့်ရေများ ညစ် ညမ်း မှုရှိမရှိ စောင့်ကြည့်နေသည်ဟု မြို့အာဏာပိုင်များက ဆိုခဲ့သည်။

ထောင်ပေါင်းများစွာသော အိမ်များနှင့် ကယ်လီဖိုးနီးယား၏ ပြယုဂ်ဖြစ်သည့် ဆီကွိုင်ယာ (Sequoia) သစ်ပင်ကြီးတချို့ကိုလည်း မီးတောက်များက ခြိမ်းခြောက်လျက် ရှိနေသည်။

လေပြင်းများ တိုက်ခတ်နေမှုကြောင့်လည်း မီးလောင်ကျွမ်းခြင်းကို ထိန်းချုပ်ရ ပိုမိုခက်ခဲနေသည်။

“အခြားနေရာတွေကို မီးတွေဆက်လက်ကူးစက်နိုင်တဲ့ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်” ဟု ကယ် လီဖိုးနီးယား သစ်တောလုပ်ငန်းနှင့် မီးဘေးကာကွယ်ရေးဌာနမှ ဒန်နီယဲလ်ဘားလန့် (Daniel Berlant) ကဆိုသည်။

BBC

0 comments:

Post a Comment